ပနားမားနိုင်ငံသည် ဥရောပသို့ လတ်ဆတ်သော သစ်သီးဝလံများ တင်ပို့မှုအား (၂၀%) တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

  • Mon, 16 October 2023

ပနားမားနိုင်ငံသည် ဥရောပသို့ လတ်ဆတ်သော သစ်သီးဝလံများ တင်ပို့မှုအား (၂၀%) တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ


ပနားမားကုမ္ပဏီများသည် ဥရောပသို့ တစ်နှစ်အတွင်း ၎င်းတို့၏ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များအား (၅-၂၀%)အတွင်းတိုးမြှင့်တင်ပို့မည်ဟု ပနားမားပို့ကုန်နှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အဖွဲ့ (ProPanama)မှ ခန့်မှန်းထားပါသည်။ Madrid ၌ ကျင်းပပြုလုပ်ခဲ့သော သစ်သီးဝလံပြပွဲ အခမ်းအနားတွင် ProPanama ၏ ပို့ကုန်အကြီးအကဲဖြစ်သူ Yelsica Caballero က အဆိုပါ အကြောင်းအရာအား ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ProPanama ၏ လက်ထောက်အထွေထွေအုပ်ချုပ်ရေးမှူးဖြစ်သူ Diego Ortiz de Zevallos က ဥရောပဈေးကွက်တွင် အလားအလာရှိသော ပင်မှည့်သီးနှင့် ပနားမားသစ်သီးများ ကို ဦးစားပေးပြသခဲ့ပါသည်။ ၎င်းသစ်သီးများသည် မြေဆီလွှာ၏ ထူးခြားမှု လက္ခဏာရပ်များနှင့် ပင်လယ်များနှင့် နီးကပ်သောကြောင့် ထူးခြားသော ချိုမြိန်မှုများ ရှိပါသည်။ စိုက်ပျိုးထုတ်လုပ် သူများသည် အဆိုပါပြပွဲတွင် ၎င်းတို့၏ ထုတ်ကုန်များကို ပြသရန် အလွန်အရေးကြီးပါသည်။ အကြောင်းမှာ ဥရောပအဆင့် ထောက်ခံချက်ရရှိရန် ဖြစ်ပါသည်။

အထူးဈေးကွက်အပေါ် ပစ်မှတ်ထား အာရုံစိုက်ခြင်းသည် နာနတ်သီး တင်ပို့သည့် Tropical Fruit Company ၏ ရည်ရွယ်ချက်ဖြစ်ပြီး ၎င်းကုမ္ပဏီ၏ အကြီးအကဲ Dora Espinosa မှ ပနားမား အစိုးရအား ၎င်းတို့၏ အထောက်အပံ့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပနားမားဖရဲသီးတင်ပို့သည့် Potuga Fruit Company သည် ပထမနေ့တွင် ပေါ်တူဂီနှင့် အိုင်ယာလန်ရှိ ကုမ္ပဏီများနှင့် သဘောတူညီချက် နှစ်ခုကို ရပ်စဲခဲ့ပါသည်။ ကျွန်ုပ်တို့အတွက် ၎င်း ပြပွဲသည် အခြားသောဈေးကွက်များသို့ ချဲ့ထွင်ရန် ကြီးမားသော အခွင့်အလမ်းများကို ကိုယ်စား ပြုကြောင်း ကုမ္ပဏီပိုင်ရှင် Carlos Campos က ပြောကြားခဲ့ပါသည်။

ဖရဲသီးနှင့် သင်္ဘောသီး တင်ပို့သည့် Panama Squash အတွက် စပိန်ဈေးကွက်သည် ရည်မှန်းချက်တစ်ခု ဖြစ်ပါသည်။ စပိန်သည် ဥရောပသို့ ဝင်ရောက်ရန် ဝင်ပေါက် ဖြစ်ပြီး အဆိုပါ ပြပွဲသည် ဥရောပဈေးကွက်သို့ ဝင်ရောက်ရန် တင်ပို့သူများနှင့် စိုက်ပျိုးထုတ်လုပ်သူများအတွက် အလွန်ကောင်းမွန်မှုတစ်ခု ဖြစ်ပါသည်။

အဆိုပါ ပနားမားပြပွဲတွင် ပြသသည့်ကုမ္ပဏီများမှာ Estrada Company ၊ Natulac Foods ၊ Agro Export Pacific ၊ Greenlab Biotechnology ၊ Producción Agrícola Internacional နှင့် A.P.S.E.C.U ကုမ္ပဏီတို့ဖြစ်ပြီး တင်ပို့သည့်လုပ်ငန်းစဉ်များတွင် ပါဝင်သော ကုမ္ပဏီများမှာ Pithaya Brothers ၊ Golden Fruits Panamá ၊ Dragon Fresh Fruits နှင့်  Gradum ကုမ္ပဏီတို့ ဖြစ်ကြောင်း (၅-၁၀-၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www. freshplaza.com  ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.freshplaza.com/oceania/article/9565632/panama-seeks-20-increase-of-fresh-produce-exports-to-europe/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ