မြန်မာ့အရည်အသွေးကောင်းကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် တစ်တန်လျှင်ကျပ် (၁၀)သန်းခန့် ရရှိနေ

  • Thu, 20 July 2023

မြန်မာ့အရည်အသွေးကောင်းကော်ဖီသည် ကမ္ဘာ့ဈေးကွက်တွင် တစ်တန်လျှင်ကျပ် (၁၀)သန်းခန့် ရရှိနေ



မြန်မာ့အရည်အသွေးကောင်း ကော်ဖီစေ့သည် နိုင်ငံခြားဈေးကွက်တွင် တစ်တန်လျှင် ကျပ် (၁၀) သန်းခန့်ရရှိနေကြောင်း မြန်မာနိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MTPO) မှ သိရပါသည်။

အရည်အသွေးညံ့သော ကော်ဖီစေ့တစ်တန်လျှင် ငွေကျပ် (၅) သန်းခန့် ရရှိပါသည်။ မြန်မာနိုင်ငံမှ ကော်ဖီစေ့များကို အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ထိုင်းနှင့် သြစတြေးလျ အပါအဝင် ပြည်ပနိုင်ငံ (၁၄)နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ဇွန်လ (၃) ရက်၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။

ထို့အပြင် ဂျပန်၊ တရုတ်၊ ဆော်ဒီအာရေးဗီးယားနှင့် UAE တို့သည် မြန်မာ့ကော်ဖီ အတွက် သွင်းကုန်အခွန်ကင်းလွတ်ခွင့်များ ရရှိနေကြောင်း MTPO မှ သိရပါသည်။

လက်ရှိတွင် မြန်မာ့ကော်ဖီထွက်ရှိမှု၏ ထက်ဝက်ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိပါသည်။ ကော်ဖီ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ တန်ဖိုးမြှင့် ထုတ်လုပ်ခြင်းနှင့် အော်ဂဲနစ် ထုတ်လုပ်ခြင်းတို့ကြောင့်  ကမ္ဘာ့ဈေးကွက်တွင်   မြန်မာ့အရည်အသွေးကောင်း ကော်ဖီစေ့များ ဝယ်လိုအားအများအပြား ရှိနေပါသည်။

ပြည်တွင်းကော်ဖီ သောက်သုံးမှုလည်း အများအပြား ရှိကြောင်း၊ (၂၀၃၀) ခုနှစ်တွင် တန်ချိန် (၆၀,၀၀၀)ထွက်ရှိရန် ရည်မှန်းထားကြောင်း၊ မြန်မာ့ကော်ဖီသည် ဝယ်လိုအား မြင့်မားပြီး ဈေးနှုန်းကောင်းသော်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မားခြင်းကြောင့် ပြည်ပသို့တင်ပို့ရန် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းက ပြောကြားခဲ့ပါသည်။

ကော်ဖီစိုက်ပျိုးသူများ၊ ထုတ်လုပ်သူများနှင့် ကော်ဖီစေ့လှော်သူများသည် မြန်မာ့ ကော်ဖီကို (၂၀၁၄)ခုနှစ်ကတည်းအဆင့်အတန်း မြင့်မားလာစေရန် ပူးပေါင်း ဆောင်ရွက် ခဲ့ကြပါသည်။ သို့တိုင် ၎င်းတို့သည် နှစ်ရှည်ကော်ဖီပင်များအတွက် သွင်းအားစုကုန်ကျစရိတ် မြင့်မားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

ရှမ်းပြည်နယ်သည် မြန်မာ့ကော်ဖီစေ့ အဓိကထုတ်လုပ်သော ဒေသဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်လည်း ကော်ဖီစေ့ထုတ်လုပ်မှုကို တွေ့ရှိရပါသည်။ ကော်ဖီစိုက်ဧက  (၅၀,၀၀၀)ကျော်ရှိပြီး နှစ်စဉ်  ကော်ဖီစေ့တန်ချိန် (၁၀,၀၀၀)ကျော် ထွက်ရှိ ပါသည်။

မြန်မာ့ကော်ဖီတင်ပို့မှုမှသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၂.၅)သန်း ရရှိသည်ကို အဆိုပါအသင်းမှ သိရှိရကြောင်း (၁၃.၇.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော  Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source    https://www.gnlm.com.mm/myanmar-speciality-coffee-fetches-approximately-k10-mln-per-tonne-in-global-market/

တင်ပြသူ     ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန












ဆက်စပ် သတင်းများ