Gopalganj တောင်သူ (၆,၂၀၀)ဦးသည် မုန်ညင်းစိုက်ပျိုးခြင်းအတွက် မက်လုံးများရရှိ

  • Wed, 25 October 2023

Gopalganj တောင်သူ (၆,၂၀၀)ဦးသည် မုန်ညင်းစိုက်ပျိုးခြင်းအတွက် မက်လုံးများရရှိ



   ဆောင်းသီးနှံရာသီတွင် မုန်ညင်းစိုက်ပျိုးခြင်းအတွက် ပြန်လည် ထူထောင်ရေးအစီအစဉ် အရ ခရိုင်(၅)ခုရှိ အသေးစားတောင်သူဦးရေ (၆၂၀၀)သည် မျိုးစေ့နှင့်မြေသြဇာများကို အခမဲ့ ရရှိ မည်ဖြစ်ပါသည်။


    မုန်ညင်းစိုက်ပျိုးရေးကို ခရိုင်အတွင်းရှိ တောင်သူများ၏ စိတ်ဝင်စားမှုတိုးမြင့်လာစေရန် (၂၀၂၃-၂၄) ဘဏ္ဍာနှစ်တွင် မက်လုံးပေးမှုပမာဏနှင့် တောင်သူဦးရေ သိသိသာသာ တိုးလာခဲ့ကြောင်း စိုက်ပျိုးပညာပေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Abdul Quader Sardar က ပြောကြားခဲ့ ပါသည်။


    မုန်ညင်းစိုက်ပျိုးရန် စည်းရုံးထားသော တောင်သူ(၆,၂၀၀)ဦးထဲမှ တောင်သူတစ်ဦးချင်းစီအား မုန်ညင်းစိုက်ပျိုးမြေ တစ်ယူနစ် (one bigha)အတွက် မုန်ညင်းစေ့ တစ်ကီလို၊ Di-ammonium phosphate (DAP) မြေသြဇာ (၁၀)ကီလိုဂရမ်နှင့် Muriate of potash (MOP) ဓာတ်မြေဩဇာ (၁၀)ကီလိုတို့ကို စရိတ်စက အခမဲ့ဖြင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ၎င်းကပြောပါသည်။


    အကျိုးခံစားခွင့်ရသူများသည် Sadar ပြည်နယ်မှ တောင်သူ (၁၄၀၀)ဦး၊ Muksudpur ပြည်နယ်မှ တောင်သူ (၁၂၀၀)ဦး၊ Kashiani ပြည်နယ်မှ တောင်သူ (၁၃၀၀)ဦး၊ Kotalipara ပြည်နယ်မှ တောင်သူ (၁၂၀၀) နှင့် Tungipara တောင်သူ (၁၁၀၀)ဦးတို့သည် မုန်ညင်းစေ့များ အခမဲ့ ရရှိမည် ဖြစ်ပါသည်။


    သက်ဆိုင်ရာ ပြည်နယ်စိုက်ပျိုးရေးရုံးမှ မျိုးစေ့နှင့် ဓာတ်မြေသြဇာများ မကြာမီ စတင် ဖြန့်ဖြူးပေးတော့မည်ဖြစ်ကြောင်း (၁၉.၁၀.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော bssnews.net သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source    https://www.bssnews.net/agriculture-news/153604
တင်ပြသူ     ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ