မကွေးတိုင်းဒေသကြီးတွင် ဝါကြိတ်စက်များမှ ဝါမျိုးစေ့များ အရောင်းသွက်နေ

  • Wed, 5 June 2024

မကွေးတိုင်းဒေသကြီးတွင် ဝါကြိတ်စက်များမှ ဝါမျိုးစေ့များ အရောင်းသွက်နေ



စက်မှုသီးနှံဖြစ်သည့် ဝါများကို ဝါကြိတ်စက်များမှ ဝါစေ့များ ဝယ်လိုအား မြင့်မား နေကြောင်း မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးမှ သိရပါသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုတွင် ဝါစိုက်ဧရိယာ (၁၇၂,၇၉၃)ဧက ရှိပါသည်။ ဂန့်ဂေါမြို့နယ်တွင် ဝါစိုက်ဧက အနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

ဝါများကြိတ်ခွဲရာမှ ရရှိလာသော ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ပါသည်။ အကြော် လုပ်ငန်းများ လုပ်ကိုင်ကြသူတို့သည် ဝါကြိတ်စက်မှ ထွက်ရှိလာသော ဝါစေ့ဆီများကို ဝယ်ယူကြ ပါသည်။

ထို့နောက် ဝါလုပ်ငန်းရှင်များအသင်းမှ ဝါနှင့်ဝါထွက်ပစ္စည်းကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို မေလအစောပိုင်းက ပြုလုပ်ခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမ နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပံ့ပိုးသည့် ချေးငွေအစီအစဉ်တွင် အရည်အသွေးမီ မျိုးစေ့၊ စိုက်ပျိုးရေးနည်းစနစ်များ နှင့် ကော့သောင်း-ရနောင်း ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ပို့ကုန်များ တင်ပို့ရာ၌ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဒေါ်လာငွေမှ ပြည်တွင်း သုံးငွေအဖြစ် မဖြစ်မနေပြောင်းလဲ ခြင်းမှ ကင်းလွတ်ခွင့်ကို ရရှိထားပါသည်။

စက်မှုဝန်ကြီးဌာနသည် လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် A အဆင့် ချည်မျှင်ရှည်ဝါ ပိဿာ (၂.၉) သန်းနှင့် C အဆင့် ချည်မျှင်ရှည်ဝါ ပိဿာ (၁၀၀,၀၀၀)အပါအဝင် ပိဿာ (၃)သန်း ဝယ်ယူမည်ဖြစ်ကြောင်း (၂၈. ၅. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းအရ သိရှိရပါသည်။

Source https://www.gnlm.com.mm/magway-region-sees-brisk-sales-of-cottonseed-from-gins/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ