ဖိလစ်ပိုင်မှ လတ်ဆတ်သော သရက်သီးများ သြစတြေးလျသို့ တင်ပို့မည်

  • Mon, 26 June 2023

 ဖိလစ်ပိုင်မှ လတ်ဆတ်သော သရက်သီးများ သြစတြေးလျသို့ တင်ပို့မည်




ဖိလစ်ပိုင်သည် ၎င်း၏သရက်သီးများကို သြစတြေးလျသို့ တင်ပို့တော့မည် ဖြစ်ကြောင်း သိရှိရပါသည်။ ကင်ဘာရာမြို့ရှိ ဖိလစ်ပိုင်သံရုံးမှ သြစတြေးလျသို့ လတ်ဆတ်သော သရက်သီး များ တင်ပို့ရောင်းချမှုသည် ကြာမြင့်စွာစောင့်မျှော်ခဲ့ရပြီး ယနေ့တွင်လက်တွေ့ဖြစ်လာကြောင်း ဖော်ပြခဲ့ပါသည်။ ဤတင်ပို့မှုသည် ဆစ်ဒနီအခြေစိုက်  ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ် ငန်း၊ e-Commerce နှင့် Fastboxph တို့၏ ပူးပေါင်းဆောင်ရွက်မှုအပါအဝင် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှုနှင့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများအတွက် တစ်နေရာတည်းတွင် ချိတ် ဆက်ဆောင်ရွက်ပေးသည့် 1Export တို့၏ ပူးပေါင်းကြိုးပမ်းမှုများမှတစ်ဆင့် ဖြစ်ပေါ်လာ သော မှတ်တိုင်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

 

ဖိလစ်ပိုင်သည် သရက်သီးလုပ်ငန်းနှင့် ပတ်သက်၍ သိသာထင်ရှားသော အားသာ ချက်မှာ တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်ခြင်းဖြစ်ပါသည်။ သြစတြေးလျ၏ သရက်သီး ရာသီသည် စက်တင်ဘာလမှ ဧပြီလအထိ ဖြစ်ပါသည်။ ထို့ကြောင့် ဆောင်းရာသီတွင် လတ်ဆတ်သော သရက်သီးများကို ပံ့ပိုးပေးခြင်းအားဖြင့် ဖိလစ်ပိုင်နှင့် သြစတြေးလျ (၂)နိုင်ငံ အတွက် နိုင်ငံတော်ဘဏ္ဍာကို တစ်သမတ်တည်း ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။


ဩစတြေးလျမှ ဖြန့်ဖြူးရောင်းချသူများနှင့် လက်လီရောင်းချသူများသည် ယခုအခါ ဖိလစ်ပိုင်မှ လတ်ဆတ်သော သရက်သီးများကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပါကြောင်း (၇.၆.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေသော Fresh Plaza ကွန်ရက်ဆောင်းပါးသတင်းအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9535874/fresh-mangoes-from-the-philippines-about-to-arrive-in-australia/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ