ဩစတေးလျနိုင်ငံသည် စိုက်ပျိုးရေးရည်မှန်းချက်များ ပြည့်မီရန် ကြိုးစားလျက်ရှိ

  • Fri, 3 November 2023

ဆယ်စုနှစ် အကုန်တွင် ဩစတေးလျနိုင်ငံ၏  စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ဩစတြေးလျ ဒေါ်လာ ၁၀၀ဘီလီယံအထိ အဖြစ်မြှင့်တင်ရန် ရည်မှန်းချက်များထားရှိမှုအပေါ် မိုးခေါင်ခြင်း၊ တောမီးများ လောင်ကျွမ်းခြင်းတို့က  ခြိမ်းခြောက်လျက်ရှိပါသည်။


ဂျုံသီးနှံရိတ်သိမ်းမှုကို အန္တရာယ်ဖြစ်စေပြီး တောင်သူများကိုကျွဲ၊  နွားများရောင်းချအောင် အားပေးသည့် စက်တင်ဘာလကို နိုင်ငံ၏ အခြောက်သွေ့ဆုံး လအဖြစ် မှတ်တမ်း တင်ခဲ့သည်။ ယခုနှစ် နွေရာသီ၏ တောမီးရာသီသည် အယ်နီညိုရာသီဥတုပုံစံကြောင့် ပုံမှန်ထက် ပိုဆိုးမည်ဟု သိရှိထားသော်လည်း ပျားများအား သေစေတတ်သည့် varroa mite ကဲ့သို့သော ပိုးမွှား အသစ်များ ၏ ပြဿနာသည်လည်း ရင်ဆိုင်ဖြေရှင်းရမည့် အခြား အခက်အခဲတစ်ခုပင်ဖြစ်သည်။


ရာသီဥတု ပူပြင်းခြောက်သွေ့လွန်းခြင်း နှင့် ကုန်စည်ဈေးနှုန်းများ ကျဆင်းလျက်ရှိခြင်းတို့ ကြောင့် ဩစတြေးလျနိုင်ငံစိုက်ပျိုးရေး၏ ထုတ်လုပ်မှု တန်ဖိုးသည် ၂၀၂၄ ခုနှစ် ဇွန်လအထိ  ဩစတြေးလျဒေါ်လာ (A$) ၈၀ ဘီလီယံ(၁၄%) အထိ ကျဆင်းမည်ဟု ခန့်မှန်းထားသည်။ ရေရှည်တွင် ရာသီဥတုပြောင်းလဲမှုသည် စိန်ခေါ်မှုများကိုပါ တိုးလာစေနိုင်သည်။ လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း  ပျမ်းမျှမိုးရေချိန်သည် အနည်းဆုံး (၁၅%) ကျဆင်းခဲ့ပြီး တောမီးရာသီသည် ကာလ ပိုမိုရှည်လျားပြီး ပိုမိုပြင်းထန်လာပါသည်။


ယူကရိန်းစစ်ပွဲကြောင့် ဂျုံစေ့ဈေးနှုန်းများမြင့်တက်လာမှုကြောင့် ၂၀၂၃ ခုနှစ် ဇွန်လအထိ ဩစတေးလျနိုင်ငံ၏ တစ်နှစ်တာ စိုက်ပျိုးရေးလုပ်ငန်းမှ ဩစတြေးလျဒေါ်လာ(A$) ၉၂ ဘီလီယံစံချိန်တင်ရရှိခဲ့ပါသည်။


မိုးခေါင်ရေရှားပြီးနောက် တောင်သူများသည် ၎င်းတို့၏ နွားများကို ပြန်လည်၍ ရောင်းချခဲ့ကြပြီး နွားဈေးသည်လည်း သမိုင်းတစ်လျှောက် မြင့်မားခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အသားနှင့် ကောက်ပဲသီးနှံများက ကမ္ဘာ့အများဆုံး တင်ပို့ရောင်းချသူများအနက်မှ တစ်ခုဖြစ်သော ဩစတေးလျနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းမှ စုစုပေါင်း တိုင်းပြည်ထုတ်ကုန် (GDP) ၏ ၂ ဒသမ ၄% ရရှိခဲ့ပါသည်။


ယခု သီတင်းပတ်အတွင်း စိန်ခေါ်မှုများကို ဆွေးနွေးရန် ရာနှင့်ချီသော စိုက်ပျိုးသူများနှင့် စက်မှုလုပ်ငန်း ကျွမ်းကျင်သူများသည် ကင်ဘာရာမြို့ရှိ အမျိုးသားအဆင့် တောင်သူ လယ်သမား ရေးရာညီလာခံ၌ စုဝေးကြမည်ဖြစ်သည်။ လာမည့်နှစ်အနည်းငယ်အတွင်း မွေးမြူရေးနှင့် ကောက်ပဲသီးနှံကဏ္ဍသည် အပြင်းထန်ဆုံး ထိခိုက်နိုင်ဖွယ်ရှိပြီး ဝင်ငွေရရှိမှု လျော့ကျ သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း စက်မှုလုပ်ငန်း အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Tony Mahar က ပြောကြားခဲ့သည်။


ရာသီဥတုဖောက်ပြန်မှုသည်  သြစတြေးလျနိုင်ငံ၏  စိုက်ပျိုးရေးဝင်ငွေကို  ခြိမ်းခြောက်နေသော်လည်း  ဩစတေးလျနိုင်ငံသည်  အကြီးမားဆုံး  ကျောက်မီးသွေးနှင့်သဘာဝဓာတ်ငွေ့ အများဆုံးတင်ပို့ရောင်း ချသည့်နိုင်ငံများထဲမှ တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပါသည်။


ပြီးခဲ့သည့်နှစ်တွင် ၀န်ကြီးချုပ် Anthony Albanese ၏ အစိုးရ ရွေးကောက်ပွဲ၌ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားရမှု  လျှော့ချသွားမည် ဆိုသည့် အပြုသဘောဆောင် မျှော်မှန်းချက်ချမှတ်ထားသော်လည်း ၎င်း အာဏာ ရရှိလာကတည်းက  ကျောက်မီးသွေးစီမံကိန်း (၄)ခုအတွက်  အတည်ပြုပေးခဲ့မှုများကြောင့် အများပြည်သူ၏ ၎င်းအပေါ်ထားရှိသည့် ကြိုက် နှစ်သက်မှုအခြေအနေသည် မှေးမှိန်သွားခဲ့သည်။


အချို့သော တောင်သူများသည် အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် အမြောက်အများ ထုတ်လုပ် နိုင်မှု ကို အကောင်အထည်မဖော်ပေးနိုင်မှာကို ပိုမိုစိုးရိမ်ကြသည်။ New South Wales ပြည်နယ်မြောက်ပိုင်းတွင် ဂျုံ၊ ပန်းနှမ်း၊ မုယောစပါးနှင့် lupins များကို စိုက်ပျိုးသူ Justin Everitt က သူ၏ သီးနှံများသည် သြဂုတ်လကတည်းက လျင်မြန်စွာခြောက်သွေ့လာခဲ့မှုကြောင့် ယခုနှစ်တွင် အထွက်နှုန်း ၂၀% လျော့နည်းဖွယ်ရှိကြောင်း ပြောကြားခဲ့သည်ကို ၂၇.၁၀.၂၀၂၃ရက်နေ့က ဖတ်ရှုခဲ့ရသည့် thestar.com ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။


Source https://www.thestar.com.my/business/business-news/

2023/10/27/australia-struggles-to-meet-agriculture-goals

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ