Kenyan တောင်သူများသည် ဆေးရွက်ကြီးမှ ထောပတ်သီးသို့ ပြောင်းလဲစိုက်ပျိုးလာ

  • Thu, 25 May 2023

Kenyan တောင်သူများသည် ဆေးရွက်ကြီးမှ ထောပတ်သီးသို့ ပြောင်းလဲစိုက်ပျိုးလာ


လတ်တလောတွင် ကမ္ဘာတစ်ဝှမ်း၌ ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝပုံစံများသို့ ကူးပြောင်းလာခြင်းသည် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စားသုံးမှု တိုးမြှင့်လာစေခြင်း အပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်အလေ့အကျင့်များကို လက်ခံကျင့် သုံးလာခဲ့ကြပါသည်။

Migori county ရှိ ဧရိယာများတွင် ဝင်ငွေရသီးနှံအဖြစ် ဆေးရွက်ကြီးကို ရာစုနှစ် များစွာ စိုက်ပျိုးခဲ့ကြခြင်းသည် ဆိုးရွားသည့် သက်ရောက် မှု့များဖြစ်ခဲ့ပါသည်။

ကံကောင်းထောက်မစွာဖြင့် အဆိုပါဒေသတွင် အစပျိုးမှုအသစ်များ ထွက်ပေါ်လာခဲ့ပြီး ၎င်းသည် သီးနှံအလှည့်ကျစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများအား ၎င်းတို့၏ ဝင်ငွေ ရရှိ သည့် အရင်းအမြစ်များ တိုးလာစေခြင်းနှင့် ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် အထောက် အကူပြုလာမည်ဟု ရည်ရွယ်ပါသည်။

ဒေသခံတိုင်းရင်းသား မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် British American Tobacco (BAT) Company Kenya သည် Migori County ရှိ ဆေးရွက်ကြီးတောင်သူများအား ၎င်းတို့၏ ဝင်ငွေရရှိသည့် အရင်းအမြစ်များ တိုးလာစေခြင်းနှင့် စီးပွားရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို မြှင့်တင်ပေးရန် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်မှုကို မိတ်ဆက်ရန် ဆောင် ရွက်ခဲ့ကြပါသည်။

လက်ရှိလများစွာအတွင်း ထောပတ်သီးသည် သိသိသာသာ လူကြိုက်များလာခဲ့ပြီး ၎င်း၏ များစွာသော ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် စူပါအစားအစာအဖြစ် အမွှမ်းတင် ခံကြပါသည်။

ပြည်တွင်းပြည်ပနှစ်ခုစလုံးတွင် ဈေးကွက်သေချာသည့်အတွက် ယခုအချိန်တွင် BAT ကုမ္ပဏီသည် တောင်သူများအား အဆိုပါသီးနှံကို မိတ်ဆက်ခြင်းအားဖြင့် တောင်သူများသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို တိုးတက်လာစေမည်ဖြစ်သည့်အပြင် ၎င်း တို့၏ အဓိကဝင်ငွေရရှိသည့်အရင်းအမြစ်ဖြစ်သည့် ဆေးရွက်ကြီးအပေါ် မှီခိုမှု လျော့ကျလာ စေမည်ဟု မျှော်လင့်ထားကြောင်း (၁၇-၅-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https:// www.Freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source    https://www.freshplaza.com/asia/article/9530211/kenyan-farmers-switch-from-tobacco-to-avocado-farming/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ (၁၇) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ