ကက်ရှ်မီးယားချိုင့်ဝှမ်းဒေသတွင် ကြက်သွန်ဖြူစိုက်ပျိုးမှုမှ အမြတ်အစွန်းသိသိသာသာရရှိ

  • Wed, 19 June 2024

ကက်ရှ်မီးယားချိုင့်ဝှမ်းဒေသတွင် ကြက်သွန်ဖြူစိုက်ပျိုးမှုမှ အမြတ်အစွန်းသိသိသာသာရရှိ


ကက်ရှ်မီးယားတောင်ကြားသည် (2023-2024)ဘဏ္ဍာနှစ်အတွင်း ကြက်သွန်ဖြူထုတ်လုပ်မှုမှ ထူးထူးခြားခြားဝင်ငွေ ရူပီး (3) ဘီလီယံ (ယူရို 33 သန်း)ရရှိကြောင်းတရားဝင် အချက်အလက် များအရ သိရှိရပါသည်။

ကိန်းဂဏန်း အချက်အလက်များအရ ဟက်တာ (၄,၅၀၀)တွင် ကြက်သွန်ဖြူ(၆၇,၅၀၀) မက်ထရစ်တန် ထွက်ရှိပြီးစုစုပေါင်းထုတ်လုပ်မှုမှာ မက်ထရစ်တန်(၇၀,၀၀၀)ရှိမည်ဟု ခန့်မှန်းထား ပါသည်။

ဝင်ငွေအတွက် အထောက်အကူဖြစ်စေသော မက်ထရစ်တန် (30,000)ကို Jammuနှင့် Kashmir စီရင်စုနယ်မြေများ၏ ပြင်ပဒေသများသို့ တင်ပို့ခဲ့ပါသည်။ စံချိန်တင်ပျမ်းမျှရောင်းဈေးမှာ တစ်ကီလိုလျှင် ရူပီး ၁၀၀(ယူရို ၁.၁၀) ဖြစ်ပြီး ယခင်နှစ် များနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက် လာခဲ့ပါသည်။ဒေသတွင်းရှိ လယ်သမားများသည် စိုက်ပျိုးထွက်ရှိမှုများနှင့်

အမြတ်အစွန်းရရှိမှုများကို ကျေနပ်အားရကြောင်း ပြသခဲ့ကြပါသည်။ဒေသခံလယ်သမားတစ်ဦးဖြစ်သော Ghulam Rasool သည် ကြက်သွန်ဖြူရောင်းရငွေ ရူပီး(70,000)ရရှိခဲ့ပြီး ကြက်သွန်ဖြူ၏ အမြတ်အစွန်းကို မီးမောင်း ထိုးပြခဲ့ပါသည်။

ကြက်သွန်ဖြူစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများမှာ အခြားသီးနှံများနှင့် နှိုင်းယှဉ် ပါကစိုက်ပျိုးရလွယ်ကူပြီး လုပ်သားလိုအပ်ချက်နည်းပါးခြင်းဖြစ်ပါသည်။

ကက်ရှ်မီးယားဒေသ၏ စိုက်ပျိုးရေးဒါရိုက်တာ Chowdhary Muhammad Iqbal ကတစ်နှစ်ထက်တစ်နှစ် ထုတ်လုပ်မှု တိုးလာကြောင်း အသိအမှတ်ပြုခဲ့ပြီး စျေးကွက်ရှာဖွေရေးဗျူဟာများ မြှင့်တင်ရန် ဆက်လက်ကြိုးပမ်းလျှက်ရှိပါသည်။

ကက်ရှ်မီးယားကြက်သွန်ဖြူ၏ အရွယ်အစားနှင့် ထူးခြားသော အရည်အသွေးများကောင်းမွန်မှုသည် ချိုင့်ဝှမ်း၏ နှစ်သက်ဖွယ်ကောင်းသော ရာသီဥတုကြောင့်ဖြစ်ပြီးလက်ရှိတွင် မျိုးကွဲ(၅)မျိုး စိုက်ပျိုး လျက်ရှိပါကြောင်း(၁၂. ၆. ၂၀၂၄)ရက်နေ့တွင်ထုတ်ဝေခဲ့သော   Fresh Plaza ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9634818/significant-revenues-from-garlic-production-in-the-kashmir-valley/

တင်ပြသူ   ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ      ၂၀၂၄ခုနှစ်၊ ဇွန်လ (၁၉) ရက်

စစ်ဆေးသူ      ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ