မုတ်သုံရာသီတွင် ငှက်ပျောသီးများ အဝင်နည်းသော်လည်း ဖီးကြမ်းငှက်ပျောများ ရောင်းအားကောင်းခဲ့

  • Wed, 12 June 2024

မုတ်သုံရာသီတွင် ငှက်ပျောသီးများ အဝင်နည်းသော်လည်း ဖီးကြမ်းငှက်ပျောများ ရောင်းအားကောင်းခဲ့


ယခုမုတ်သုံရာသီတွင် ငှက်ပျောသီးများ အဝင်နည်းနေသော်လည်း ဖီးကြမ်းငှက်ပျောများ ရောင်းအားကောင်းနေပါသည်။ မိုးရာသီသည် ငှက်ပျောစိုက်ရာသီဖြစ်ပြီး ယင်းကာလတွင် ငှက်ပျောသီးများ ဈေးကောင်းရပြီး ငှက်ပျောသီးလုံးများ ပြည့်ဝ ကောင်းမွန်စွာထွက်ရှိပါသည်။

အရောင်းအဝယ်အဆင်ပြေကြောင်း၊ ယခုအချိန်သည် ငှက်ပျောစိုက်ရာသီဖြစ်ကြောင်း၊ မိုးရာသီတွင် မြေဆီလွှာစိုစွတ်နေသောကြောင့် ရေလောင်းရန်မလိုအပ်ဘဲ အပင်များ ကျန်းမာ သန်စွမ်းကြောင်း၊ နွေရာသီနှင့် ခြောက်သွေ့ရာသီများတွင် ရေသွင်းရန် လိုအပ်သော်လည်း တောင်သူ များသည် ထိုအချိန်တွင် ငှက်ပျောမစိုက်ပျိုးကြကြောင်း၊ ယခုရာသီတွင် ငှက်ပျော စိုက်ပျိုးပါက ကောင်းမွန်လှပသော အသီးများရရှိနိုင်ကြောင်း ပျဉ်းမနားမြို့နယ်မှ ငှက်ပျောစိုက်တောင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။

ငှက်ပျောသီးသည် ပြည်တွင်းစားသုံးမှုရှိပြီး နိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများသို့ ဖြန့်ဖြူးပေး နေကြောင်း၊ ဖီးကြမ်းငှက်ပျောသည် လူအများစားသုံးကြကြောင်း၊  ရခိုင်ငှက်ပျောကို နတ်ပူဇော်သည့် အခမ်းအနားများတွင် အသုံးပြုကြကြောင်း၊ ဖီးကြမ်းငှက်ပျောသည် ရောင်းအားအကောင်းဆုံးဖြစ်ပြီး စျေးနှုန်းလည်း သင့်တော်ကြောင်း၊ ရွှေနီငှက်ပျောသီးသည် စားသုံးမှု အနည်းဆုံးဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ပထဝီဝင်အနေအထားပေါ်မူတည်၍ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျော စိုက်ခင်းတစ်ခုတွင် အပင်ပေါင်း (၃၀၀၀)ခန့်သာ စိုက်ပျိုးသင့်ကြောင်း အပင်များပြည့်ကြပ်နေပါက ငှက်ပျောခိုင်များ ပျက်စီးပြီး ဈေးကောင်းမရနိုင်ကြောင်း (၉.၆.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/despite-short-supply-pheegyan-banana-sales-good-in-this-monsoon/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ