(၂၀၂၃-၂၄) အီတလီအော်ဂဲနစ် ဖရုံသခွားလှုပ်ရှားမှု-အရေအတွက်နည်းသော်လည်း အရည်အသွေးပိုမြင့်

  • Wed, 25 October 2023

(၂၀၂၃-၂၄) အီတလီအော်ဂဲနစ် ဖရုံသခွားလှုပ်ရှားမှု-အရေအတွက်နည်းသော်လည်း အရည်အသွေးပိုမြင့်




    စိုက်ခင်းထဲတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် အော်ဂဲနစ် ဖရုံသခွားများ စိုက်ပျိုးရာတွင် အခက်အခဲများကြုံတွေ့နေရပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအတွက် ထုတ်လုပ်မှုအရည်အသွေး ကို ဆက်လက်အာမခံချက်ပေးနိုင်ရန်အတွက် သင့်လျော်သောစိုက်ပျိုးရေးဆိုင်ရာ အစီအမံများဖြင့် တုံ့ပြန်ဆောင်ရွက်နေပါကြောင်း အီတလီကုမ္ပဏီ Natura Iblea ၏ ဥက္ကဋ္ဌ ဖြစ်သူ Roberto Giadone မှ ပြောကြားခဲ့ပြီး၊ အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်ရထားသော အော်ဂဲနစ်စိုက်ပျိုးရေး ဥယျာဉ်ခြံသီးနှံထုတ်ကုန်များကို စိုက်ပျိုးပြီး ရိတ်သိမ်းရာသီစတင်သည့်နှင့် တပြိုင်နက်စျေးကွက်သို့ ရောင်းချခဲ့ပါသည်။

    နွေရာသီကာလနှင့် ပြီးခဲ့သည့်ရက်အနည်းငယ်ကာလများအတွင်း ရာသီဥတုအခြေအနေ များကြောင့် အီတလီတောင်ပိုင်းရှိ ဖရုံသခွားများတွင်ထူးခြားသောဗိုင်းရပ်စ်ပိုးကူးစက်မှု (TLCND-ed.) ကိုဖြစ်ပေါ်စေခဲ့ကြောင်း Giadone မှ ရှင်းပြခဲ့ပါသည်။

အရည်အသွေးအမြင့်ဆုံးထုတ်ကုန်များ ကိုရရှိနိုင်ရန်၊ Natura Iblea သည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရိတ်သိမ်းပြီးချိန် နှစ်မျိုးလုံးအတွက် တိကျသေချာသော နည်းစနစ်အချို့ကိုအသုံးပြုခဲ့ပါသည်။ စိုက်ခင်းအတွက်မျိုးရွေးချယ်ရာတွင် ဗိုင်းရပ်စ်ပိုးမွှားကင်းစင်ပြီး မှန်ကန်သောမျိုးကွဲများကို ရွေးချယ်ရမည်ဖြစ်ပြီး ရိတ်သိမ်းပြီးနောက် အိုဇုန်းအသုံးပြုခြင်းဖြင့် နိုင်ငံတကာဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးဖြင့် ပြည့်စုံသည့်ထုတ်ကုန်ကို ရရှိနိုင်မည်ဖြစ်သည်၊၊

    ယခုကာလအထိ နှစ်ပေါင်းများစွာကြာအောင် Natura Iblea သည် ဆွစ်ဇာလန်နိုင်ငံရှိ အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ရ အော်ဂဲနစ်သီးနှံတစ်မျိုးဖြစ်သည့် ဖရုံသခွားသီးများထုတ်လုပ် မှုနှင့် ထုပ်ပိုးမှုတွင် ဥရောပဈေးကွက်၌ သိသာထင်ရှားသောနေရာတစ်ခုကိုရရှိခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် အောက်တိုဘာလမှ ဇွန်လအထိ ဥရောပအခြေစိုက် အရေးအပါဆုံးဖောက်သည် များထဲမှ ဝယ်ယူသူတစ်ဦးကို တစ်နှစ်လျှင် အော်ဂဲနစ်ဖရုံသခွားသီးအထုပ်ပေါင်း ၄၇၀၀,၀၀၀ ဝန်ဆောင်မှုပေးခဲ့ပါသည်။

    "ကုမ္ပဏီအနေဖြင့် ပုံသေစျေးနှုန်း၊ ပုံသေပမာဏနှုန်းတို့ဖြင့်ရောင်းဝယ်ရေးစာချုပ် တွေရှိခဲ့ သော်လည်း၊ သုံးစွဲသူများကိုအမြဲတမ်း စိတ်ကျေနပ်မှုရှိအောင်ပေးစွမ်းနေပါကြောင်း၊ ကုန်ပစ္စည်း တွေကို မည်သည့်အခါမျှ ပြတ်လပ်မှုရှိစေမည်မဟုတ်ပါကြောင်း၊ စျေးကွက်အကျပ်အတည်းကာလ နှင့် စျေးနှုန်းများ အလွန်မြင့်မားသော ကာလများတွင် ကျွန်ုပ်တို့သည် ပုံသေစျေးနှုန်းနှင့် ပုံသေအရေအတွက်ကို ထိန်းသိမ်းထားပါသည်။ အီတလီတောင်ပိုင်းရှိ ၂၀၂၃/၂၄ ဖရုံသခွားသီးထုတ်လုပ်မှု လှုပ်ရှားရေးအတွက် ကျွန်ုပ်တို့သည် ထုတ်လုပ်မှုပမာဏ ၃၀% ခန့် လျော့ကျသွားစေရန် မျှော်လင့် ထားခဲ့ပါသည်။ သို့သော်လည်း ထုတ်လုပ်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး အော်ဂဲနစ် ဖရုံသခွား ထုတ်လုပ်မှု ၇% ခန့် အနည်းငယ်တိုးလာမည်ဟု မျှော်လင့်ထားပါသည်။ ဤတိုးလာမှု ရာခိုင်နှုန်း သည် Natura Iblea အတွက် အလေးချိန်ပမာဏကိုချိန်ညှိထုပ်ပိုးရန် လိုင်းအသစ်ကို ဒီဇိုင်းထုတ်ထားသည့် Cesena-based BullTech နှင့် ပူးပေါင်းခြင်းဖြင့် တစ်စိတ်တစ်ပိုင်း အောင်မြင်မှု ရရှိနိုင် မည်ဖြစ်ပါသည်။
 
    ဥပမာအားဖြင့် Giadone က "ယခုနှစ် ၄၂ ပတ်မြောက်သီတင်းပတ်ဖြစ်သည့် လက်ရှိ သီတင်းပတ်ကာလ၏ ရိတ်သိမ်းခြင်းနှင့် ထုပ်ပိုးမှု စွမ်းဆောင်ရည်ကို ပြောပြချင်ပါကြောင်း၊ နှစ်ကုန်ပိုင်းတွင်အော်ဂဲနစ် ဖရုံသခွားသေတ္တာပုံးပေါင်း ၁၁၂ ပုံးခန့် တင်ပို့နိုင်မှာဖြစ်ပါကြောင်း၊" ဂျာမန်၊ အင်္ဂလိပ်နှင့်ပြင်သစ် စသည့် ဘာသာစကားများပြောနိုင်သည့် အော်ပရေတာများဖြင့် ဥရောပ နိုင်ငံ ၇ နိုင်ငံကျော်ကို ရောက်ရှိခဲ့ပါကြောင်း၊ ကို (၁၉-၁၀-၂၀၂၃)ရက်နေ့ထုတ် Fresh Plaza သတင်းအရ သိရှိရပါသည်။

Source    https://www.freshplaza.com/asia/article/9569398/italian-organic-courgettes-2023-24-campaign-less-quantity-but-higher-quality/
တင်ပြသူ     ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန




ဆက်စပ် သတင်းများ