စားနပ်ရိက္ခာဖူလုံမှုအတွက် အချက်(၅)ချက်ပါ စီမံချက်ကို ဩစတြီးယား စိုက်ပျိုးရေးဝန်ကြီးမှ ထုတ်ပြန်ကြေညာ

  • Wed, 26 April 2023

စားနပ်ရိက္ခာဖူလုံမှုအတွက် အချက်(၅)ချက်ပါ စီမံချက်ကို ဩစတြီးယား စိုက်ပျိုးရေးဝန်ကြီးမှ ထုတ်ပြန်ကြေညာ


သြစတြီးယားနိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်ထောက်ပံ့မှု အခြေအနေသည် လက်ရှိ တွင် ဖူလုံမှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီး Mr.Totschnigက ဗုဒ္ဓဟူးနေ့တွင် သြစတြီးယား ဝန်ကြီးများ ကောင်စီ၌ အလေးပေး ပြောကြားခဲ့ပါသည်။

စားနပ်ရိက္ခာစီမံခန့်ခွဲမှုဥပဒေအား ပြုပြင်ပြောင်းလဲရန် တောင်းဆိုချက်တစ်ခု အပါ အဝင်ဘေးကင်းသောစားနပ်ရိက္ခာထောက်ပံ့မှုကိုဦးစားပေးသည့် အချက်ငါးချက်ပါ ဘေးဒဏ် ခံနိုင်ရည်ရှိမှု စီမံချက်တစ်ခုကို စိုက်ပျိုးရေးဝန်ကြီး Mr. Norbert Totschnig က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ကြေညာခဲ့ပါသည်။

အစီရင်ခံစာအရ အရည်အသွေးမြင့် အစားအစာ၊ စွမ်းအင်နှင့် စားနပ်ရိက္ခာများ ဈေးနှုန်းချိုသာသော လမ်းကြောင်းပေါ်တွင် ဆက်လက် ရပ်တည်နေနိုင်မည် ဖြစ်သော်လည်း စိန်ခေါ်မှုများမှာ ဆက်လက်ရှိနေဦးမည် ဖြစ်ပါသည်။

ထို့အပြင် အကျပ်အတည်းများအတွက် တတ်နိုင်သမျှ အကောင်းဆုံးပြင်ဆင်၍ အချက် (၅)ချက်ပါသည့် စီမံချက်တစ်ခုကို ရေးဆွဲထားကြောင်း Totschnig မှ ကြေညာခဲ့ ပါသည်။

ဘေးဒဏ်ခံနိုင်ရည်ရှိရေး စီမံချက်များတွင် ရင်းနှီးမြှုပ်နှံရန် စားသောက်ကုန် ထုတ် လုပ်သည့် ကုမ္ပဏီများအတွက် ယူရို (၅)သန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး အစိုးရသည် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ၊ ရာသီဥတုပြောင်းလဲမှု နှင့် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ သုတေသနများအတွက် ရန်ပုံငွေများ မြှင့်တင်ပေးလျက်ရှိပါသည်။

ထို့အပြင် စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံထောက်ပံ့မှုများသည် တိုက်ရိုက်စျေးကွက်ချဲ့ထွင်ရန်အတွက် မက်လုံးပေးဆွဲဆောင်မှုများ အပါအဝင် ၎င်းတို့၏ ဘေးဒဏ်ခံနိုင်ရည်ရှိမှုအား ခိုင်မာစေမည်ဖြစ်ပါသည်။

အကျပ်အတည်းဖြစ်ချိန်တွင် စားနပ်ရိက္ခာထောက်ပံ့မှုအတွက် အခြေခံမူဘောင်ကို ပံ့ပိုးပေးသည့် စားနပ်ရိက္ခာစီမံခန့်ခွဲမှုဥပဒေကို ဆောင်းဦးရာသီတွင် ပြင်ဆင်ရမည်ဖြစ်ပါသည်။

APA အစီရင်ခံစာအရ လက်ရှိဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အရေးပေါ်စီမံချက်များကိုလည်း ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။

Mr.Totschnig သည် မိုးခေါင်ရေရှားကာလကြာမြင့်သောကြောင့် သောက်သုံးရေ ရရှိ ရေးကိုလည်း အာရုံစိုက်စေချင်ကြောင်း၊ လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့ရေးသည် ဖူလုံမှု ရှိသော်လည်း ဒေသဆိုင်ရာ အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်ထားရန်နှင့်  "drinking water summit"မူဘောင်အတွင်း အတွေ့အကြုံများဖလှယ်ရန် ဖက်ဒရယ်ပြည်နယ်များကို ဖိတ်ကြားလိုကြောင်း (၂၀.၄.၂၀၂၂)ရက်နေ့တွင် ထုတ်ဝေခဲ့သော  EURACTIV.DE ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။

Source    https://www.euractiv.com/section/politics/news/austrian-agriculture-minister-unveils-five-point-plan-for-food-security/
တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၆) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ