တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး မလေးရှားနှင့် အင်ဒိုနီးရှားသို့ သွားရောက်၍ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကိစ္စများဆွေးနွေး

  • Thu, 18 May 2023

တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး မလေးရှားနှင့် အင်ဒိုနီးရှားသို့ သွားရောက်၍ စားနပ်ရိက္ခာဖူလုံရေးနှင့် ပို့ကုန်ကိစ္စများဆွေးနွေး


စိုက်ပျိုးရေးဝန်ကြီး Chung Hwang-keun သည် စိုက်ပျိုးရေး နှင့် စားနပ်ရိက္ခာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှင့် ပိုမိုကောင်းမွန်ပြီး တည်ငြိမ်သော ရောင်းချမှုကွင်းဆက်များ သေချာစေရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဝန်ကြီးရုံးမှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါသည်။

ကြာသပတေးနေ့တွင် စတင်မည့်  မလေးရှားနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီး Chung သည် မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Mohamad Bin Sabu နှင့် တွေ့ဆုံမည်ဖြစ်ပြီး စားနပ် ရိက္ခာဖူလုံရေး၊ အဆင့်မြင့်နည်းပညာသုံးစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ တင်ပို့မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် တောင်းဆိုသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန် ခဲ့ကြောင်း စိုက်ပျိုးရေး၊ အစားအစာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ သတင်းအရ သိရှိရပါသည်။

Halal သည် "တရားဝင်" သို့မဟုတ် "ခွင့်ပြုသည်" ဟု ၍အဓိပ္ပာယ်ရသည့် အာရဗီ စကားလုံးဖြစ်ပြီး မွတ်စလင်များအတွက် အစ္စလာမ့်အစားအသောက်လမ်းညွှန်ချက်များအရ ပြင်ဆင်ထားသည့် အစားအစာများကို ရည်ညွှန်းရာတွင် အများအားဖြင့် အသုံးပြုပြီး၊  နှစ်နိုင်ငံသည် ဟာလာလ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော တောင်ကိုရီးယား၏အမဲသား တင်ပို့သည့် ပထမဆုံးစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် Chung သည် စိုက်ပျိုးရေးဝန်ကြီး Syahrul Yasin Limpo နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး လယ်ယာကဏ္ဍ တိုးမြှင့်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြန်လည်ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။

စားအုန်းဆီနှင့် အခြားအဓိကကုန်သွယ်ပစ္စည်းများကို တည်ငြိမ်စွာရောင်းချနိုင်ရေး ပြုလုပ်မည်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး တောင်ကိုရီးယား သည်  တစ်နှစ်လျှင် စားအုန်းဆီတန်ချိန် (၃၄၀,၀၀၀) ခန့် တင်သွင်းနေရာ အဆိုပါပမာဏမှာ စားအုန်းဆီစုစုပေါင်း တင်သွင်းမှု၏ (၅၆) ရာခိုင်နှုန်းခန့်ရှိ ကြောင်း တောင်ကိုရီးယားအစိုးရ၏အချက်အလက်များအရ သိရှိရပါသည်။

“ဒီခရီးစဉ်ဟာ စိုက်ပျိုးရေးကဏ္ဍနဲ့ ကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းတွေ အားကောင်းလာစေရေး၊ ကျွန်တော်တို့ရဲ့ ပို့ကုန် ဈေးကွက်ချဲ့ထွင်ဖို့အတွက် K-food ပစ္စည်းတွေ မြှင့်တင်ဖို့ အခွင့်အလမ်းဖြစ်မှာပါ” ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း (၁၀-၅-၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့ သော Yonhap News Agency ကွန်ရက်၏ ဆောင်းပါးအရသိရှိရပါသည်။

Source    https://en.yna.co.kr/view/AEN20230510006700320?input=rss&section=national/diplomacy

တင်ပြသူ    ဒေါ်လင်းလဲ့ရည်အောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မေလ (၁၇) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ