အိန္ဒိယနိုင်ငံ၌ နှစ်ပတ်အတွင်း ဂျုံဈေးနှုန်း (၄ %) မြင့်တက်လာ

  • Thu, 25 May 2023

အိန္ဒိယနိုင်ငံ၌ နှစ်ပတ်အတွင်း ဂျုံဈေးနှုန်း (၄ %) မြင့်တက်လာ


နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် (၂)ပတ်အတွင်း ဂျုံဈေးသည် (၄ %)ကျော် မြင့်တက် လာခဲ့ပြီး ပုံမှန်အားဖြင့် ကောက်ပဲသီးနှံသစ်များပေါ်ပြီး ရောင်းလိုအားများသည့် ဧပြီလမှ ဇွန်လအထိ ရိတ်သိမ်းရာသီအတွင်း ပုံမှန်မဟုတ်သော ဖြစ်ပျက်မှုတစ်ခုဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားခဲ့ပါသည်။

ဂျုံဈေးများတက်လာရခြင်း၏ ဖြစ်နိုင်ခြေအကြောင်းရင်းတစ်ခုမှာ တောင်သူများသည် ဂျုံကို သိုလှောင်ထားခြင်းကြောင့်ဖြစ်သည်ဟု ၎င်းတို့က ဆိုပါသည်။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ မေလတွင် ဂျုံဈေးမြင့်တက်လာခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးဖြစ်ကြောင်း Shivaji Roller Flour Mill မှ ဝါရင့်ဂျုံထွက်ကုန်ပစ္စည်းထုတ်လုပ်မှု့နှင့် ဒါရိုက်တာ Ajay Goyal မှ ပြောကြားခဲ့ပါသည်။

လယ်သမားအချို့သည် ဈေးနှုန်းများမြင့်တက်စေရန် ဂျုံသီးနှံအသစ်များကို  သိုလှောင်နေခြင်းဖြစ်ကြောင်း ၎င်းက သံသယရှိနေပါသည်။

မေလ (၁၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ Food Corporation (FCI) သည် ဂျုံတန်ချိန် (၂၅.၉)သန်းကို ၀ယ်ယူခဲ့ပြီး ၂၀၂၂-၂၃ Rabi စျေးကွက်ရှာဖွေရေးရာသီတွင် စုစုပေါင်း ဂျုံ ဝယ်ယူမှု (၁၈.၈)မက်ထရစ်တန်နှင့် (၄၃%)မြင့်တက်ခဲ့သော်လည်း (၂၀၂၁-၂၂)ခုနှစ်၏ (၄၃.၃) မက်ထရစ်တန် စံချိန်တင်ဝယ်ယူမှုထက် သိသိသာသာလျော့နည်းသွားခဲ့ပါသည်။ အစိုးရသည် လက်ရှိစျေးကွက် ရှာဖွေရေးရာသီအတွက် ဂျုံဝယ်ယူရေးပစ်မှတ် (၃၄.၁၅)သန်းကို သတ်မှတ် ထားပါသည်။

ဒေလီလက်ကားဈေးများတွင် ဂျုံဈေးသည် ကြာသပတေးနေ့တွင် တစ် Quintal လျှင် ရူပီး (၂,၄၀၀-၂,၄၃၀)  ဝန်းကျင်ရှိပြီး လွန်ခဲ့သောတစ်ပတ်က တစ် Quintal လျှင် ရူပီး (၂,၃၀၀ - ၂,၃၂၀) ရှိကြောင်း ဂျုံထွက်ကုန်ပစ္စည်းထုတ်လုပ်သူများကပြောပါသည်။

အိန္ဒိယနိုင်ငံ၏ Roller Flour Millers' Federation of India (RFMFI) မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ Navneet Chitlangia က ပြီးခဲ့သည့် တစ်ပတ်အတွင်း နိုင်ငံ၏ဒေသအများစုတွင် ဂျုံစျေးနှုန်းများ (₹100-120/quintal)မြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျုံရိတ်သိမ်းရာသီ ကုန်ခါနီးအချိန်တွင် ဂျုံဝင်ရောက်မှု နည်းလာခဲ့ပြီး ဈေးနှုန်းတဖြည်းဖြည်း မြင့်တက်လာရန် မျှော်လင့်ထားကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

စျေးနှုန်းများ ခိုင်မာလာသော်လည်း စျေးနှုန်းပြောင်းလဲမှု တဖြည်းဖြည်း ပုံမှန် ဖြစ်လာမည်ဟု မျှော်လင့်ထားသောကြောင့် လုပ်ငန်းရှင်များမှာ များစွာစိုးရိမ်စရာမရှိကြောင်း၊ စျေးနှုန်းများ ဖြည်းဖြည်းနှင့် တည်တည်ငြိမ်ငြိမ် မြင့်တက်လာခြင်းသည် စက်မှုလုပ်ငန်းနှင့် ကုန်သွယ်မှုအတွက် ကောင်းမွန်ကြောင်း၊ ဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ထုတ်ကုန်များ အတွက် ၀ယ်လိုအားအသစ်များလည်း စျေးကွက်တွင် ဖြစ်ပေါ်လာနိုင်ကြောင်း၊ သို့သော် မမျှော်လင့်ထားသော ဈေးနှုန်းများ မြင့်တက်လာခြင်းသည် လုပ်ငန်းကို ခက်ခဲစေနိုင်ကြောင်း (၁၈.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော economictimes သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://economictimes.indiatimes.com/news/economy/agriculture/wheat-prices-rise-4-in-two-weeks/articleshow/100337983.cms

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ(၂၄) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ