GACC အတွက် (၂)နှစ်ခွဲအတွင်း အစားအသောက်ကုမ္ပဏီနှင့် စက်ရုံပေါင်း (၁၅၅၀)ကျော် လျှောက်ထား

  • Wed, 29 May 2024

GACC အတွက် (၂)နှစ်ခွဲအတွင်း အစားအသောက်ကုမ္ပဏီနှင့် စက်ရုံပေါင်း  (၁၅၅၀)ကျော် လျှောက်ထား


မြန်မာနိုင်ငံရှိ စားသောက်ကုန်ကုမ္ပဏီများ နှင့် စက်ရုံများမှ ထုတ်လုပ်သော စားသောက်ကုန်များကို ရန်ကုန်မြို့ရှိ စူပါမားကတ်များတွင် ရရှိနိုင်ပါသည်၊၊

လွန်ခဲ့သည့် နှစ်နှစ်ခွဲကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့(GACC)သို့ မြန်မာစားသောက်ကုန်နှင့် စက်ရုံအလုပ်ရုံစုစုပေါင်း (၁၅၅၀)မှ လျှောက် လွှာပေါင်း (၃၀၀၀)ကျော် တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

GACC ၏အမိန့် (၂၄၈)နှင့် (၂၄၉) အရ GACC သည် (၂၀၂၂) ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ စားသောက်ကုန်တင်ပို့သူများအတွက် မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်သည်။

စားသုံးဆီ၊ ဆီထွက်သီးနှံများ၊ ဂျုံ နှင့် မုန့်လုပ်ပစ္စည်းထွက်ကုန်များ၊ စားသုံးနိုင်သော ငှက်သိုက် နှင့် ဆက်စပ်ပစ္စည်းများ၊ စားသုံးနိုင်သော အစေ့အဆန်များ၊ အစေ့အဆန်များ ကြိတ်ခွဲသည့် စက်မှုထုတ်ကုန်များနှင့် မုယောမှုန့်၊ လတ်ဆတ်ပြီး အခြောက်ခံထားသော ဟင်းသီး ဟင်းရွက်များ၊ ပဲဆန်ခြောက်များ၊ အပင်မျိုးစိတ်များ၊ အခွံမာသီးများ နှင့် အစေ့များ၊ သစ်သီးခြောက် များ၊ ကော်ဖီစေ့စိမ်း နှင့် ကိုကိုးစေ့များ၊ နို့အသုံးမပြုထားသော အထူးအစားအစာများ၊ လုပ်ငန်းသုံး အစားအစာများ၊ ပျားထွက်ကုန်များ၊ လယ်ယာနှင့်ရေထွက်ပစ္စည်းထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ နှင့် တိရစ္ဆာန်အစာများနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ အပါအဝင် ၎င်းတို့၏ ကုန် ပစ္စည်းများကို တရုတ်နိုင်ငံ ဈေးကွက်တွင် ထားရှိရန်အတွက် GACC လိုင်စင် လျှောက်ထားရန် လိုအပ်ပါသည်။

GACC ဖြင့် မှတ်ပုံတင်ရန်အတွက် သက်ဆိုင်ရာလုပ်ငန်းဆောင်ရွက်ခွင့်ရှိသော အဖွဲ့အစည်း များမှာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ဖြစ်သည်။  (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၂၀၂၄) ခုနှစ်၊ မေလ(၅)ရက်နေ့အတွင်း စက်ရုံပေါင်း (၁၅၅၀)မှ လျှောက်လွှာ (၃၀၉၂)ခု GACCသို့ လျှောက်ထားခဲ့ပြီး ၎င်းတို့အနက် စိုက်ပျိုးရေး ဦးစီးဌာနမှ (၂၉၃၅)စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ (၁၃၄)စောင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ (၁၄)စောင် နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ (၉)စောင် ပေးပို့ခဲ့သည်။

တင်ပို့သူများသည် အထက်ဖော်ပြပါ (၁၈) အုပ်စုတွင်ဖော်ပြထားခြင်းမရှိသော အစားအစာ အုပ်စုများအတွက် အကောင့်များဖန်တီး၍
https://cifer.singlewindow.cn မှတဆင့် China International Trade Single Window သို့ တိုက်ရိုက်ဝင်ရောက်နိုင်ပါသည်။
(၂၀၂၄) ခုနှစ် မေလ (၃)ရက်နေ့အထိ၊ စုစုပေါင်း လျှောက်လွှာ (၁၀၂၉) စောင်သည် GACC တွင် ဆောင်ရွက်ခွင့်ရှိသောအဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် မှတ်ပုံတင်ခြင်း အောင်မြင်ခဲ့ပါသည်။

တင်သွင်းသည့် ကုမ္ပဏီများအား မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ GACC လက်အောက်ရှိ တိရစ္ဆာန်နှင့် အပင်ပိုးမွှား ထိန်းချုပ်စစ်ဆေးရေး ဦးစီးဌာနမှ တင်သွင်းလာသော အစေ့အဆန်များ (ကော်ဖီစေ့၊ ကိုကိုးစေ့၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ စားသုံးနိုင်သော အစေ့ အဆန်များ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် ဆေးဖက်ဝင်အပင်များ တိရစ္ဆာန်ထွက်ပစ္စည်းများ)အား ၎င်းတို့၏ မူလဇစ်မြစ်များကို ထိန်းချုပ်စစ်ဆေးသွားမည်ဖြစ်ပါသည်၊၊

ကုမ္ပဏီများသည် မှတ်ပုံတင်ခြင်းအား တိုက်ရိုက်မဆောင်ရွက်နိုင်သည့်အပြင် သက်ဆိုင်ရာ ဆောင်ရွက်ခွင့်ရှိသောအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှတဆင့် dapq@customs. gov.cn သို့ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သို့မဟုတ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ စာပေးပို့ခြင်းဖြင့် လုပ်ဆောင်ရန် လိုအပ်ပါကြောင်းအား (၂၃.၅.၂၀၂၄) ရက်တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်၊၊

Source    https://www.gnlm.com.mm/1550-food-companies-factories-apply-for-gacc-in-2-5-years/
တင်ပြသူ     ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ မေလ (၂၉) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ