ကယ်လီဖိုးနီးယားတွင် ချယ်ရီသီးများ ထုတ်လုပ်မှု စတင်နေ

  • Thu, 1 June 2023

ကယ်လီဖိုးနီးယားတွင် ချယ်ရီသီးများ ထုတ်လုပ်မှု စတင်နေ


သစ်သီးဝလံကမ္ဘာသည် ရာသီပေါ်အသီးများနှောင့်နှေးမှု့နှင့် စတင်မိတ်ဆက်ခဲ့ပြီး၊ ယခုအခါတွင် အစောဆုံးရင့်မှည့်သည့် ချယ်ရီမျိုးများဖြစ်သည့် Hazel နှင့် Royal Lynn တို့ကို ပို့ဆောင်နေပြီး Coral မျိုးများအား  မကြာမီ ထပ်မံပို့ဆောင်ပေးမည်ဖြစ်ပါသည်။

ယခုနှစ်တွင် နွေဦးဝတ်မှုန်ကူးမှု တုံ့ဆိုင်းသွားခြင်းကြောင့် သစ်သီးခြံထဲတွင် မညီညာသော ရင့်မှည့်မှုကို ဖြစ်စေကြောင်း အရောင်းဒါရိုက်တာ Cindy Richter က ပြောပါသည်။ ချယ်ရီသီးခင်းတစ်ကွက်ချင်းစီကို အကြိမ်ပေါင်းများစွာ ရိတ်သိမ်းရမှာဖြစ်ကြောင်း၊ အသီးအနှံများ ကို အရောင်အသွေး၊ အရွယ်အစားနှင့် အရည်အသွေးကို ရွေးချယ်ပေးရသောကြောင့် ထုတ်လုပ်မှု့ ကုန်ကျစရိတ်တိုးစေကြောင်းပြောပါသည်။

အော်ဂဲနစ်ချယ်ရီသီးများကို စျေးကွက်သို့ ပို့ဆောင်ရာတွင် Fruit World သည် ယခုနှစ်နွေဦးရာသီ၏ လက်လီထုတ်လုပ်မှုကဏ္ဍကို မြင့်မားတောက်ပလာစေရန် ကူညီပေးပါသည်။ လက်လီ လုပ်ဖော်ကိုင်ဖက်များသည် ယခုနွေရာသီတွင် ၎င်းတို့၏စျေးဝယ်သူများအား အော်ဂဲနစ် အသီးအနှံများကို ရောင်းချခြင်းဖြင့် အရောင်းမြှင့်တင်ရန်မျှော်လင့်နေပြီး မှတ်ပုံတင်ခြင်းတွင် ပိုမိုမြင့်မားသောအခွင့်အလမ်းများ ရရှိစေကြောင်း Richter မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

မိမိလိုချင်သော ထုတ်ကုန်ရရှိနိုင်မှုအကန့်အသတ်နှင့် ထုတ်လုပ်မှု့ရာသီတိုတောင်းမှု့ကြောင့် သစ်သီးဝယ်ယူမှုများ မြင့်မားလာပြီး ၎င်းသည် ရာသီတိုင်းတွင်ဖောက်သည်များအား ပေးစွမ်းနိုင်သော အရောင်းအ၀ယ်အခွင့်အလမ်း တစ်ခုဖြစ်လာကြောင်း CEO Bianca Kaprielian မှပြောကြားခဲ့ပါသည်။

အော်ဂဲနစ်ချယ်ရီသီးများအပြင် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများသည် အော်ဂဲနစ် တရုတ်ဇီးသီး၊ မက်မန်း နှင့် မက်မွန်သီးများကို ထုတ်လုပ်လာပါသည်။ ၎င်း၏ ခြောက်နှစ်မြောက် အထိမ်းအမှတ် အဖြစ် Fruit World သည် အော်ဂဲနစ်သီးနှံများ ရာသီအလိုက် သစ်သီးများကို  လက်လီရောင်းချသူများထံ ယခင်ကထက် ပိုမိုရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများ မြင့်မားလာစေရန် ကတိပြုထားသည့် လက်ဆောင်ဖြစ်ပါသည်။
Masumoto မိသားစုကဲ့သို့ ကယ်လီဖိုးနီးယားသစ်သီးစိုက်ပျိုးသူများနှင့် ပူးပေါင်းမှုများရှိကြောင်း Kaprielian မှပြောကြားခဲ့ပါသည်။

ပဉ္စမမြောက်မျိုးဆက်လယ်ယာမိသားစုသည် ချိုင့်ဝှမ်းရှိ ရှေးအကျဆုံး မျိုးစိတ်များထဲမှ တစ်ခုဖြစ်သည့် Rose Diamond nectarine နှင့် Suncrest peach ကဲ့သို့သော အမွေအနှစ်မျိုးများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စိုက်ပျိုးခဲ့ပါသည်။

ယခုရာသီတွင် Blossom Hill ဆီးသီး ၏ တန်ဖိုးကို ကမ်းလှမ်းရန် စိတ်လှုပ်ရှားနေကြောင်း Kaprielian က ထပ်လောင်းပြောကြားခဲ့ပါသည်။ ၎င်းသည် မြင့်မားသော အချိုရည်ပါဝင်မှု၊ သာလွန်ကောင်းမွန်သော စားသုံးမှုအရည်အသွေးနှင့် အရသာတို့ပါဝင်ပြီး လက်လီရောင်းချသူများ နှင့် အိမ်အရောက်ပို့ဆောင်သည့်ကုမ္ပဏီများကို စရိတ်သက်သာသောရွေးချယ်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း (၂၄.၅.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော fresh plaza website ၏ သတင်း ဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.freshplaza.com/asia/article/9531938/california-cherry-production-gets-underway/

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ မေလ(၂၇) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ