မလေးရှားနိုင်ငံမှ စပ်မျိုးသစ်သီးဝလံများ တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်ရွယ်

  • Wed, 12 June 2024

မလေးရှားနိုင်ငံမှ စပ်မျိုးသစ်သီးဝလံများ တရုတ်ဈေးကွက်သို့ တင်ပို့ရောင်းချရန် ရည်ရွယ်


စပ်မျိုးသစ်သီးတစ်မျိုးဖြစ်သည့် nangchem (ရာသီမျိုးတမျိုးဖြစ်သည့် cempedak နှင့် ဒေသပိန္နဲတို့ကိုရောစပ်ထားသည့်မျိုး) ပိန္နဲသီးစပ်မျိုးသည် မလေးရှားဈေးကွက်တွင် လူကြိုက်များ မှု ရရှိထားပြီး ၎င်း၏ထူးခြားသောအရသာကြောင့် တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ ၅ ဒေါ်လာနှုန်း ရရှိခဲ့ပါသည်။ မလေးရှား၏အဓိကကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံသို့ သစ်သီး တင်ပို့မှု ကဏ္ဍကို တိုးချဲ့ရန်ကြိုးပမ်းနေပြီး ဒူးရင်း၊ ပိန္နဲသီးတို့နှင့်အတူ nangchem မျိုးစိတ်၏ အလားအလာကောင်း ကို မြင်တွေ့နေရသည်။ 

တရုတ်နိုင်ငံသို့ ပိန္နဲသီးတင်ပို့မှု စတင်ပြီးနောက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆သန်းခန့် ရောင်းချရမည်ဟု ခန့်မှန်းထားပြီး လတ်ဆတ်သော ဒူးရင်းသီးများကိုလည်း ဈေးကွက်သို့ မိတ်ဆက် ရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ Nangchem သည် ရာသီပေါ် ပိန္နဲမျိုးများနှင့် မတူဘဲ တစ်နှစ် ပတ်လုံးရရှိနိုင်ပြီး အရည်အသွေးအနေဖြင့် အသားပိုထူကာ အရည်ရွှမ်းကာ ပိုချိုသည်။

Selangor Fruit Valley မှ လက်ထောက်မန်နေဂျာ Raja Muhd Faiz Bazaid ၏ အဆိုအရ မလေးရှားနိုင်ငံသားများကြားတွင် ရာသီမျိုး cempedak ထက် စပ်မျိုး nangchem သည် အသား ပိုပြီး ချိုမြိန်သောကြောင့် ပို၍ကြိုက်နှစ်သက်မှုရှိကြောင်း Nangchemစိုက်ပျိုးသည့်ခြံများကို လေ့လာရေး ခရီးများစီစဉ်ပေးပြီး အရောင်းမြှင့်တင်ပေးလျက်ရှိပါသည်။ ဈေးနှုန်းများ မြင့်တက်နေသော်လည်း စားသုံးသူများ၏ ဝယ်လိုအားမှာ မြင့်တက်နေဆဲဖြစ်ပြီး ဈေးနှုန်းများ ထပ်မံတိုးလာမည်ဟု မျှော်လင့် ထားပါသည်။ လက်ရှိတွင် nangchem မျိုးကို အေးခဲပုံစံဖြင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ စိုက်ပျိုးစရိတ်ပိုမိုကုန်ကျပြီး စိုက်ချိန်ကာလကြာသည့် ဒူးရင်းနှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးရ လွယ်ကူ ခြင်းကြောင့် တောင်သူများအား nangchemကို ပိုမိုထုတ်လုပ်ရန် တွန်းအားပေးခဲ့ပါသည်။ စိုက်ပျိုးပြီး နှစ်နှစ်ခွဲမှ သုံးနှစ်အတွင်း ခူးဆွတ်နိုင်ပြီး ရင်းနှီးမြုပ်နှံမှု အကျိုးအမြတ် မြန်ဆန်စွာ ပြန်လည်ရရှိနိုင် ကြောင်းကို (၇-၆-၂၀၂၄) ရက်နေ့ထုတ် freshplaza သတင်းအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9633509/malaysia-s-hybrid-fruit-is-aiming-for-the-chinese-market/

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ