(၂၀၂၃) ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ကြက်သွန်တင်ပို့မှု (၆၄ %) မြင့်တက်

  • Thu, 1 June 2023

(၂၀၂၃) ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ကြက်သွန်တင်ပို့မှု (၆၄ %) မြင့်တက်


ပြည်ပဝယ်လိုအားခိုင်မာနေပြီး ရောင်းလိုအားမြင့်မားမှုများကြောင့် ၂၀၂၂-၂၃ ခုနှစ်တွင် ခြောက်နှစ်တာကာလအတွင်း ကြက်သွန်နီတင်ပို့မှု ပမာဏမှာ ၆၄ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပါသည်။ တန်ဖိုးအားဖြင့် ယခင်နှစ်ကထက် ကန်ဒေါ်လာ ၅၆၁ သန်းဖြင့် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် သီရိလင်္ကာနိုင်ငံတို့ကဲ့သို့ ကြီးမားသော ဝယ်ယူသူများမှ မြောက်များစွာဝယ်ယူမှုကြောင့် တင်ပို့မှု မြင့်တက်ခဲ့ပါသည်။

ဥယျာဉ်ခြံသီးနှံနှင့်ဟင်းသီးဟင်းရွက်ထွက်ကုန်တင်ပို့သူများအသင်း၏ ဥက္ကဌ Ajit Shah က ယခုနှစ်အတွက် ပို့ကုန်အလားအလာအားကောင်းနေကြောင်း ပြောကြားခဲ့ပါသည်။ သို့သော်လည်း ရာသီချိန်မဟုတ် မိုးရွာသွန်းမှုကြောင့် ကြက်သွန်နီထွက်ရှိမှု့နှင့် တင်ပို့မှု့ကိုအများအပြားထိခိုက်နိုင်ကြောင်း၊ ကြက်သွန်နီ အများအပြား ထွက်ရှိနိုင်သော်လည်း အရည်အသွေးကောင်း ကြက်သွန်ထုတ်လုပ်မှုနည်းပါးကြောင်း၊ လက်ရှိတွင် ကြက်သွန်နီများမှာအရည်အသွေးညံ့ပြီး မိုးမိကြက်သွန်များကြောင့် စျေးကွက် ကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့်တင်ပို့နိုင်မှုပမာဏမှာ မည်မျှရှိနိုင်ကြောင်းကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

2022-23 ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယမှ ကြက်သွန်နီ တန်ချိန် (670,000) ကျော်ဖြင့် အများဆုံးတင်သွင်းခဲ့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စုက တန်ချိန် (403,000) ဖြင့် လည်းကောင်း၊ မလေးရှားမှ တန်ချိန် (393,000) လည်းကောင်းနှင့် သီရိလင်္ကာမှ တန်ချိန် (270,000) ကျော်တို့ ဆက်လက်တင်သွင်းခဲ့ပါသည်။


ဆက်စပ် သတင်းများ