တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးတင်ပို့မှုမြင့်တက်လာဖွယ်ရှိနေ

  • Thu, 25 May 2023

တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးတင်ပို့မှုမြင့်တက်လာဖွယ်ရှိနေ


ကမ္ဘာတစ်ဝှမ်း ဒူးရင်းသီးစားသုံးမှုများအရ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့ထက် ဒူးရင်းသီးစားသုံးမှုလျော့နည်းနေပါသည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတွင် အပူပိုင်းသစ်သီးဝလံများ ထုတ်လုပ်မှုသည် ကန့်အသတ်များ ရှိနေပြီး တင်သွင်းရန် လိုအပ်နေပါသည်။ တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးတင်ပို့မှုသည် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကိုတဖြည်းဖြည်းချင်း အကောင်အထည်ဖော်ခြင်း နှင့် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု သဘော တူညီချက်ကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြင့် တရုတ်နိုင်ငံသို့ ထိုင်းဒူးရင်းသီးတင်ပို့မှု မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း နန်နင်းမြို့ရှိ ထိုင်းတော်ဝင်ကောင်စစ်ဝန်ချုပ်၏ စီးပွားရေးကဏ္ဍဆိုင်ရာ ကောင်စစ်ဝန် Wanlada Ratanapanich က ပြောခဲ့ပါသည်။

တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံရှိ ဒူးရင်းစိုက်ပျိုးသူများအတွက် အရေးကြီးဆုံး တင်ပို့သည့်နေရာဖြစ်ကြောင်း Ratanapanich က ပြောခဲ့သည်။ (၂၀၂၂)ခုနှစ်တွင် ထိုင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုအရ အမေရိကန်ဒေါ်လာ (၄.၄၁) ဘီလီယံတန်ဖိုးရှိ သစ်သီးဝလံမျိုးစုံကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကာ ထိုအထဲတွင် ဒူးရင်းသီး၊ မင်းဂွတ်သီး နှင့် လောင်ဂန်သီး (၃)မျိုးသည် အများဆုံးတင်ပို့နိုင်ခဲ့သည့် သစ်သီးများ ဖြစ်ကြောင်းကို (၁၈.၅.၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် freshplaza.com ကွန်ယက် ၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source    Source https://www.freshplaza.com/asia/article/9530298/thai-durian-exports-to-china-are-expected-to-surge/

တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ(၂၄) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ