EAC သည် စိုက်ပျိုးရေး ပို့ကုန်ကုန်သွယ်မှု တိုးမြင့်လာစေရေး ကမ်ပိန်းတစ်ခုပြုလုပ်

  • Wed, 28 June 2023

EAC သည် စိုက်ပျိုးရေး ပို့ကုန်ကုန်သွယ်မှု တိုးမြင့်လာစေရေး ကမ်ပိန်းတစ်ခုပြုလုပ်



East African Community (EAC) သည် EU-EAC Market Access Upgrade Program (MARKUP) မှတဆင့် ဖော်ဆောင်ပေးမည့် လယ်ယာပို့ကုန် ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်း များကို သတိပြုမိစေရန် ရည်ရွယ်သည့် ကမ်ပိန်းတစ်ခုကို စတင်ခဲ့ပါသည်။


ကမ်ပိန်းမှတဆင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs)၊ သမဝါယမအသင်းများနှင့် တောင်သူလယ်သမားများအပြင် EAC ရှိ အစိုးရ အဖွဲ့အစည်းများမှ လယ်ယာပို့ကုန် ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက် နှင့် ဆက်စပ်ပစ္စည်းများကို ရယူနိုင်မည်ဖြစ်ပါသည်။


Arusha ၌  ကမ်ပိန်းဖွင့်ပွဲတွင်  MARKUP သည် ဒေသတွင်း စိုက်ပျိုးရေး-အသေးစား လုပ်ငန်းများအတွက်  ကုန်သွယ်မှု အခွင့်အလမ်းများစွာ ဖန်တီးပေးခဲ့ကြောင်း EAC အတွင်းရေးမှူးရုံးမှ အကောက်ခွန်ဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူး Flavia Busingye က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေး ပို့ကုန်ဈေးကွက်များ  ကြီးထွားလာရေးအတွက်  MARKUP မှ ဖော်ဆောင် ပေးသည့် ကမ်ပိန်းသည် စိုက်ပျိုးရေးဆိုင်ရာကုန်သွယ်မှုတွင် အခွင့်အလမ်းများကို သတိပြုမိလာစေရန် နှင့် နိုင်ငံတကာဈေးကွက်များသည် အရှေ့အာဖရိက  တင်ပို့ရောင်းချသူများ  အနေဖြင့်  လက်တကမ်းတွင်သာရှိကြောင်း   သရုပ်ပြရန်  ရည်ရွယ်သည်" ဟု Busingye မှ ပြောကြား ခဲ့ပါသည်။


(၂၀၁၈) ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစ၍ MARKUP သည် EAC မိတ်ဖက်နိုင်ငံ (၅)နိုင်ငံ ဖြစ်သည့် ဘူရန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါ နှင့် တန်ဇမ်းနီးယား တို့တွင် လယ်ယာ စိုက်ပျိုးရေး တင်ပို့မှု တိုးတက်ရန်အတွက် အသုံးဝင်သော အရင်းအမြစ်များကို  ပြန့်ပွားစေခဲ့ကြောင်း၊ EAC၊ EU၊ ဂျာမန်အစိုးရနှင့် အခြားသော  ဖွံ့ဖြိုးတိုးတက်ရေး  မိတ်ဖက် အဖွဲ့အစည်းများ၏  ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည့် အဆိုပါ အစီအစဉ်သည် EAC Quality Portal၊ Financing Gateway နှင့်  Burundi Trade Information Portal ကဲ့သို့သော အရင်းအမြစ်များကို  ထုတ်ပေးခဲ့ကြောင်းကို   Busingye မှ  ပြောကြားခဲ့ကြောင်းကို  (၂၁. ၆. ၂၀၂၃)  ရက်နေ့တွင် ထုတ်ပြန်သည့်  Business News  သတင်းအရ သိရှိရပါသည်။



Source https://www.pd.co.ke/business/eac-rolls-out-campaign-to-grow-agri-export-trade-186147/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ