ဥရောပအာလူးဈေးကွက်တွင် မကြုံစဖူးဈေးနှုန်းများမြင့်မားပြီး ပစ္စည်းပြတ်တောက်မှုများဖြစ်

  • Mon, 26 June 2023

 ဥရောပအာလူးဈေးကွက်တွင် မကြုံစဖူးဈေးနှုန်းများမြင့်မားပြီး ပစ္စည်းပြတ်တောက်မှုများဖြစ်



ဥရောပအာလူးဈေးကွက်တွင် မကြုံစဖူးဈေးနှုန်းများမြင့်မားပြီး ပစ္စည်းပြတ်တောက်မှုများဖြစ်ပေါ် 

အာလူးဈေးကွက် ယခုကဲ့သို့ မြင့်မားမှုကို တခါမှမတွေ့ဖူးကြောင်း ဒတ်ခ်ျကုမ္ပဏီ Rola Fresh မှ Robert Voskamp က ပြောပါသည်။ အာလူးအလုံးသေးဈေးသည် လက်ရှိတွင် တစ်ကီလိုလျှင် ယူရို (၁.၇၀)မှစပြီး (၂)ယူရိုအထက်တွင် ရောက်ရှိနေကြောင်း၊ ၎င်းသည် မကြုံ စဖူး ဈေးနှုန်းမြင့်တက်မှု ဖြစ်ကြောင်း၊ အခွံနီအာလူးများသည် အကြီးမားဆုံးပြတ်လပ်မှုဖြစ်ပြီး ဥရောပ မည်သည့်နေရာတွင်မှ ရှာမတွေ့ကြောင်း ၎င်းကပြောပါသည်။


ယခင်နှစ်၏ အာလူးတူးဖော်မှုသည် အလွန်စိတ်ပျက်ဖွယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဥရောပ တစ်ခွင်၌ နှောင့်နှေးနေကြောင်း၊ အာလူးအများစုကို အစ္စရေးမှတင်သွင်းပြီး အနည်းစုကို ပြင်သစ်မှ တင်သွင်းနေကြောင်း၊ ၎င်းတို့သည် အာလူးကောင်းများ ဖြစ်သော်လည်း အများစုမှာ တူးဖော်ဆဲဖြစ်ကြောင်း Robert က ရှင်းပြပါသည်။ အာလူးအဟောင်းများကို ပြင်သစ်နိုင်ငံမှ တင်သွင်းနေရဆဲဖြစ်ပြီး အရည်အသွေးများ မကောင်းတော့ကြောင်း၊ သို့သော် ပိုမိုကောင်းမွန်သော ရွေးချယ်စရာ မရှိသည့်အတွက် စျေးကွက်က လက်ခံကြောင်း ၎င်းကပြောပါသည်။

 

ဥရောပ အနောက်မြောက်ပိုင်းတွင် အာလူးများ တူးဖော်နေရဆဲဖြစ်ကြောင်း၊ အာလူးများသည် ယခုအချိန်ထိ ကောင်းမွန်နေသော်လည်း တူးဖော်ချိန်နှောင့်နှေးနေကြောင်း၊ စျေးကွက်များထဲတွင် ဒေသထွက်အာလူးများရှိသော်လည်း အများစုသည် အခွံရှုံ့နေကြောင်း၊ ယင်းပြတ်လပ်မှုသည် လာမည့်လတွင် ဆက်ရှိနေမည်ဖြစ်ကြောင်း ဥရောပတစ်ခွင်သို့ အာလူး ရောင်းချနေပြီး ဒူဘိုင်းကဲ့သို့ ပြည်ပဈေးကွက်များကို ဝန်ဆောင်မှုပေးနေသည့် ဒတ်ချ် တင်ပို့သူများမှ ပြောပါသည်။


ပြင်သစ်အာလူးများအတွက် Rola Fresh သည် Pom'Alliance နှင့် လုပ်ငန်း တွဲဖက်လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းတို့သည် လက်လီအရောင်းဆိုင်ကြီးများကို တိုက်ရိုက် ရောင်းချကြောင်း၊ အများစုသည် ဖောက်သည်များဖြစ်ပြီး စူပါမားကတ်များတွင်လည်း ဝန်ဆောင်မှုများ ပေးကြောင်း၊ ဥပမာအားဖြင့် နော်ဝေ စတိုးဆိုင်အများအပြား၌ အခွံရှုံ့အာလူးများ ရောင်းချကြောင်း၊ Jazzy နဲ့ Amandine သည် လူကြိုက်အများဆုံး မျိုးကွဲများဖြစ်ကြောင်း၊ အာလူးအထွက်နှုန်း ကျဆင်းမှုသည် ကုမ္ပဏီကိုမထိခိုက်ကြောင်း၊ အာလူးများသည် တစ်နှစ် ပတ်လုံး ရောင်းအားကောင်းနေကြောင်း၊ ယူကရိန်းကဲ့သို့သော နိုင်ငံမျိုးတွင် စစ်ပွဲများဖြစ်နေ သော်လည်း အာလူးအမြောက်အများ မှာယူနေကြဆဲဖြစ်ကြောင်း (၈.၆.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh plaza website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9536026/major-shortages-and-unprecedented-high-prices-in-the-european-potato-market/

တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ ဇွန်လ (၁၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ