မိုးဦးကာလ လက်ဖက်ခြောက်များသည် အထွက်နှုန်း မြင့်မားသော်လည်း ကြိုက်နှစ်သက်မှု နည်းပါး

  • Wed, 5 June 2024

မိုးဦးကာလ လက်ဖက်ခြောက်များသည် အထွက်နှုန်း မြင့်မားသော်လည်း ကြိုက်နှစ်သက်မှု နည်းပါး


မိုးဦးကာလ လက်ဖက်ခြောက်များသည် အထွက်နှုန်း မြင့်မားသော်လည်း ကြိုက်နှစ်သက်မှု နည်းပါးမိုးဦးကာလဖြစ်သဖြင့် လက်ဖက်ရွက်များ အထွက်နှုန်း တိုးလာသော်လည်း ဝယ်ယူသုံးစွဲ သူများသည် မိုးဦးကာလတွင် ထွက်ရှိသည့် လက်ဖက်ခြောက်ကို မနှစ်သက်ကြကြောင်း လက်ဖက်စိုက် တောင်သူများထံမှ သိရှိရပါသည်။

မိုးဦးကာလတွင် အရွက်နုထွက်လွယ်သော်လည်း နေလှန်းချိန်ပိုမိုကြာမြင့်ပြီး လက်ဖက်ရွက် အရည်အသွေးမှာ အနည်းငယ်နိမ့်သောကြောင့် ဝယ်လိုအား ကျဆင်းဖွယ်ရှိပါသည်။

လက်ဖက်ခြောက် ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း၊ မိုးရာသီရောက်ရှိလာပြီ ဖြစ်သဖြင့် ထုတ်လုပ်မှုမှာမြင့်တက်လာပြီး ဈေးနှုန်းကျဆင်းလာကြောင်း၊ ဇွန်လတွင် မိုးရွာသွန်းပါက ဝယ်ယူသူ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ မိုးရာသီတွင် ထုတ်လုပ်မှုအခြေအနေ ပိုမိုမြင့်တက်ကြောင်း၊ မိုးရွာသွန်းပါက အရွက်နုများ လှိုင်လှိုင်ပေါ် သော်လည်း နေလှန်းရချိန် ကြာမြင့်သည့်အပြင် ယခင်ကာလ၌ ထုတ်လုပ်ထားသည့်ပစ္စည်းကဲ့သို့ ရနံ့မသင်းပျံ့သဖြင့် ဝယ်သူ အချို့သည် မိုးရာသီတွင် ထွက်ရှိသည့် လက်ဖက်ခြောက်များကို ကြိုက်နှစ်သက်မှု မရှိကြကြောင်းကို ပင်လောင်းမြို့နယ်မှ လက်ဖက်တောင်သူ မတင်တင်ရီ၏ ပြောကြားချက်အရ သိရှိရပါသည်။

မေလတွင် ရာသီဥတု ပူပြင်းသဖြင့် ယခင်လများကဲ့သို့ပင် လက်ဖက်ခြောက်ရောင်းအား ကောင်းမွန်သည့်အပြင် ဈေးကောင်းလည်းရရှိခဲ့ကြောင်း၊ မေလတွင် လက်ဖက်ခြောက်ရောင်းအား ကောင်းမွန်ကြောင်း၊ မိုးရာသီတွင် လက်ဖက်ခြောက် ဝယ်ယူခြင်းမပြုလိုသူ အချို့သည် မိုးမကျခင် ကြိုတင် ဝယ်ယူလေ့ရှိကြကြောင်း၊ အဆိုပါကာလတွင် အဖူးများသည် ဝေဝေဆာဆာနှင့် လှိုင်လှိုင် ဖူးပွင့်ကြကြောင်း၊ အဆိုပါအစောပိုင်းကာလများတွင် လက်ဖက်ရွက်များသည် ရနံ့သင်းပျံ့သည့် အပြင် အရည်အသွေးပါကောင်းမွန်ကြောင်း၊ သင်္ကြန်မတိုင်မီကာလတွင် အများအပြား ဝယ်ယူလေ့ ရှိကြကြောင်း၊ ၎င်းကာလတွင် လက်ဖက်ရွက်အရည်အသွေးမှာ ကောင်းမွန်သည့်အပြင် ဝယ်ယူရန် ဈေးနှုန်းသင့်တော်ချိန်လည်းဖြစ်သဖြင့် ဝယ်ယူသူ များပြားကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။

တောင်သူများအနေဖြင့် ဈေးကောင်းရရှိရေးအတွက် လက်ဖက်ရွက်များ အချိန်မီခူးဆွတ်ပြီး အခြောက်ခံသည့် လုပ်ငန်းစဉ်ကို ကောင်းမွန် မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်းကို (၂၆. 

၅. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/despite-higher-yields-early-monsoon-dried-tea-leaves-lose-popularity/

တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ