ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်သွန်နီတင်သွင်းမှုနှင့်ပတ်သက်၍ ချီတုံချတုံ ဖြစ်နေဆဲ

  • Mon, 26 June 2023

ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနသည် ကြက်သွန်နီတင်သွင်းမှုနှင့်ပတ်သက်၍ ချီတုံချတုံ ဖြစ်နေဆဲ


လွန်ခဲ့သည့်  ရက်အနည်းငယ်က  အနည်းငယ်ကျဆင်းခဲ့သည့်  ကြက်သွန်နီဈေးနှုန်း များသည် မြို့ပြဒေသအသီးသီးတွင် လက်လီဈေးနှုန်း တစ်ကီလိုလျှင် (၈၀-၉၅) တာကာအထိ အင်္ဂါနေ့မှ စတင်ကာပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။

ဒါကာရှိ Rayer Bazaar မီးဖိုချောင်ဈေးမှ ရောင်းချသူတစ်ဦးက Shyambazar၊ Karwanbazar နှင့် Beribandh လက်ကားဆိုင်များ၌ ယနေ့တွင် ဈေးနှုန်းများ မြင့်တက် လာခဲ့ပြီး ကြက်သွန်နီတစ်ကီလိုကို (၇၈) တာကာရှိနေပြီး တနင်္လာနေ့က တစ်ကီလိုကို (၇၁) တာကာ နှင့် ဝယ်ခဲ့ရကြောင်းပြောပါသည်။

Shyambazar ရှိ ဟင်းခတ်အမွှေးအကြိုင်ကုန်သည်တစ်ဦးမှ ကြက်သွန်နီတင်သွင်းမှု မရှိသည့်အတွက် ကြက်သွန်နီဈေးသည် လက်ကားရောင်းချမှု တာကာငွေ (၁၀၀)ထက်ပင် ကျော်လွန်သွားနိုင်ကြောင်း ပြောကြားခဲ့သည်။ အဓိကအချက်အချာကျသော ဒေသများတွင် ကြက်သွန်နီထုတ်လုပ်မှုမှာ ယခုနှစ်တွင် သိသိသာသာ ကျဆင်းသွားကြောင်း သူက ပြောပါသည်။

သို့သော်လည်း Rajbari , Faridpur ,  Gopalganj, Pabna ဒေသများရှိ ကုန်သည်ကြီးများ နှင့် အခြားသော အချက်အချာကျသောနေရာများတွင် Eid-ul-Azha ပွဲတော် မတိုင်မီ အမြတ်အစွန်းရစေရန် ကြက်သွန်အများအပြားကို သိုလှောင်ထားသည်ဟု သူက ဆိုသည်။

Shyambazar အခြေစိုက် ဟင်းခတ်အမွှေးအကြိုင်ကုန်သည်နှင့် တင်သွင်းသူ တစ်ဦးက အိန္ဒိယတင်ပို့ရောင်းချသူ အများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ နှုတ်မိန့်ဖြင့် ခွင့်ပြုလာပါက ကြက်သွန်နီများ  တင်ပို့ရန်  အသင့်ရှိကြောင်း  ပြောကြားခဲ့သည်။

ရက်အတော်ကြာ ကုန်ဆုံးခဲ့ရသော်လည်း ခွင့်ပြုချက်မရခဲ့သဖြင့် ၎င်းတို့သည် အိန္ဒိယ နယ်စပ်ရှိ Hili နယ်စပ်မှတစ်ဆင့် ၎င်းတို့၏ ကုန်တင်ကားများကို လှည့်ပြန်ခိုင်းခဲ့ကြောင်းကို www.freshplaza.com ကွန်ယက်၏ ဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source    https://www.freshplaza.com/asia/article/9534334/agri-ministry-bangladesh-still-hesitant-about-onion-imports/

တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်််ပျိုးရေးဦးစီးဌာန
ရက််စွဲ    ၂၀၂၃ ခုနှစ်၊ ဇွန်လ(၇)ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ