ဩစတြေးလျသစ်သီးဝလံစိုက်ပျိုးသူများသည် တရုတ်နိုင်ငံ၏ကုန်သွယ်မှုကန့်သတ်ချက်များရုတ်သိမ်းပြီးနောက် ဝင်ငွေအများအပြားရရှိရန် မျှော်လင့်လျက်ရှိ

  • Mon, 26 June 2023

ဩစတြေးလျသစ်သီးဝလံစိုက်ပျိုးသူများသည် တရုတ်နိုင်ငံ၏ကုန်သွယ်မှုကန့်သတ်ချက်များရုတ်သိမ်းပြီးနောက် ဝင်ငွေအများအပြားရရှိရန် မျှော်လင့်လျက်ရှိ



(၂)နှစ်အကြာ ကုန်သွယ်မှုကန့်သတ်ချက်များ ပြုလုပ်ပြီးနောက်တွင် သြစတြေးလျ ပို့ကုန်များ ပြန်လည်စတင်ရန်အတွက် တရုတ်တာဝန်ရှိသူများက ယခုသီတင်းပတ်တွင် အချက် ပြခဲ့ပါသည်။ ဤကုန်သွယ်မှု ကန့်သတ်ချက်များ ရုတ်သိမ်းခြင်းသည် သရက်သီး နှင့် ရှောက်၊ သံပုရာ မျိုးရင်းဝင် အသီးတို့ပါဝင်ပြီး သြစတြေးလျ ပြည်တွင်း ထုတ်လုပ်သူများအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခု ဖြစ်ပါသည်။ လိမ္မော်သီး၊ ဇီးသီး၊ သရက်သီးနှင့် ချယ်ရီသီး ထုတ်လုပ်သူများသည် ၎င်းတို့၏ထုတ်ကုန်များကို အကျိုးအမြတ်များသော အဆိုပါဈေးကွက်သို့ တင်ပို့နိုင်ပြီဖြစ်ပါသည်။


Australian Mango Industry Association ၏ အမှုဆောင်အရာရှိချုပ် Mr.Brett Kelly ၏ အဆိုအရ တရုတ်ဈေးကွက်သည် ဒေါ်လာသန်းရာနှင့်ချီ တန်ဖိုးရှိနိုင်ကြောင်း၊ တရုတ် နိုင်ငံသည် အထူးသဖြင့် လူလတ်တန်းစားများအတွက် အဓိကအခွင့်အလမ်းဖြစ်ပြီး အစဉ်အမြဲ တိုးတက်လျက်ရှိကြောင်း၊ ထို့ကြောင့် သြစတြေးလျစိုက်ပျိုးသူများအတွက် အဆိုပါ ဈေးကွက်၏ အလားအလာသည် ကြီးမားကြောင်းပြောကြားခဲ့ပါသည်။


သြစတြေးလျသည် COVID-19 ကပ်ရောဂါ၏ ဇစ်မြစ်ကို လွတ်လပ်သော သီးခြား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုပြီးနောက် 2020 ခုနှစ်တွင် တရားဝင် နှင့် တရားဝင် မဟုတ်သော တရုတ်ကုန်သွယ်မှု ကန့်သတ်ချက်ပို့ကုန်များ စာရင်းတစ်ခုအဖြစ် သစ်သီးဝလံ ပါဝင်ခဲ့ပါကြောင်း (၇.၆.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေသော Fresh Plaza ကွန်ရက်ဆောင်းပါး သတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9535878/australian-fruit-growers-hope-to-earn-big-after-china-lifts-trade-barriers/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ ( ၁၄ ) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ