တရုတ်နိုင်ငံမှ နယ်စပ်များပိတ်ဆို့ထားခြင်းကြောင့် အရှေ့တောင်အာရှမှ တင်ပို့သူများ ဒုက္ခရောက်နေကြခြင်း

  • Wed, 5 January 2022

    တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကိုတားဆီးရန်အတွက် မကြာသေးမီက နယ်စပ်များပိတ်လိုက်ခြင်းကြောင့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများရှိ ပို့ကုန်တင်ပို့သူများ ဒုက္ခများစွာရင်ဆိုင်နေကြရပါသည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သောသုံးလအတွင်း ၎င်းနိုင်ငံ အစွန်အဖျားရှိ မြို့ငယ်အများအပြားတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို ခံခဲ့ရပြီးနောက် ၎င်း၏ နယ်စပ်နှင့် ဆိပ်ကမ်းများတွင် ကိုဗစ်-၁၉ ရောဂါ မဝင်ရောက်စေရန် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားပါသည်။

      အင်္ဂါနေ့တွင် ရပ်ဆိုင်းထားသော အကောက်ခွန်ပြန်လည်စတင်မည့်အချိန်ကို ရှင်းရှင်း လင်းလင်း မသိရသေးသော်လည်း အရေးပေါ်ကုန်စည်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုများ စောင့်ဆိုင်းခြင်းနှင့် ဆုံးရှုံးခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် စနစ်တကျ စီစဉ်ထားသင့်သည်ဟု တရုတ် အစိုးရပိုင် မီဒီယာမှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါသည်။

    ကိုဗစ်-၁၉ ကြောင့် (၅)လကြာပိတ်ထားခဲ့သော ကုန်သွယ်မှုများပြန်စပြီး တစ်လမပြည့် ခင်အချိန်တွင် တရုတ်နိုင်ငံမှ ကန့်သတ်ချက်များ ထပ်မံချမှတ်လိုက်ခြင်းကြောင့် နယ်စပ်ရှိ တင်ပို့သူများသည် ဆုံးရှုံးမှုများနှင့် သိသိသာသာ ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံမှကုန်သည် များမှ ပြောကြားခဲ့ပါသည်။

   ကိုဗစ်ကာလတွင် ကုန်ပစ္စည်းတင်ပို့မှုခက်ခဲကြောင်း၊ တင်ပို့ရာတွင်လည်း ကုန်စည်နှင့် ကုန်တင်ကားများကို ကိုဗစ်-၁၉ ကင်းစင်မှုရှိမရှိစစ်ဆေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် ကုန်စည်တင်ပို့မှုနှောင့်နှေးခြင်းကိုဖြစ်စေကြောင်း၊ အကောက်ခွန်စနစ် အပြောင်းအလဲကြောင့် ကုန်သွယ်မှုအချိန်ပိုကြာလာကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မြို့ရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်မှ ပြောကြား ခဲ့ပါသည်။

    ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးသည် တောင်သူများအတွက် ရှုပ်ထွေးနေပါသည်။ ကုန်ပစ္စည်းများတစ်ဖက်ကမ်းသို့ရောက်ရန် (၁၀)ရက်ခန့်အချိန်ယူရပါသည်။ တရုတ်အကောက် ခွန်စစ်ဆေးရေးဂိတ်များတွင် နှောင့်နှေးကြန့်ကြာမှုများကြောင့် အချို့ကုန်စည်များသည် ၎င်းတို့ ၏ ဦးတည်ရာဈေးကွက်သို့ရောက်ရှိရန် ရက်ပေါင်း (၂၀) ကြာသည့်အခြေအနေသို့ ရောက်ရှိခဲ့ပါ ကြောင်း(၂၃.၁၂.၂၀၂၁)ရက်တွင်ထုတ်ပြန်ခဲ့သော Fresh Plaza ကွန်ယက်၏ သတင်းဆောင်းပါး အရ သိရှိရပါသည်။

http://www.freshplaza.com/artical/936212/southeast-asian-exporters-suffer-as-china-locks-down-borders/

ဆက်စပ် သတင်းများ