အိန္ဒိယစိုက်ပျိုးရေးကော်မရှင်အကြီးအကဲမှ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်မှုအပေါ် ဒေသအလိုက် အစီ ရင်ခံစာများတင်ပြရန် ညွှန်ကြားထား

  • Thu, 20 July 2023

အိန္ဒိယစိုက်ပျိုးရေးကော်မရှင်အကြီးအကဲမှ ခရမ်းချဉ်သီးစိုက်ပျိုးထုတ်လုပ်မှုအပေါ် ဒေသအလိုက် အစီ ရင်ခံစာများတင်ပြရန် ညွှန်ကြားထား




ခရမ်းချဉ်သီးဈေးနှုန်များပုံမှန်ဈေးနှုန်းအတိုင်းပြန်လည်ဈေးရရှိလာရေးအတွက်(၂)လကျော်ခန့်အချိန်ကြာလိမ့်မည်ဟုပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ရှိသူများမှ ပြောကြားခဲ့ ပါသည်။

စိုက်ပျိုးရေးဆိုင်ရာ ကော်မရှင်အကြီးအကဲဖြစ်သူ  SunilChavanသည် ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ် နေသော ခရမ်းချဉ်သီး ပြတ်လပ်မှုအပေါ် ခြုံငုံသုံးသပ်ခဲ့ပြီး အဆိုပါပြတ်လပ်မှု အကျပ်အတည်းကို လျှော့ချရန် အစီအစဉ်များ ရေးဆွဲရန် နှင့် စိုက်ပျိုးရေးကော်မရှင်ရုံးတွင် လက်ရှိ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပမာဏတိုင်းတာချက်များကို အစီရင်ခံရန် စိုက်ပျိုးရေး တာဝန်ရှိသူများအားလုံးကို ညွှန်ကြားခဲ့ပါသည်။


အဆိုပါဈေးနှုန်းပြဿနာသည် ဈေးကွက်ဌာနဘုတ်အဖွဲ့ နှင့်ချိတ်ဆက်မှုရှိ သည်ဟု Chavanကပြောကြားခဲ့ရာ အဆိုပါဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဩဂုတ်လတွင် ဈေးနှုန်း စတင်ကျဆင်းလာနိုင်ကြောင်းပြောခဲ့ပါသည်။

ခရမ်းချဉ်သီးဈေးနှုန်းများ  မကြုံစဖူး  မြင့်တက်လာမှုကြောင့်  အစည်းအဝေးများ  စတင် ခေါ်ယူ ကျင်းပခဲ့ပါသည်။ ယခုအပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းများသည် လက်လီ ဈေးကွက်တွင် (၁) ကီလိုဂရမ်လျှင် ရူပီး (၁၂၀) နှင့် (၁၅၀) အကြားတွင် ရှိလာပြီး ၎င်းသည် အစိုးရ နှင့် ပြည်သူလူထု နှစ်ခုလုံးအကြားတွင် စိုးရိမ်ပူပန်မှုများ အစပျိုးလာပါသည်။


 ပြည်နယ်စိုက်ပျိုးမြေ၏  (၅၆) ဟက်တာ နှင့် (၅၇)ဟက်တာ ကြားတွင် ခရမ်းချဉ်သီး စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း စိုက်ပျိုးရေးကော်မရှင်အရ သိရှိရပါသည်။ယခုနှစ်တွင် ပျမ်းမျှ မိုးရေချိန်မှာ (၄၆%) ကျဆင်းခဲ့သည့်အတွက် သီးနှံစိုက်ပျိုးမှုများ နှောင့်နှေးသွားခဲ့ကြောင်း Chavan က ပြောကြားခဲ့ပါသည်။


ခရိုင်အဆင့် စိုက်ပျိုးရေးဦးစီးဌာနရုံးများကို ပိုးမွှားရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်း လမ်းများ ဆောင်ရွက်ရန်  စိုက်ပျိုးရေးဦးစီးဌာန၏ ဌာနအကြီးအကဲခေါင်းဆောင်မှ ညွှန်ကြားခဲ့ ပါသည်။

  Pune ၊ Nashik ၊ Ahmednagar ၊ Solapur ၊ Aurangabad ၊ Latur နှင့်  Nagpur ဒေသတို့သည်  Maharashtra တွင် ခရမ်းချဉ်သီး အဓိက စိုက်ပျိုးထုတ်လုပ်သည့် ဒေသများ ဖြစ် ကြပြီး ၎င်းဒေသရှိ စိုက်ပျိုးရေးတာဝန်ရှိသူများကို ၎င်းတို့၏ သက်ဆိုင်ရာဒေသများအပေါ် အစီရင်ခံစာများ တင်ပြရန် ညွှန်ကြားထားသည်ဟု Chavan က ဆက်လက်ပြောကြားခဲ့ကြောင်း (၁၂-၇-၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.hindustantimes.com၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။

Source    https://www.hindustantimes.com/cities/pune-news/tomato-prices-expected-to-return-to-normal-in-two-months-says-agriculture-department-101689185041181.html

တင်ပြသူ    ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်    
စစ်ဆေးသူ    ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန












ဆက်စပ် သတင်းများ