ဥရောပတောင်ပိုင်းသည် ဈေးကွက်ထဲစောစောဝင်နိုင်ရန်မျှော်လင့်

  • Wed, 18 October 2023


    ကျွန်ုပ်တို့၏ ပို့ကုန်ခရီးစဉ်များသည် လက်ရှိတွင် အလုပ်မများသေးကြောင်း ဥပမာ အားဖြင့် အာဖရိကရှိ ဖောက်သည်များသည် ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် ကုန်ပစ္စည်းများ သိုလှောင်ထား ကြောင်း၊ ၎င်းတို့သည် အမှာစာများတင်ထားသော်လည်း နည်းပါးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် အရှေ့ဘက်အစွန်းမှ ဖောက်သည်များသည် တရုတ်နိုင်ငံမှ ကြက်သွန်နီများကို အဓိကဝယ်ယူလျက် ရှိကြောင်း၊ ကျွန်တော်တို့ကွန်တိန်နာတစ်ချို့ဖြင့် ပို့ဆောင်ပြီးဖြစ်သော်လည်း တရုတ်နိုင်ငံသည် ကြက်သွန်နီများကို ကုန်ကျစရိတ်အပါအဝင် တစ်ဝက်ဈေးဖြင့် ပို့ပေးလျက်ရှိပါကြောင်း ဒတ်ခ်ျ ကုမ္ပဏီ Javala မှ Rene Tiggelman က ပြောကြားခဲ့ပါသည်။


    ဥရောပတွင် ပြင်သစ်က ဝယ်လိုအားရှိပါကြောင်း၊ သို့သော်လည်း ရေတိုရောင်းချရခြင်းကို အားမရပါကြောင်း၊ ဥရောပတောင်ပိုင်းသည် ဈေးကွက်သို့ စောစီးစွာဝင်ရောက်လာမည်ကို မျှော်လင့် ပါကြောင်း၊ ဥပမာအားဖြင့် စပိန်နိုင်ငံတွင် ကုန်ပစ္စည်းအရည်အသွေးများနှင့် ပတ်သက်သည့် ပြဿနာများရှိနေပါကြောင်း၊ ထို့ကြောင့် လာမည့်နှစ်တွင် ကြက်သွန်နီများ တင်ပို့ရာတွင် အရည် အသွေးများကို စီမံခန့်ခွဲသင့်ပါကြောင်း၊ ရေရှည်တွင် ကဏ္ဍအားလုံး ပြေလည်သွားသင့်သော်လည်း ထိုသို့ဖြစ်ရန် ဝေးကွာနေသေးပြီး ကျွန်ုပ်သည် အဓိကအားဖြင့် တစ်နေ့တာအစီအစဉ်များပေါ်တွင် ရှင်သန်နေကြောင်း Rene က ရှင်းပြပါသည်။


    လွန်ခဲ့သည့်နှစ်များစွာက Javala ကုမ္ပဏီသည် ကုန်သွယ်လုပ်ငန်းတစ်ခုအဖြစ် အပြည့်အဝ ဆက်လက်လုပ်ဆောင်ရန် ၎င်း၏အသေးစားလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပါသည်။ ထိုရွေးချယ်မှုမှာ မှန်ကန်ပြီး ၎င်းတို့နှင့်ကိုက်ညီမှုရှိကြောင်း၊ ၎င်းတို့၏ ကုန်သွယ်မှု ဆောင်ရွက်ချက်များသည် ယခု အချိန်ထိ အကြီးမားဆုံး ဖြစ်နေပြီဖြစ်ကြောင်း၊ ပိုမိုစီမံခန့်ခွဲနိုင်စေကြောင်း Tiggelman မှ ပြောကြား ခဲ့ပါသည်။ Javala ကုမ္ပဏီသည် အာလူးနှင့် ကြက်သွန်နီတို့ကို အဓိကကုန်သွယ်ပါသည်။ ၎င်း တို့သည် ကြက်သွန်နီအသေးများကို ကုန်သွယ်မှုပြုသော်လည်း ပမာဏကြီးကြီးမားမား မဟုတ်ကြောင်း၊ ၎င်း တို့၏ ချဉ်းကပ်မှုမှာ အစဉ်အလာအတိုင်းဖြစ်ပါကြောင်း ၎င်းကပြောပါသည်။


    ကြက်သွန်နီများ၏ အရည်အသွေးနှင့် ပတ်သက်သည့် မတူညီသည့် အစီရင်ခံစာများကို ကြားသိရပါကြောင်း၊ ဒေသအခြေအနေ၊ စိုက်ပျိုးသူများနှင့် စိုက်ကွက်တစ်ခုချင်းပေါ်မူတည်၍ အလွန် ကွာခြားမှုရှိသည်ဟု ထုပ်ပိုးသူများက ပြောပါကြောင်း အဆိုပါအကြောင်းအရာများသည် ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ပြီး ကဏ္ဍတစ်ခု ပျက်ဆီးက အရာအားလုံး ချက်ချင်းရပ်သွား နိုင်ပါကြောင်း၊ ရိုးရိုးသားသားပြောရရင် လွန်ခဲ့သည့် (၁၀)နှစ်အတွင်းက ကြီးမားတဲ့ အောင်မြင်မှုများ ဆုံးရှုံးသွားနိုင်သည်ဟု Rene က ကကောက်ချက် ချကြောင်း(၇.၉.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေ ခဲ့သော  The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။

Source    https://www.freshplaza.com/asia/article/9567223/i-expect-southern-europe-to-enter-the-market-earlier/
တင်ပြသူ    ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၈ ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ