မြန်မာနိုင်ငံမှ ကွမ်းသီးများ ကော့သောင်း-ရနောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိ

  • Wed, 19 June 2024

မြန်မာနိုင်ငံမှ ကွမ်းသီးများ ကော့သောင်း-ရနောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိ


မြန်မာနိုင်ငံမှ ကွမ်းသီးများကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့တင်ပို့ နေကြောင်း မြိတ်မြို့ရှိ ကွမ်းသီးကုန်သည်များထံမှ သိရှိရပါသည်။လက်ရှိတွင် ဘုတ်ပြင်းမြို့နယ်မှ ထွက်ရှိသော ကွမ်းသီးများကိုကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။

ဘုတ်ပြင်းမှ ကွမ်းသီးအမြောက်အများကို ကော့သောင်း-ရနောင်းမှတဆင့်ပို့ပေးကြောင်း၊ ယခင်ပို့ကုန်လမ်းကြောင်းမှာ မြိတ်-ရန်ကုန်-ထိုင်းလမ်းကြောင်းအတိုင်းပို့ဆောင်ကြောင်း၊ ထိုင်းနိုင်ငံမှ ကွမ်းသီးထုတ်လုပ်မှုမရှိကြောင်းနှင့် ပြည်ပသို့တင်ပို့သည့်ကွမ်းသီးအများစုမှာ ခွဲခြမ်းများဖြစ်ကြောင်း မြိတ်မြို့မှ ကွမ်းသီးကုန်သည် တစ်ဦးကပြောခဲ့ပါသည်။

လက်ရှိတွင် ကော့သောင်း-ရနောင်းနယ်စပ်သည် ထိုင်းနိုင်ငံသို့ ရေထွက်ကုန်များတင်ပို့ရန် နှင့် လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ တင်သွင်းရန်အသုံးပြုလျက်ရှိပါသည်။ပင်လယ်ထွက်ကုန်များ၏ အဓိကဦးတည်ရာမှာ ထိုင်းနိုင်ငံဖြစ်ပြီး အများဆုံးစားသုံးကြ သူများ ဖြစ်ပါသည်။ ယခုထုတ်ကုန်များကို ကော့သောင်း-ရနောင်းနယ်စပ်မှတဆင့် တင်ပို့ပါသည်။

ထိုင်းနိုင်ငံမှ သွင်းကုန်များတွင်စက်‌လှေသုံးအပိုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။စားသောက်ကုန်ပစ္စည်းများကိုလည်း ယခုလမ်းကြောင်းမှ တင်သွင်းသည်ဟုကော့သောင်းမြို့မှ ရေထွက်ကုန် ကုန်သည် တစ်ဦးက ပြောကြားခဲ့ခြင်းကို (၁၀-၆-၂၀၂၄)ရက်နေ့ထုတ် Global New light of Myanmar သတင်းအရသိရှိရပါသည်။

Source     https://www.gnlm.com.mm/myanmar-exports-betel-nuts-via-kawthoung-to-ranong-thailand/

တင်ပြသူ  ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ      ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်

စစ်ဆေးသူ  ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ  ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ