ဝယ်လိုအား မြင့်တက်လာမှုကြောင့် အိန္ဒိယ၏ ကော်ဖီ

  • Thu, 1 June 2023

ဝယ်လိုအား မြင့်တက်လာမှုကြောင့် အိန္ဒိယ၏ ကော်ဖီ


တင်ပို့မှုသည် ၂၀၂၃-၂၄ တွင် ၂% တိုးတက်မည်ဟု USDA ခန့်မှန်း လက်ရှိစျေးနှုန်းများသည် နိုင်ငံတကာဝယ်လက်များကို အမှာစာကြီးကြီးတင်ခြင်းမှ အကန့်အသတ်ဖြစ်နေသည်ဟု ကုန်သွယ်မှု့သတင်းရင်းမြစ်များမှ အရိပ်အမြွက်ပြော ကြားပါသည်။ အမေရိကန် စိုက်ပျိုးရေးဌာန၏ အိန္ဒိယအခြေစိုက်ဒေသဆိုင်ရာရုံး၏ အဆိုအရ အိန္ဒိယမှ ကော်ဖီတင်ပို့မှုသည် အောက်တိုဘာလတွင် စတင်မည့် ၂၀၂၃-၂၄ စျေးကွက်နှစ် တွင် ၂% တိုးလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ ဤတိုးတက်မှုသည် (၆၀) ကီလိုဂရမ်အိတ် (၆.၃) သန်း (တန်ချိန် ၃ ဒသမ ၈ သိန်းနှင့် ညီမျှသည်) ထွက်လာမည်ဟု မျှော်လင့်ရသည်။

Post's ၏နောက်ဆုံးထွက်ရှိချက်သည် ပို့ကုန်ဈေးကွက်တွင် အိန္ဒိယကော်ဖီဝယ်လိုအားသည် ၂၀၂၃-၂၄ ခုနှစ်တစ်လျှောက်လုံး အားကောင်းနေဦးမည်ဟု ခန့်မှန်း ထားသည်။  ကော်ဖီ တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ Ramesh Rajah က အိန္ဒိယ  ရိုဘတ်စတာကော်ဖီဝယ်လိုအားကောင်းနေပြီး အထူးသဖြင့် ချယ်ရီရောင်ရိုဘတ်စတာကော်ဖီများသည် စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယန္တယားအဖြစ်ရှုမြင်ပါသည်။ ကျွန်ုပ်တို့သည် အာရေဗီကာ တင်ပို့မှုတွင် ကြီးမားစွာ မြင့်တက်ခြင်းမရှိသော်လည်း ဈေးနှုန်းသက်သာသော ရိုဘတ်စတာ အတွက် ဝယ်လိုအား ကောင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ အားနည်းသော စီးပွားရေးအခြေအနေများ၏ အကျိုးသက်ရောက်မှုသည် ရိုဘတ်စတာကော်ဖီ၏ ဝယ်လိုအားမြင့်တက်မှုကို တွန်းအားပေးသကဲ့သို့ဖြစ်နေသည်ဟု ရှုမြင်ပါသည်။

USDA ၏ နောက်ဆုံးအချက်အလက်များအရ အိန္ဒိယနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် လက်ရှိ ၂၀၂၂-၂၃ ခုနှစ်အတွက် တစ်အိတ်လျှင် (၆၀) ကီလိုဂရမ်အလေးချိန်ရှိသည့် ကော်ဖီအိတ်ပေါင်း (၆.၂၂၅) သန်းအထိရှိခဲ့ပါသည်။ ၂၀၂၂-၂၃ ရာသီ၏ လက်ရှိကာလဖြစ်သည့် အောက်တိုဘာလမှ မေလ ၁၅ ရက်နေ့အထိ တင်ပို့မှု ပမာဏမှာ တန်ချိန် (၂.၃၈) သိန်းခန့်ရှိခဲ့ပြီး ယခင်နှစ်တင်ပို့ခဲ့သည့်  ကော်ဖီတန်ချိန် (၂.၆၅) သိန်းနှင့် နှိုင်းယှဉ်ပါက (၁၀) ရာခိုင်နှုန်းခန့် ဆင်းခဲ့ကြောင်း Coffee Board Data မှ ဖော်ပြခဲ့သည်။

အိန္ဒိယကော်ဖီ၏ စိုက်ခင်းထွက်စျေးနှုန်းများသည် လက်ရှိတွင် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကာ အဓိကအားဖြင့် ကမ္ဘာ့ရောင်းလိုအားပြဿနာများကြောင့် နိုင်ငံတကာစျေးနှုန်းများ မြင့်တက်လာစေရန်ဦးတည်နေခြင်းဖြစ်သည်။အိန္ဒိယဈေးကွက်နှစ်၏ အစဖြစ်သော (၂၀၂၂) ခုနှစ် အောက်တိုဘာလမှစတင်၍ အခွံပါးအာရေဗီကာကော်ဖီနှင့် ချယ်ရီရောင် ရိုဘတ်စတာ ကော်ဖီသီးတို့သည် (၉) ရာခိုင်နှုန်းနှင့် (၂၄) ရာခိုင်နှုန်း အသီးသီးမြင့်တက် ခဲ့ပါသည်။

အမေရိကန်စိုက်ပျိုးရေးဌာန (USDA) အစီရင်ခံစာ မှ ၂၀၂၃-၂၄ ခုနှစ် စျေးကွက်နှစ်အတွက် ကော်ဖီထုတ်လုပ်မှုသည် အိတ်ပေါင်း  (၅.၈) သန်းအထိရှိလာမည်ဖြစ်ပြီး အာရဗီကာတန်ချိန် (၇၃,၈၀၀) နှင့် ရိုဘတ်စတာ တန်ချိန် (၂.၇၄) သိန်းအထိရှိလာမည်ဟု ခန့်မှန်းထားသည်။ ဤခန့်မှန်းချက်သည်  လက်ရှိနှစ်အတွက် ခန့်မှန်းထားသည့် အိတ်ပေါင်း (၆.၂၅) သန်းထက် နည်းပါးကြောင်း (၂၄.၅.၂၀၂၃)ရက်နေ့ Krishijagran.com ကွန်ရက်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးအရသိရှိရပါ သည်။

Source    https://krishijagran.com/news/indias-coffee-exports-to-grow-by-2-in-2023-24-on-rising-demand-usda-forecast/?utm_source=izooto&utm-medium=on site_interactions&utm_campaign= Exit-Intent_Recommendations

တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ မေလ(၃၁) ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်‌ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ