အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များ လိုအပ်ချက်မြင့်မားလာ

  • Wed, 5 April 2023

အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏  စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များ လိုအပ်ချက်မြင့်မားလာ


တောင်အာဖရိက၏ လယ်ယာထွက်ကုန်များအတွက် အာဖရိကတိုက်၏ ဝယ်လိုအား သည် (၂၀၂၃-၂၄) စျေးကွက်နှစ်တွင် တိုးလာဖွယ်ရှိကြောင်း စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး ကုန်သည်ကြီးများအသင်း (Agbiz) မှ စီးပွားရေးပညာရှင် Wandile Sihlobo က ပြောကြား ခဲ့ပါသည်။

(၂၀၂၃-၂၄) စျေးကွက်ရှာဖွေရေးနှစ်သည် (၂၀၂၂-၂၃) ထုတ်လုပ်မှု ရာသီအပေါ် မူတည်ပါသည်။ ယခင်နှစ် ထုတ်လုပ်မှုရာသီတွင် ဇင်ဘာဘွေ၊ ဇမ်ဘီယာနှင့် တန်ဇန်းနီးယား နိုင်ငံတို့တွင် သီးနှံများ ကောင်းစွာရိတ်သိမ်းခဲ့ရသောကြောင့် ကောက်ပဲသီးနှံနှင့် အခြား စားနပ် ရိက္ခာများ လုံလုံလောက်လောက် ရရှိခဲ့ပါသည်။

(၂၀၂၂-၂၃) ထုတ်လုပ်မှုရာသီ၏ အစောပိုင်းတွင် ခြောက်သွေ့ပူပြင်းသော ရာသီဥတု အခြေအနေများသည် အာဖရိကတောင်ပိုင်းနိုင်ငံများဖြစ်သော အန်ဂိုလာ၊ ဇင်ဘာဘွေ၊ မိုဇမ် ဘစ်၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံဖြစ်သော မက်ဒါဂတ်စကာနိုင်ငံရှိ သီးနှံများအပေါ် ပျက်စီး မှုများ ဖြစ်ပေါ်ခဲ့သည်ဟု FEWS NET ၏ အစီရင်ခံစာများမှ ဖော်ပြထားပါသည်။ ထို့အပြင် ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် အဆိုပါနိုင်ငံများရှိ တောင်သူများ ဓာတ် မြေသြဇာအသုံးပြုမှု နည်းပါးသွားကာ အထွက်နှုန်းကို အဆုံးစွန်ထိ ထိခိုက်စေမည်ကို စိုးရိမ်မိ ကြောင်း Sihlobo က ပြောကြားခဲ့ပါသည်။

တောင်အာဖရိကရှိ စိုက်ပျိုးထုတ်လုပ်သူများသည် အာဖရိကဈေးကွက်အား အနီးကပ် စောင့်ကြည့်ရန်လိုအပ်ပြီး စျေးကွက်အခြေအနေအရ ထောက်ပံ့မှုများ တိုးမြှင့်သင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

နိုင်ငံ၏ လယ်ယာစီးပွားရေး အဖွဲ့အစည်းသည် တောင်အာဖရိက လယ်ယာထွက်ကုန် များကို အဓိကတင်ပို့ရောင်းချသူများအနေဖြင့် ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍများ တွင် အစိုးရအရာရှိများအပါအဝင် ကျန်အာဖရိကတစ်ဝှမ်းရှိ မိတ်ဖက်များနှင့် သံတမန်ရေးရာ ကဏ္ဍများသာမက စီးပွားရေးကဏ္ဍများတွင်ပါ နီးကပ်စွာ ထိတွေ့ဆက်ဆံမှုများရှိပါသည်။

အာဖရိကသည် တောင်အာဖရိက၏ လယ်ယာထွက်ကုန်များအတွက် အကြီးမားဆုံး ပို့ကုန်ဈေးကွက်အဖြစ် ရပ်တည်ခဲ့ပါသည်။ လယ်ယာထွက်ကုန်တင်ပို့မှုကဏ္ဍသည် ယမန်နှစ် က ကန်ဒေါ်လာ (၁၂.၈) ဘီလီယံ (South African Rand  ၂၃၄ ဘီလီယံ)အထိ စံချိန်တင်ခဲ့ပြီး အာဖရိက၏ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ (၃၇%)ဖြစ်ပါသည်။

လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း တောင်အာဖရိကနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှု (၃၈%)သည် ပျမ်းမျှအားဖြင့် အာဖရိကတိုက်တွင် ပါဝင်သည်။ တောင်အာဖရိကသည်  သစ်သီးများ၊ အမဲသား၊ သိုးမွေးနှင့် ဝိုင်များကို အဓိကထားတင်ပို့သော်လည်း ပြောင်းသည် အာဖရိကတိုက်တွင် ထိပ်တန်းပို့ကုန်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

ကျန်အာဖရိကနိုင်ငံများသို့ တင်ပို့သည့် အခြားထုတ်ကုန်များမှာ ပန်းသီး၊ ဂျုံ၊ တိရစ္ဆာန် အစာများ၊ ပြုပြင်ထားသော စားသောက်ကုန်များ၊ ဝိုင်၊ သစ်သီးဖျော်ရည်များ၊ ပဲပုပ်ဆီ၊ နေကြာ ဆီ၊ အရက်ယမကာများနှင့် ပဲပိစပ်ဆီကြိတ်ဖတ်တို့ ပါဝင်ကြောင်း Sihlobo မှ ပြောကြားခဲ့ ပါသည်။ တောင်အာဖရိက၏ ထိပ်တန်းစျေးကွက်နိုင်ငံများမှာ ဘော့ဆွာနာ၊ နမီးဘီးယား၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေ၊ လီဆိုသို၊ အီဆွတီနီ၊ ဇမ်ဘီယာ၊ အန်ဂိုလာ၊ နိုင်ဂျီးရီးယားနှင့် မောရစ်သျှတို့ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။

နိုင်ဂျီးရီးယားမှလွဲ၍ ဤစျေးကွက်များသည် တောင်အာဖရိကနိုင်ငံကို များစွာ အကျိုး ဖြစ်ထွန်းစေသည့် တောင်အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး အသိုက်အဝန်း၏ လွတ်လပ်သော ကုန်သွယ်မှုဧရိယာအတွင်းတွင် ရှိနေပါသည်။ ထို့အပြင် အဆိုပါစျေးကွက်များ၏ အခြေခံ အဆောက်အအုံနှင့် နီးစပ်မှုအားသာချက်များသည် တောင်အာဖရိက စိုက်ပျိုးရေးတင်ပို့မှု၏ အာရုံစူးစိုက်မှုကို အထောက်အကူဖြစ်စေသည်ဟု ပြောကြားခဲ့ကြောင်းကို (၂၈. ၃. ၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော  IOL ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။

Source    https://www.iol.co.za/business-report/economy/demand-for-sa-agri-exports-set-to-increase-in-africa-agbiz-d3e59193-abce-4f9f-85b3-ab5234482574

တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဧပြီလ (၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ