Guyana နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနသည် တိုးချဲ့ပညာပေးအရာရှိများအတွက် သင်တန်းအသစ်ကို စတင်

  • Thu, 18 May 2023

Guyana နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနသည် တိုးချဲ့ပညာပေးအရာရှိများအတွက် သင်တန်းအသစ်ကို စတင်


စိုက်ပျိုးရေးဝန်ကြီးဌာနသည် ၎င်း၏ တိုးချဲ့ပညာပေးစနစ်သစ်အစီအစဉ်အတွက် ပထမအကြိမ် အစည်းအဝေးကို ယနေ့တွင် ပြုလုပ်ခဲ့ပါသည်။ Zara Computer Training Center တွင် ကျင်းပပြုလုပ်ခဲ့ သည့် New Dispensation in the Extension Services ဆောင်ပုဒ်အောက်တွင် လေ့ကျင့်မှုအား နိုင်ငံတစ်ဝှမ်းရှိ တောင်သူများထံ ပိုမိုကောင်းမွန်သော တိုးချဲ့ပညာပေးဝန်ဆောင်မှုများ ပေးနိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ပါသည်။

တိုင်းဒေသကြီး(၁၀)ခုမှ စိုက်ပျိုးရေးတိုးချဲ့ပညာပေးအရာရှိ ၂၅၀ ခန့်သည် လာမည့် ရက်သတ္တပတ်အသစ်တွင် တောင်သူများထံ ဝန်ဆောင်မှုပေးသည့်နည်းလမ်းကို ပြန်လည် ပြင်ဆင်၍ သမားရိုးကျ နှင့် သမားရိုးကျမဟုတ်သည့် ထုတ်လုပ်မှုပုံစံနှစ်မျိုးလုံး တိုးမြင့်လာ စေရန် အမျိုးမျိုးသော နည်းပညာများနှင့် ထိတွေ့ခွင့်ရရှိစေရန် ရည်ရွယ်ပါသည်။

စိုက်ပျိုးရေးဝန်ကြီး Zulfikar Mustapha က တိုးချဲ့ပညာပေးအရာရှိများသည် မူဝါဒ ချမှတ်သူများနှင့် တောင်သူများကြား အဓိကချိတ်ဆက်မှုအဖြစ် ဆောင်ရွက်လျက်ရှိပြီး အစိုးရ၏ မူဝါဒများ နှင့် မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းဖြင့် တိုးချဲ့ ပညာပေးရေးဝန်ဆောင်မှုများကို ပေးအပ်သင့်သည်ဟု စိုက်ပျိုးရေးဝန်ကြီးက အမှာစကား ပြောကြားခဲ့ပါသည်။

နိုင်ငံတစ်ဝှမ်း တောင်သူများနှင့် တိုးချဲ့ပညာပေးဝန်ထမ်းများ ထိတွေ့ဆက်ဆံ ပြီးနောက် ဝန်ကြီး ဌာန၏ တိုးချဲ့ပညာပေးလုပ်ငန်းများသည် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်လည်မွမ်းမံရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ ပါသည်။

အစိုးရမှလမ်းညွှန်ထားသည့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ မူဝါဒများသည် ၎င်းကဏ္ဍကို ကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်စေနိုင်ကြောင်း၊ ယင်းကဏ္ဍတွင် အရေး ပါသော ဝန်ထမ်းများအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးကြိုးပမ်းမှုတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်နေပြီး Guyana ရှိ စားနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်းထားရန် တာဝန် ရှိကြောင်း၊ အစိုးရအနေဖြင့် အဓိက ရည်မှန်းချက်များထဲမှ တစ်ခုသည် စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းများ တိုးမြင့်လာစေရန်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုးချဲ့ပညာပေးအရာရှိများကို
အခက်အခဲများကျော်လွှားခြင်း၊ တုံ့ပြန်နိုင်မှုစွမ်းရည်၊ ပြန်လည်စုစည်းနိုင်မှုနှင့် ရလဒ်ကောင်းများ ဆောင်ရွက်နိုင်ခြင်းဖြစ်လာရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုပါသည်။

Guyana ၏ အလားအလာသည် လတ်လတ်ဆတ်ဆတ်ထုတ်ကုန်နှင့် တန်ဖိုးမြှင့် လယ်ယာထွက်ကုန် နှစ်မျိုးလုံးကို ထိပ်တန်းတင်ပို့ရောင်းချနိုင်မှုများရှိသည့်အတွက် လယ်ယာ ကဏ္ဍ၌ သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ အစားအစာ စံချိန်စံညွှန်းများနှင့် လယ်ယာထုတ်ကုန်များအပေါ် ခြေရာခံနိုင်မှုများ တိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် ထားကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဆက်လက်တိုးတက်ရန်အတွက် တောင်သူများနှင့် ကျေးလက်မိသားစုအားလုံး လက်လှမ်းမီသော ညှိနှိုင်းတိုးချဲ့မှုနှင့် အကြံပေးဝန်ဆောင်မှု စနစ်တစ်ခု လိုအပ်ကြောင်း၊ တောင်သူများသည် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားနှင့် အမြတ် အစွန်းကို မြှင့်တင်ရန် အကောင်းဆုံးအလေ့အကျင့်များနှင့် နည်းလမ်းများကို သိရှိနားလည် စေရန်အတွက် ဤစနစ်တွင် နောက်ဆုံးပေါ်နည်းပညာများနှင့် အသိပညာများ ပြင်ဆင်ထား သင့်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များချမှတ်ခြင်းနှင့် ကုန်ကျ စရိတ် အသက်သာဆုံး နည်းပညာများချမှတ်ခြင်းဖြင့် တောင်သူများနှင့် ကျေးလက်မိသားစုများကို ပညာပေးခြင်းအပေါ် အာရုံစိုက်သင့်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်းသစ်တီထွင်မှု၊ ထိရောက်မှုနှင့် ကုန်ထုတ်စွမ်းအားကို တွန်းအားပေးမည့် ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို ဖန်တီးပေးရန်လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုပါသည်။

Guyana မွေးမြူရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (GLDA), Guyana စပါးဖွံ့ဖြိုးတိုး တက်ရေးဘုတ်အဖွဲ့ (GRDB), နိုင်ငံလုံးဆိုင်ရာစိုက်ပျိုးရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေး အဖွဲ့အစည်း၊ New Guyana ဈေးကွက်ဆိုင်ရာကော်ပိုရေးရှင်း (New GMC), ငါးလုပ်ငန်း ဦးစီးဌာန နှင့် အခြားအေဂျင်စီများမှ တာဝန်ရှိသူများသည်  လာမည့်ရက်သတ္တပတ်များတွင် နိုင်ငံတစ်ဝှမ်းရှိ တောင်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးဆောင်ရန် အစိုးရ၏ ရည်မှန်းချက်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သင်တန်းများ ပို့ချပေးမည်ဖြစ်ကြောင်း (၉.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော i NEWS GUYANA ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.inewsguyana.com/agri-ministry-begins-new-dispensation-training-for-extension-officers/

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ(၁၇) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ