အိန္ဒိယအစိုးရသည် ပြည်နယ်တစ်ခုစီတွင် ကောက်ပဲသီးနှံကုန်လှောင်ရုံ (ဂိုဒေါင်)များ ဆောက်လုပ်သွားမည်

  • Mon, 26 June 2023

အိန္ဒိယအစိုးရသည် ပြည်နယ်တစ်ခုစီတွင် ကောက်ပဲသီးနှံကုန်လှောင်ရုံ (ဂိုဒေါင်)များ ဆောက်လုပ်သွားမည်


အိန္ဒိယအစိုးရသည် သမဝါယမအသင်းအဖွဲ့များအောက်တွင် ခန့်မှန်းခြေငွေပမာဏ ရူပီးကုဋေ (၁) သိန်း အချိုးကျနှုန်းဖြင့် နိုင်ငံအတွင်းရှိ ‌ပြည်နယ်တစ်ခုစီတွင် “ကမ္ဘာ့ အကြီးဆုံး ကောက်ပဲသီးနှံ သိုလှောင်မှုအစီအစဉ်” ဖြင့် ကုန်လှောင်ရုံများ စတင်ဆောက်လုပ် သွားမည့် အစီအစဉ်ကို မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ အစိုးရအဖွဲ့ ရှင်းလင်းပွဲများ အပြီးတွင် ဝန်ကြီး Anurag Thaku က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

ဤအစီအစဉ်သည် အခြားသောအစီအစဉ်များအတွက် အချိုးကျသတ်မှတ် ပေးထား သော ဘဏ္ဍာငွေများကို အကျိုးရှိရှိ အသုံးချသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်အောက်တွင် တန်ချိန် (၂၀၀၀) ဆံ့သော ကုန်လှောင်ရုံတစ်ခုစီအား ပြည်နယ်တစ်ခုစီတွင် ဆောက်လုပ် သွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်အတွက် ဝန်ကြီးဌာနများစွာ ပါဝင်သော ကော်မတီတစ်ခု ဖွဲ့စည်းမည် ဖြစ်ပါသည်။ ၎င်းအစီအစဉ်သည် ကုန်လှောင်ရုံ ရှားပါးခြင်းကြောင့် ကောက်ပဲ သီးနှံများ ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်ခြင်း၊ တောင်သူလယ်သမားများ သီးနှံရောင်းချ ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တားဆီးနိုင်ခြင်း၊ သွင်းကုန်များ တင်သွင်းမှုအပေါ် မှီခိုမှု လျှော့ချနိုင်ခြင်းနှင့် အိန္ဒိယနိုင်ငံ၏ ကျေးလက်ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့် အထောက်အပံ့များ ရရှိစေမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ ပါသည်။


၎င်းအစီအစဉ်သည် တောင်သူလယ်သမားများ၏ ထွက်ကုန်များအတွက် ဈေးနှုန်းကောင်းများ ရရှိစေရုံသာမက သယ်ယူပို့ဆောင်စရိတ်များ လျှော့ချစေနိုင်သည့်အပြင် စားနပ်ရိက္ခာဖူလုံမှုကို မြှင်တင်နိုင် စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

တောင်သူလယ်သမားများသည် ၎င်းတို့၏ ထွက်ကုန်များအား အဆိုပါ ကုန်လှောင်ရုံများ တွင် သိုလှောင်နိုင်သည့်အပြင် အဆိုပါသမဝါယမအသင်းအဖွဲ့များမှလည်း (၇၀%)သော ချေးငွေများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်အား ပြည်နယ် (၁၀) ခုတွင် ရှေ့ ပြေး စတင်ဆောင်ရွက်မည်ဖြစ်ပြီး ထို့နောက်တွင် ကျန်ဒေသများတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ သမဝါယမကဏ္ဍတွင် အိန္ဒိယ၏ ကောက်ပဲသီနှံသိုလှောင်မှုပမာဏကို တန်ချိန် (၇၀) သန်းအထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားပါသည်။ နိုင်ငံ၏ လက်ရှိ ကောက်ပဲသီးနှံ သိုလှောင်မှု ပမာဏမှာ တန်ချိန် (၁၄၅) သန်းခန့် ရှိပါသည်။ နောက်လာမည့် (၅) နှစ်အတွင်း တန်ချိန် (၂၁၅) သန်း တိုးချဲ့သွားမည်ဖြစ်ပါကြောင်း Thakur က ပြောကြားခဲ့ပါသည်။ ကောက်ပဲ သီးနှံ သိုလှောင်မှုအတွက် ကုန်လှောင်ရုံကဲ့သို့သော အခြေခံအဆောက်အဦများ ဖန်တီး ဆောက်လုပ်ခြင်း လုပ်ငန်းစဉ်ကို စိုက်ပျိုးရေးဆိုင်ရာ ချေးငွေအဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင် အဖွဲ့အစည်းများမှ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း (၁-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://econo mictimes.indiatimes.com ၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။

Source    https://economictimes.indiatimes.com/news/economy/agriculture/cabinet-okays-rs-1-lakh-cr-to-create-grain-storage-capacity-in-coop erative-sector/articleshow/100657291.cms

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇွန်လ(၇) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ