ထုတ်ကုန်အသစ်များ တိုးတက်ထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်သွားမည်

  • Thu, 1 June 2023

ထုတ်ကုန်အသစ်များ တိုးတက်ထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်သွားမည်


မကြာသေးမီနှစ်များအတွင်း ရိုးရာသစ်သီးဝလံများသည် ပြိုင်ဆိုင်မှုများ သိသိသာသာ ပြင်းထန်လာခဲ့ပြီး အမြတ်အစွန်းများလည်း တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့ပါသည်။ အခြား တစ်ဖက်တွင် တရုတ်၏ အလုပ်သမားငှားရမ်းခ ကုန်ကျစရိတ်များနှင့် ဝယ်ယူရေး ကုန်ကျစရိတ် များသည် ဆက်လက်မြင့်တက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာဈေးကွက်တွင် ပြည်တွင်းသစ်သီး ဝလံ ဈေးနှုန်းအသာစီးရရှိမှုမှာ ကျဆင်းလျက်ရှိခဲ့ပါသည်။ ထို့ကြောင့် သစ်သီးဝလံမျိုးစုံနှင့် ဆန်း သစ်သောထုန်ကုန်များ တိုးတက်ထုတ်လုပ်လာခြင်းသည် အရေးကြီးသော ဖြေရှင်းချက်များ ဖြစ်ပါသည်။

Guangdong Holyfresh Fruit ကုမ္ပဏီသည် ပြည်တွင်းထွက်ရှိသော စပျစ်သီးများနှင့် ရှောက်သံပုရာမျိုးရင်းဝင်များ တင်ပို့မှုအပေါ် အာရုံစိုက်လျက်ရှိပြီး ကိုယ်တိုင်လုပ်ဆောင် နေသော သစ်သီးခြံများစွာလည်းရှိပါသည်။ ဤကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Liao သည် လက်ရှိဈေးကွက်၌ စားသုံးမှုပမာဏမှာ လုံလောက်မှုမရှိဘဲ ယှဉ်ပြိုင်မှုများ ပြင်းထန်လျက်ရှိသောကြောင့် ထုတ်ကုန်သစ်များ တိုးတက်ထုတ်လုပ်ခြင်းသည် ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများထဲမှ တစ်ခု ဖြစ်မည်ဟု ယုံကြည်ခဲ့ပါသည်။

လွန်ခဲ့သော နှစ်နှစ်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင်ပင် ကျွန်ုပ်တို့၏ မူလပို့ကုန် အမျိုးအစားများ၏ ဈေးကွက်အမြတ်အစွန်းမှာ အတော်အသင့်တွင် ရှိနေဆဲ ဖြစ်ပါသည်။ ထို့နောက်တွင် ယှဉ်ပြိင်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ထုတ်ကုန်များ တူညီ နေခြင်းနှင့် ဈေးနှုန်းလျှော့ချသော ပြိုင်ဆိုင်ခြင်းဆိုင်ရာ ပြဿနာများမှာ ပို၍ ပို၍ ထင်ရှား လာခဲ့ပါသည်။ ကျွန်ုပ်တို့သည် အမြတ်အစွန်း ရရှိရေးကိုသာ ဆက်လက်လုပ်ဆောင်မည် (သို့မဟုတ်) ထုတ်ကုန်တံဆိပ်အပေါ် သာ အာရုံစိုက်မည်ဆိုပါက ၎င်းသည် ရှင်သန်ရန် ခက်ခဲပါသည်။ ကျွန်ုပ်၏ အမြင်အရ ထုတ်ကုန် မျိုးစုံထုတ်လုပ်ခြင်းနှင့် ထုတ်ကုန်သစ်များ တိုးတက် ထုတ်လုပ်နိုင်မည်ဆိုပါက အခက်အခဲများကို ထိုးဖောက်ကျော်လွှားနိုင်ပြီး အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်မှုနှင့် ဝယ်ယူရေးကွန်ယက်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရမည် ဖြစ်ပါသည်။

လက်ရှိတွင် ကျွန်ုပ်တို့သည် ပန်းသီး၊ သစ်တော်သီးနှင့် ဆီးသီးကဲ့သို့သော အမျိုးအစား အလိုက် ထုတ်ကုန်အသစ်များ တိုးတက်ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

တရုတ် နိုင်ငံတွင် ပန်သီးနှင့် သစ်တော်သီးများမှာ ထိပ်တန်းသစ်သီးဝလံ ပို့ကုန်နှစ်ခု ဖြစ်ပါသည်။ သို့ သော်လည်း ဈေးကွက်၌ ကွင်းဆင်းစစ်တမ်းများအရ ရိုးရာထုတ်လုပ်သည့် ဒေသများ ဖြစ်သော Shandong နှင့် Hebei တွင် ထုတ်ကုန်တိုးတက်ထုတ်လုပ်မှုတွင် ဆန်းသစ်တီထွင်မှုများ မရှိခြင်းနှင့် ထုတ်ပိုးမှုတွင် လိုအပ်ချက်များစွာရှိပြီး ပြုပြင်မွမ်းမံမှုများ မရှိသလောက် နည်းပါးသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ၎င်းသည် အခွင့်အလမ်းတစ်ခု ဖြစ်သည်ဟု ကျွန်ုပ်ထင်ပါသည်။ သစ်တော်သီးနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ စမ်းသပ်မှု အောက်တွင် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်အချို့ ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် များစွာသော ပြည်တွင်းစီးပွား ရေးလုပ်ငန်းများသည် ရှယ်ယာမက်လုံးများနှင့် ဝန်းထမ်း အကျိုးခံစားခွင့်များ ကဲ့သို့သော စီမံခန့်ခွဲမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ အားနည်းလျက် ရှိပါသည်။ ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုပုံစံများတွင် အားသာချက်အချို့ရှိပြီး ၎င်းသည် ဝန်ထမ်းများ၏ စိတ်အား ထက်သန်မှုကို အပြည့်အဝ ပေးစွမ်းနိုင်ပြီး လုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက် အကူဖြစ်စေမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။
ယခုနှစ် စပျစ်သီးတင်ပို့မှုနှင့်ပတ်သက်၍ အထွေထွေစီးပွားရေးပတ်ဝန်းကျင်၏ ရိုက်ခတ်မှုကြောင့် စားသုံးသူများ၏ ဝယ်လိုအားနှင့် မှာယူမှုပမာဏမှာ ကျဆင်းသွားခဲ့ပြီး ကုန်ပစ္စည်း အမြတ်အစွန်းများလည်း ကျဆင်းလာခဲ့ကြောင်း Mr. Liao က ပြောကြားခဲ့ ပါသည်။ စားသုံးမူအရှိန်လျော့ကျမှုကြောင့် ရောင်းအားလည်း ကျဆင်းလာခဲ့ပါသည်။

အခြားတစ်ဖက်တွင် ရိုးရာမျိုးကွဲများနှင့် ထုတ်ကုန်အသစ်များ ပေါင်းစပ်ခြင်းသည် စားသုံးသူများအကြား ရေပန်းစားလာသည်ကို Mr. Liao က လေ့လာတွေ့ရှိခဲ့ပါသည်။ ရိုးရာ မျိုးကွဲများအပြင် ပြည်ပဈေးကွက်များတွင်လည်း ထုတ်ကုန်အသစ်များနှင့် အသေးစား ထုတ်ကုန်များ လိုအပ်လျက်ရှိပါသည်။ စားသုံးသူများသည် မျိုးကွဲ ၃ မျိုးမှ ၅ မျိုးအထိ ပါဝင်သော "ရိုးရာမျိုးကွဲ များနှင့် ထုတ်ကုန်အသစ်များ"ကို ပေါင်းစပ်ရန် ဆန္ဒရှိနေပြီး ၎င်းသည် ဈေးကွက် အန္တရာယ်များကို လျော့ချနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်ပါသည်။

ထို့ပြင် Mr. Liao သည် ထုတ်ကုန်အသစ်များ၏ ရောင်းချချိန်တိုတောင်းမှုနှင့် လတ်ဆတ်စွာ ထားသိုမှုနည်းပညာအခက်အခဲများအကြောင်း ပြောကြားခဲ့ပါသည်။ ထုတ်ကုန်အသစ်များအပေါ် အာရုံစိုက်မှုများ မြင့်တက်လာပြီးနောက် ဈေးကွက် အမြတ်အစွန်းများစွာ ရရှိလာနိုင်သည့်အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ရန် အချိန်နှင့် ငွေပမာဏအချို့ ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

Guangdong Holyfresh Fruit ကုမ္ပဏီတွင် ကိုယ်ပိုင်အမှတ်တံဆိပ်များဖြစ်သော Sprifresh နှင့် Holyfresh တို့ရှိပြီး ၎င်းထုတ်ကုန်များအား အရှေ့တောင်အာရှနိုင်ငံများ၊ အရှေ့ အလယ်ပိုင်းဒေသများ၊ ရုရှား၊ အမေရိကန်၊ ကနေဒါ၊ ဩစတေးလျနှင့် အခြားသောနေရာများသို့ တင်ပို့လျက်ရှိခဲ့ပါကြောင်း(၂၄-၅-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.fresh plaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source    https://www.freshplaza.com/asia/article/9531911/we-will-increase-investment-in-the-development-of-new-products/

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ (၂၄) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ