သဘာဝအလှဆင်မှုများ ခေတ်စားလာသဖြင့် ဆန်းသစ်တီထွင်ထားသော ဝါးထုတ်ကုန်ပစ္စည်း များ ဝယ်လိုအား မြင့်တက်လာ

  • Wed, 29 May 2024

သဘာဝအလှဆင်မှုများ ခေတ်စားလာသဖြင့် ဆန်းသစ်တီထွင်ထားသော ဝါးထုတ်ကုန်ပစ္စည်း များ ဝယ်လိုအား မြင့်တက်လာ


မြို့ကြီးမြို့ငယ်များစွာတွင် ဝါးလက်မှုပစ္စည်းများဖြင့် အလှဆင်မှုများ တွင်ကျယ်လာသည့် အတွက် ပြည်တွင်းဈေးကွက်တွင် ဆန်းသစ်တီထွင်ထားသော ဝါးထုတ်ကုန်ပစ္စည်းများ ဝယ်လိုအား မြင့်တက်လာလျက်ရှိကြောင်း ဝါးလက်မှုပညာရှင် ဦးကျော်ဝင်းက ပြောကြားခဲ့ပါသည်။

မကြာသေးမီနှစ်များအတွင်း ဆိုင်အလှဆင်ခြင်းများတွင် ရိုးရာဝါးထုတ်ကုန်များသည် ပိုမို ပျံ့နှံ့လာခဲ့ပြီး အချို့မှာသဘာဝအလျောက် လှပသောလက်မှုပစ္စည်းများဖြင့် တန်ဆာဆင်ကြပါသည်။

ရိုးရာထုတ်ကုန် (သို့) ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်များ ဖြစ်စေကာမှု ဝါးနှင့် လက်မှုပစ္စည်း နှစ်မျိုးစလုံးသည် အရောင်းအဝယ်ကောင်းလျက် ရှိပါသည်။ ဝယ်သူများ၏ စိတ် ဝင်စားမှုသည် တဖြည်းဖြည်း မြင့်တက်လာလျက်ရှိပါသည်။ မြို့ကြီးမြို့ငယ်များစွာတွင် ဝါးဖြင့် ပိုမို အလှဆင်လာကြသည်ကို တွေ့ရှိရပါသည်။ ဝယ်လိုအားလည်း မြင့်တက်လျက်ရှိပါသည်။ ပြည်တွင်း ဝါးဈေးကွက်သည် ပြည်ပဈေးကွက်ထက် ပိုမိုမြင့်မားလျက်ရှိပါသည်။ ဒေသတွင်း၌ ပိုမိုအရောင်း အဝယ်ဖြစ်ပြီး ယခုအချိန်တွင် ကုန်ကြမ်းရရှိနိုင်သော်လည်း နောက်ပိုင်းတွင် ကုန်ကြမ်းအခက်ခဲ ဖြစ်နိုင်ကြောင်း သူကပြောပါသည်။

ဝါးများကို ဆန်းသစ်တီထွင်ထုတ်လုပ်သူများသည် ပြည်ပမှ မှာယူမှု့အချို့ ရှိသော်လည်း တင်ပို့ခြင်းမရှိဘဲ ဒေသတွင်းဈေးကွက်၌သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ဂျပန်နိုင်ငံတွင် ဆိုင်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားတစ်ဦးသည် ဝါးလက်မှု ပစ္စည်းများ အော်ဒါမှာယူခဲ့သော်လည်း ပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ ၎င်း ဆိုင်ရှင်သည် ဒေသတွင်း ထွက်ကုန်များအား စုဆောင်း၍ ဂျပန်နှင့် ဥရောပဈေးကွက်သို့ ရောင်းချရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် အဆိုပါပစ္စည်းများ ပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လက်ရာကောင်းသော လက်မှုပညာရှင်များသည် ပြည်တွင်းအော်ဒါများနှင့် အလုပ်ရှုပ် လျက်ရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့သည် ပြည်ပသို့ ရောင်းချနိုင်ခြင်း မရှိခဲ့ကြောင်း ဝါးလက်မှု ပညာရှင် ဦးကျော်ဝင်းက ပြောကြားခဲ့ပါ သည်။

လက်ရှိတွင် အချို့သောဒေသများ၌ တောင်ယာခုတ်ထွင်ရှင်းလင်းစိုက်ပျိုးခြင်း (ရွှေ့ပြောင်း တောင်ယာစနစ်) နှင့် ဝါးနုမျှစ်များ အလွန်အမင်း ချိုးယူမှုတို့ကြောင့် ဝါးပြတ်လပ်မှု အခြေအနေများ နှင့် ကြုံတွေ့နေရသည့်အတွက် ပုဂ္ဂလိက ဝါးစိုက်ပျိုးခြင်းများကို အားပေးရန် လိုအပ်လာကြောင်း (၂၃-၅-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/innovative-bamboo-products-find-growin g-demand-in-local-market-as-natural-decorations-spread/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ