လယ်ယာထွက်ကုန်များတင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် အမေရိကန်ဒေါ်လာ(၆၁၉၃)သန်း ဆုံးရှုံးခဲ့ပြီး အိနိ္ဒယတောင်သူများအား ထိခိုက်နစ်နာစေခဲ့

  • Wed, 19 June 2024

လယ်ယာထွက်ကုန်များတင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် အမေရိကန်ဒေါ်လာ(၆၁၉၃)သန်း ဆုံးရှုံးခဲ့ပြီး အိနိ္ဒယတောင်သူများအား ထိခိုက်နစ်နာစေခဲ့


သီးနှံများကို စံချိန်တင် ရိတ်သိမ်းနိုင်ခဲ့ပြီး စားသောက်ကုန် ထုတ်လုပ်မှု တန်ချိန်(၁၄.၁) သန်းနီးပါး သိသိသာသာ တိုးတက်လာခဲ့သော်လည်း ရွေးကောက်ပွဲကာလအတွင်းငွေကြေးဖောင်းပွ မှုကို ထိန်းချုပ်ရန်အတွက် အဓိက လယ်ယာထွက်ကုန်များ တင်ပို့ခြင်းကိုပိတ်ပင်ထားခြင်းကြောင့် တောင်သူများအနေဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရပါသည်။တောင်သူများ၊ ကုန်သည်များ၊ စားနပ်ရိက္ခာဆိုင်ရာမူဝါဒ ကျွမ်းကျင်သူများနှင့်အခြား သက်ဆိုင်သူများ၏ ပြောကြားချက်အရ ဘာစမာတီမဟုတ်သော ဆန်၊ သကြားနှင့်ဂျုံများကို ပိတ်ပင်ထားခြင်းကြောင့် နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုတန်ဘိုးသည်

(၂၀၂၂-၂၃)ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ (၂၆,၇၁၇.၇၂)သန်း ရှိခဲ့ရာမှ (၂၀၂၃-၂၄)ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ (၂၅၀၁၆.၀၅)သန်းသို့(၆.၃၆%)ကျဆင်းခဲ့ပါသည်။လွန်ခဲ့သည့် သုံးနှစ်အတွင်း ပို့ကုန်ပိတ်ပင်မှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရမှုမှာတဖြည်းဖြည်းနှင့် အမေရိကန်ဒေါ်လာ သန်းပေါင်း (၄၈၈ဝ)အထိ ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ပိတ်ပင်မှုများကြောင့် သက်ဆိုင်သူအားလုံး၏ ဆုံးရှုံးနစ်နာခဲ့ရမှုသည်ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်တစ်နှစ်တည်း၌ပင် အမေရိကန်ဒေါ်လာ (၆၁၉၃)သန်း ရှိခဲ့ကြောင်းသိရှိရပါသည်။

ဘာစမာတီ မဟုတ်သော အခြားဆန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ(၆,၃၅၆)သန်းမှ အမေရိကန်ဒေါ်လာ(၄,၅၇၃)သန်းသို့ သိသိသာသာကျဆင်းခဲ့ကြောင်း၊သကြားတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၅,၇၇၀) သန်းမှ အမေရိကန်ဒေါ်လာ

(၂,၈၂၄)သန်းသို့ ကျဆင်းခဲ့ကြောင်း၊ ဂျုံ တင်ပို့မှုမှာ အပြည့်အဝပိတ်ပင်တားမြစ်ခြင်းခံရသဖြင့် အမေရိကန်ဒေါ်လာ (၁၅၂၀)သန်းမှ အမေရိကန်ဒေါ်လာ(၅၆)သန်းသို့ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း နှံစားသီးနှံတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ(၁,၁၉၄)သန်းမှအမေရိကန် ဒေါ်လာ (၅၁၇)သန်းအထိ ကျဆင်းခဲ့ပြီး ကြက်ဆူဆီ ကုန်သွယ်မှုသည်အမေရိကန်ဒေါ်လာ (၁,၂၆၅) သန်းမှ (၁,၀၇၁)သန်းအထိ ကျဆင်းသွားခဲ့ကြောင်း၊၎င်းတို့အထဲမှ ဘာစမာတီ၏ အနိမ့်ဆုံး ပို့ကုန် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၉၅၀)ရှိကြောင်း၊ ၎င်းပို့ကုန်သည် (၂၀၂၁-၂၂) ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ(၃,၅၃၇)သန်းရှိခဲ့ရာမှ (၂၀၂၂-၂၃)ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ(၄,၇၈၇) သန်းရှိခဲ့ပြီး (၂၀၂၃-၂၄) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၅,၈၄၃)သန်းသို့တိုးလာ ခဲ့ကြောင်း သိရှိရပါသည်။လစဉ်လယ်ယာထွက်ကုန် တင်ပို့မှုအစီရင်ခံစာအရ စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုစုစုပေါင်းသည် ယခင်နှစ် အလားတူကာလတွင် ရူပီး(၂၄,၁၀၅)ကုဋေရှိခဲ့ရာမှရူပီး(၂၂,၄၇၀)အထိကျဆင်းသွားပြီး (၆.၇၉%) ကျဆင်းသွားကြောင်း သိရှိရပါသည်။(၂၀၂၃)ခုနှစ် ဘဏ္ဍာနှစ်တွင် စားနပ်ရိက္ခာ ထုတ်လုပ်မှု စုစုပေါင်းသည် တန်ချိန်(၁၄.၁) သန်းမှ (၃၂၉.၇) သန်းသို့ တိုးလာခဲ့ကြောင်း၊ သို့သော်လည်းစိုက်ပျိုးရေးကဏ္ဍသည် မိုးသီးနှံ ရိတ်သိမ်းသည့်အချိန်တွင်အခြေအနေကောင်းမွန်မှုမရှိသည့်အပြင် ဆောင်းသီးနှံ ကနဦးစိုက်ပျိုးချိန် ၌လည်းအခြေအနေပေးမှု နည်းပါးသဖြင့် (၇)နှစ်အတွင်း အနိမ့်ဆုံးဖြစ်သော ဘဏ္ဍာနှစ်ထက်(၁.၈%)သာ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားစာရင်းအင်းရုံး (NSO) ၏အချက် အလက်များအရ သိရှိရပါသည်။ကျွမ်းကျင်သူများနှင့် ကုန်သည်များက တောင်သူလိုလားသော ပို့ကုန်မူဝါဒသည်

စိုက်ပျိုးရေး ဝင်ငွေ ကျဆင်းနေသည့်ပြဿနာကို ဖြေရှင်းရန် မဖြစ်မနေလိုအပ်သည်ကိုအလေးပေး ပြောကြား ကြကြောင်း၊ သို့သော်လည်း အဓိကနိုင်ငံရေးပါတီများသည်တောင်သူများ၏ ၀င်ငွေကိုမြှင့်တင်ရန် ကတိပြုထားသော်လည်း ယင်းပြဿနာကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန်အတွက် ပို့ကုန် မူဝါဒကို ပြန်လည်ပြင်ဆင်ရန်အရေးကြီးသည့်လိုအပ်ချက်ကို မည်သူမျှ အလေးပေးဖော်ပြခြင်း မရှိကြကြောင်းကို (၁၆.၆. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.tribuneindia.com သတင်း အရသိရှိရပါသည်။

Source https://www.tribuneindia.com/news/india/6-193-mn-loss-agri-export-ban-hurting-farmers-631477

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ       ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်

စစ်ဆေးသူ  ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ  ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ