ဗီယက်နမ်ဆန်ဈေးနှုန်းများ ကုန်အဝင်နည်းနေချိန်တွင် မြင့်တက် နေပြီး၊ ကုန်သည်များမှ အယ်လ်နီညိုဘေးအန္တရာယ်များကို ထောက်ပြ

  • Mon, 26 June 2023

 ဗီယက်နမ်ဆန်ဈေးနှုန်းများ ကုန်အဝင်နည်းနေချိန်တွင် မြင့်တက် နေပြီး၊ ကုန်သည်များမှ အယ်လ်နီညိုဘေးအန္တရာယ်များကို ထောက်ပြ


ယခုအပတ်တွင် ဗီယက်နမ်နိုင်ငံမှ တင်ပို့ခဲ့သော ဆန်ဈေးနှုန်းများသည် ထုတ်လုပ်မှု့ ကျပ်တည်းနေသည့်အချိန်မှာပင် နှစ်နှစ်ကျော်အတွင်း ဖြစ်ပေါ်ခဲ့သော အမြင့်ဆုံးဈေးနှုန်းထက် ပို၍ မြင့်တက်ခဲ့ပြီး ကုန်သည်များသည်လည်း အယ်လ်နီညိုရာသီဥတု အခြေအနေကြောင့် သီးနှံ အထွက်နှုန်းအပေါ် ထိခိုက်ဖွယ်ရှိနိုင်သည်ဟု စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။


ဗီယက်နမ်နိုင်ငံ၏ ဆန်ကွဲပါဝင်မှု(၅%)ဆန်များကို ပျမ်းမျှအားဖြင့် (၁)မက်ထရစ် တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၈)အထိ ဈေးရရှိခဲ့ပြီး ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလမှစ၍ အမြင့်ဆုံး ဈေးနှုန်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်အပတ် ဈေးနှုန်းဖြစ်သော အမေရိကန်ဒေါ်လာ (၄၉၀ - ၄၉၅) ထက်လည်း ပို၍ မြင့်တက်ခဲ့ပါသည်။


ထုတ်လုပ်မှု ကျပ်တည်းနေသည့်အချိန်တွင် ပြည်တွင်း ဆန်စပါးဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး ယခုနှစ်တွင် အယ်လ်နီညိုနှင့်ပတ်သက်၍ ဆန်စပါးစိုက်ပျိုးထွက်ရှိမှု ခန့်မှန်း ချက်အပေါ် ဖိအားရှိနေသည်ကို စိုးရိမ်းလျက်ရှိကြောင်း ကုန်သည်များက ပြောကြားခဲ့ ပါသည်။


ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံ၏ ဆန်တင်ပို့မှုများသည် အစောပိုင်းနှစ်များထက် (၃၀.၈) ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး အလေးချိန်အားဖြင့် မက်ထရစ်တန် (၃.၆၂) သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၉) ဘီလီယံခန့် ရရှိခဲ့ကြောင်း အကောက်ခွန်ဌာန၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။


အယ်လ်နီညိုကြောင့်ဖြစ်သော အစောပိုင်းလက္ခဏာဖြစ်သည့် ပူပြင်းခြောက်သွေ့သော ရာသီဥတုသည် အာရှတစ်ခွင်ရှိ အစားအစာစိုက်ပျိုးထုတ်လုပ်သူများကို ခြိမ်းခြောက်လျက်ရှိပါ သည်။ အမေရိကန်နိုင်ငံသား ရာသီဥတုကြိုတင်ခန့်မှန်းသူတစ်ဦးသည် ယခုလ၏ သဘာဝ ဖြစ်စဉ် လက္ခဏာအစကို အတည်ပြုခဲ့ပြီး အာရှဒေသများတွင် မိုးခေါင်မှုများ ဖြစ်ပေါ်မည်ဟု ခန့်မှန်းခဲ့ ကြပါသည်။


ထိုင်းနိုင်ငံ၏ ဆန်ကွဲပါဝင်မှု(၅%)ဆန် ဈေးနှုန်းများသည် (၁) မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ (၄၉၀) နှင့် (၄၉၅) ကြားတွင် မပြောင်းလဲဘဲ တည်ရှိနေပြီး မေလတွင် ခန့်မှန်:ထားသည့် အမေရိကန်ဒေါ်လာ (၅၀၀) အထက်သို့ ရောက်ရှိရန် မဝေးတော့ပါ။


မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းကဲ့သို့သော ရာသီဥတုဖောက်ပြန်မှုများကြောင့် ပို့ကုန် ဝယ်လိုအား များနေချိန်တွင် ကုန်ပစ္စည်းအသစ်များ ဈေးကွက်သို့ ဝင်ရောက်ခြင်း မရှိသော ကြောင့် ဈေးနှုန်းများ မြင့်တက်ခိုင်မာလျက်ရှိကြောင်း ဘန်ကောက်အခြေစိုက် ကုန်သည် တစ်ဦးက ပြောကြားခဲ့ပါသည်။


ကုန်ပစ္စည်း တင်ရောက်မှုနည်းပါးခြင်းနှင့် အစိုးရမှ ဝယ်လိုအားပမာဏ မြင့်တင်မှုကြောင့်မှ အိန္ဒိယထိပ်တန်းဆန်တင်ပို့မှုမှ (၅%) ဆန်ကွဲပေါင်းဆန်၏ ဈေးနှုန်များမှာ  ပြီးခဲ့သည့်အပတ် ဈေးနှုန်း အမေရိကန်ဒေါ်လာ (၃၈၈-၃၉၅) နှင့် နှိုင်းယှဉ်ပါက (၃)လအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် (၁)မက်ထရစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၉၀-၃၉၈) ထက်ပို၍ မြင့်တက် ခဲ့ပါသည်။


ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ဆောင်းရာသီ စိုက်ပျိုးသီးနှံများမှ ထုတ်လုပ်မှု သိသိသာသာ ကျဆင်းခဲ့ပြီး စပါးဈေးနှုန်းများကို မြင့်တက်စေခဲ့ကြောင်း မွန်ဘိုင်း အခြေစိုက် ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်၌ တောင်သူများထံမှ ရာသီသစ် ပုံမှန် စပါးများကို (၇) ရာခိုင်နှုန်း ဈေးနှုန်းမြှင့်၍ ဝယ်ယူမည်ဖြစ်ပါသည်။


တစ်ချိန်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စပါးအထွက်နှုန်းကောင်းပြီး ဆန် လက်ကျန်များ ရှိနေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းများမှာ မြင့်တက်နေဆဲဖြစ်ပြီး မြင့်မား သော ငွေကြေးဖောင်းပွမှုများနှင့်အတူ ဆင်းရဲနွမ်းပါးသောသူများကို ကူညီရန် ဇူလိုင်လမှ စတင်၍  နိုင်ငံတော်မှ ဆန်ထောက်ပံ့ရောင်းချမှုများကို တိုးမြှင်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး TipuMunshi က ပြောကြားခဲ့ပါကြောင်း (၁၅-၆-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.brecorder.com ၏ သတင်း အချက်အလက် များအရ သိရှိရပါ သည်။




Source https://www.brecorder.com/news/40247999/asia-rice-vietnam-rice-prices-jump-on-low-supply-traders-flag-el-nino-risks


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ