မက္ကဆီကိုစိုက်ပျိုးသူများသည် ဘယ်ရီသီးနှင့် ထောပတ်သီးများ တင်ပို့မှုမြင့်တက်လာ

  • Mon, 16 October 2023

မက္ကဆီကိုစိုက်ပျိုးသူများသည် ဘယ်ရီသီးနှင့် ထောပတ်သီးများ တင်ပို့မှုမြင့်တက်လာ


    မကြာသေးမီနှစ်များအတွင်းတွင် ဘယ်ရီသီးနှင့် ထောပတ်သီးကဲ့သို့သော မက္ကဆီကို စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမြင့်တက်လာခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့မှစတင်၍ Jalisco ထောပတ်သီးများတင်ပို့သည့် အဓိကစျေးကွက်ဖြစ်သော အမေရိကန်သို့ စတင် ပို့ဆောင်ခဲ့ပြီးနောက် ကနေဒါနှင့် ဂျပန်သို့ ဆက်လက်ပို့ဆောင်ခဲ့ပါသည်။ ထို့အပြင် ဥရောပသမဂ္ဂ၊ အမေရိက အလယ်ပိုင်း နှင့် တောင်ပိုင်းဒေသများ၊ တရုတ်ကဲ့သို့သော အာရှနိုင်ငံများသို့လည်း တင်ပို့ ခဲ့ပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (Sader) ၏ အဆိုအရ Jalisco ပြည်နယ်၏ ထောပတ်သီးများကို ကနေဒါ၊ ဂျပန်၊ အမေရိကန်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၃၀)သို့ တင်ပို့လျက်ရှိပါသည်။  ချီလီနိုင်ငံသည် ထောပတ်သီး ထုတ်လုပ်သော်လည်း ပြည်တွင်းစားသုံးမှုမလုံလောက်သည့်အတွက် လက်ရှိ အချိန်တွင် ပီရူးမှ ထောပတ်သီးများကို တင်သွင်းလျက်ရှိပြီး မိမိတို့အနေဖြင့်လည်း အဆိုပါ စျေးကွက်ရရှိနိုင်ရန် လိုလားလျက်ရှိပါကြောင်း Jalisco (Apeajal) ထောပတ်သီးတင်ပို့သူများ အေဂျင်စီ၏ ဒါရိုက်တာ Armando García မှ ပြောကြားခဲ့ပါသည်။

ယခုနှစ်တွင် Jalisco ပြည်နယ်၏ ပို့ကုန်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၁၀%) တိုးလာမည်ဟု မျှော်လင့်လျက်ရှိပါသည်။ Jalisco ပြည်နယ်သည် ထောပတ်သီး (၃၀၈)တန်ကျော် ထုတ်လုပ်သည့် ဒုတိယမြောက် ထောပတ်သီးအများဆုံး ထုတ်လုပ်နိုင်သည့် ပြည်နယ်ဖြစ်ပါသည်။

Jalisco ပြည်နယ်တွင် ဘယ်ရီသီးများဖြစ်သော ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီ နှင့် စတော် ဘယ်ရီများ အပါအဝင် (၁၀)ဟက်တာကျော်ကို ဘယ်ရီသီးများ စိုက်ပျိုးရန် ရည်ရွယ်ထား ပါသည်။ အေဂျင်စီ၏အဆိုအရ Jalisco ပြည်နယ်ရှိထွက်ကုန်များသည် စျေးကွက်တွင် ဝယ်လိုအား မြင့်တက်လာသောကြောင့် "မက္ကဆီကန်ကျေးလက်၏ရွှေနီဒေသ" ဟုတင်စားခေါ်ဝေါ်ပြီး အဆိုပါ ပြည်နယ်ကို ရက်စ်ဘယ်ရီသီးထုတ်လုပ်မှုတွင် နိုင်ငံအဆင့်ဦးဆောင်ဒေသအဖြစ် စုစည်းထားပေး ခဲ့ကြောင်း (၅.၁၀.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော  Fresh Plaza ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9565668/mexican-growers-see-increased-exports-of-berries-and-avocados/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ