အီဂျစ်စိုက်ပျိုးရေးဝန်ကြီးသည် Kraft Heinz ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရန် ဆွေးနွေး

  • Wed, 12 June 2024

အီဂျစ်စိုက်ပျိုးရေးဝန်ကြီးသည် Kraft Heinz ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ဆောင်ရွက်ရန် ဆွေးနွေး


စိုက်ပျိုးရေးနှင့် မြေယာပြန်လည်ထူထောင်ရေးဝန်ကြီး Elsayed Elkosayer သည် Kraft Heinz Global ကုမ္ပဏီမှ ဒါရိုက်တာဘုတ်အဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သူ William Bahrin နှင့် ကုမ္ပဏီမှ နည်းပညာဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပါသည်။ ၎င်းတို့သည် အီဂျစ် တွင် Kraft Heinz ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင်လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို စိုက်ပျိုးရေး သုတေသနစင်တာ၏ လက်ရှိဥက္ကဌဖြစ်သူ Adel Abdelazim နှင့် အခြားသော ဝန်ကြီးဌာန ခေါင်းဆောင်များနှင့်အတူ စူးစမ်းရှာဖွေခဲ့ကြပါသည်။

အစည်းအဝေးအတွင်း အီဂျစ်နိုင်ငံသည် ပြည်ပစိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ ကို ကြိုဆိုကြောင်းနှင့် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုအား အားပေးကြောင်းကို Elkosayer က အလေးပေးပြောကြားခဲ့ပါသည်။ Elkosayer သည် အီဂျစ်နိုင်ငံတွင် အလားအလာရှိသော ရင်းနှီး မြှုပ်နှံမှုအခြေအနေများ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ပြုပြင်ထုတ်လုပ်မှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ခြင်းနှင့်သီးနှံဆုံးရှုံးမှုများကို လျှော့ချခြင်းလုပ်ငန်းစဉ်များအပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါ သည်။

Elkosayer မှ ဝန်ကြီးဌာနခေါင်းဆောင်များအား ခရမ်းချဉ်သီး မျိုးသစ်များ ထုတ်လုပ်ခြင်း၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် နှင့် အီဂျစ်နိုင်ငံတစ်ဝှမ်း မတူညီသော စိုက်ပျိုးရာသီများအတွင်း လိုအပ်သော စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသော Heinz ကုမ္ပဏီအား ကူညီပံ့ပိုးပေးရန် ညွှန်ကြားခဲ့ပါသည်။

ကမ္ဘာ့ဈေးကွက်လိုအပ်ချက်များဖြစ်သော အရည်အသွေးစံသတ်မှတ်ချက်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်ရေး အလေ့အကျင့်များကို လိုက်နာရန် အရေးကြီးကြောင်း စိုက်ပျိုးရေး ဝန်ကြီးက အလေးပေးပြောကြားခဲ့ပါသည်။ ထို့ပြင် ဒေသခံတောင်သူများနှင့် ဈေးနှုန်းဈေးကွက်ကို မောင်းနှင်ထိန်းကျောင်းနေသူများအား ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ရန် အကြံပေးခဲ့ ပါသည်။

ကုမ္ပဏီမှ တာဝန်ရှိသူများသည်လည်း ယခုအစည်းအဝေးအပေါ် စိတ်ကျေနပ်အားရ ကြောင်း၊ အီဂျစ်တွင် Kraft Heinz ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လိုသည့် ဆန္ဒရှိကြောင်းနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှုများမှလည်း အကျိုးအမြတ်များ ရရှိကြောင်း ပြောကြားခဲ့ပါသည်။

Kraft Heinz Global ကုမ္ပဏီသည် (၁၉၉၁)ခုနှစ်ကတည်းက အီဂျစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အီဂျစ်ငွေ (၇)ဘီလီယံ ဝန်းကျင်ရှိကြောင်း (၅.၆.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.dailynews egypt.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.dailynewsegypt.com/2024/06/05/minister-of-agriculture-discusses-increasing-investments-with-kraft-heinz-officials/ 

တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ