ရော်ဘာရောင်းလိုအား ပြတ်လပ်ခြင်းနှင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားတိုးတက်လာခြင်းသည် ကမ္ဘာ့ရော်ဘာဈေးနှုန်းများကို မြင့်တက်စေခြင်း

  • Wed, 5 January 2022

ရော်ဘာရောင်းလိုအား ပြတ်လပ်ခြင်းနှင့် တရုတ်နိုင်ငံ၏ ဝယ်လိုအားတိုးတက်လာခြင်းသည် ကမ္ဘာ့ရော်ဘာဈေးနှုန်းများကို မြင့်တက်စေခြင်း


    တရုတ်နိုင်ငံမှ ရော်ဘာဝယ်လိုအား မြင့်မားလာခြင်းနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ရာသီ အလိုက် ရော်ဘာရောင်းလိုအား ရှားပါးလာသောကြောင့် ကာလတို သဘာဝရော်ဘာ ဈေးနှုန်း တိုးမြင့်ရရှိလာနိုင်ကြောင်း သဘာဝရော်ဘာထုတ်လုပ်သောနိုင်ငံများ အဖွဲ့အစည်း (ANRPC) မှ ပြောကြားခဲပါသည်။

    ANRPC ၏ သဘာဝရာ်ဘာဈေးကွက် ထောက်လှမ်းရေး အစီရင်ခံစာအဖွဲ့သည် တရုတ်နိုင်ငံမှ လဆန်းနှစ်သစ်အကြို ဝယ်လိုအားကြောင့် (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလထိ ရော်ဘာ တင်သွင်းမှုမြင့်တက်လာကြောင်း ခန့်မှန်းထားပါသည်။

    (၂၀၂၁) ခုနှစ်၊ ဒီဇင်ဘာလနှင့် (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလတို့တွင် ရော်ဘာတန်ချိန် (၅) သိန်းဝန်းကျင်ခန့်စီ ရရှိနိုင်ရန် မျှော်မှန်းထားပါသည်။

    သို့သော် အခြေခံကျသာ ရောင်းလိုအား-ဝယ်လိုအား၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုသည် ဒေါ်လာတန်ဖိုးအားကောင်းလာခြင်း၊ ကိုဗစ်မျိုးစိတ်အသစ် အိုမီခရွန်ပျံ့နှံ့လာခြင်းကြောင့် ကန့်သတ်မှုများဖြစ်လာခြင်း၊ ရေနံစိမ်းဈေးကွက်ပုံမှန်မရှိခြင်းနှင့် ချစ်ပ်ပြတ်လပ်မှုကြောင့် မော်တော်ယာဉ်ကဏ္ဍတွင် အဆက်ပြတ်နေခြင်းများကြောင့် တစ်စိတ် တစ်ပိုင်းအားဖြင့် အဟန့်အတားများဖြစ်စေမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားပါသည်။

    ဈေးကွက်သည် ကာလတိုအတွင်း ပြတ်လပ်နေသော ရောင်းလိုအားကြောင့် ဆက်လက် ကောင်းမွန်မှုများရရှိရန် မျှော်မှန်းထားပါသည်။ ကမ္ဘာ့ရော်ဘာ ရောင်းလိုအားကျဆင်းခြင်းသည် ရာသီဥတုနှင့်ဆိုင်သောအချက်များကြောင့် ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

    (၂၀၂၁)ခုနှစ် ကမ္ဘာ့ရော်ဘာစီးပွားရေးတွင် ကမ္ဘာ့‌ရော်ဘာရောင်းလိုအား တန်ချိန် (၁၃.၈၈၂)သန်းတွင် ဝယ်လိုအားမှာ  တန်ချိန် (၁၄.၀၇၆)သန်းရှိသောကြောင့် တန်ချိန်(၂)သိန်း ခန့် လိုအပ်နေပါသည်။

    ဥရောပနိုင်ငံတွင် အိုမီခရွန်မျိုးကွဲပျံ့နှံ့မှုကို ဆန့်ကျင်သည့် ကန့်သတ်ချက်အသစ်များ နှင့်ရော်ဘာအတွက် ဝယ်လိုအား အလားအလာအပေါ် စိုးရိမ်မှုများသည် ရော်ဘာဈေးကွက်ကို ထိခိုက်စေနိုင်ပါသည်။

    Harrisons Malayalam ကုမ္ပဏီ၏ Executive Director, Santosh Kumar မှ အိန္ဒိယနိုင်ငံ ရော်ဘာထုတ်လုပ်မှုသည် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းတွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် ပုံမှန်ရာသီဥတုမဟုတ်သောကြောင့် ရာဘာအစေးခြစ်ခြင်းကို များစွာ အနှောင့်အယှက်ဖြစ်သောကြောင့် ဈေးကွက်အတွင်း ရောင်းချနိုင်မှု လျော့နည်းခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

    ယခုလတ်တလော ဈေးနှုန်းကျဆင်းနေခြင်းသည် ရေရှည်မဟုတ်ဘဲ ဇန်နဝါရီလလယ်လောက်တွင် ထုတ်လုပ်မှုကျဆင်းသောကြောင့် ဈေးနှုန်းပြန်လည်မြင့်တက်လာနိုင်ပါကြောင်း၊ ယခုနှစ်တွင် ရာသီဥတုအခြေအနေသည် အလွန်မရေမရာဖြစ်ပြီး အပြောင်းအလဲမြန်သော ကြောင့် စိုက်ပျိုးသူများသည် အစောပိုင်းမိုးရွာသွန်းမှုနှင့် ပိုမိုကောင်းမွန်သော သီးနှံများအတွက် မြေဆီလွှာအစိုဓါတ်ကို ရရှိရန် မျှော်လင့်နေကြကြောင်း Business Line ကွန်ယက်၏ (၂၇.၁၂.၂၀၂၁) ရက်နေ့တွင် ဖော်ပြခဲ့သောဆောင်းပါးအရ သိရှိရပါသည်။


https://www.thehindubusinessline.com/markets/commodities/short-supply-improved-chinese-demand-to-drive-up-global-rubberprices/article38046518.ece?fbclid=IwAR3NGsjDxqL5iBAipBTk5K2sC2urRFgx4xlKVLIIoQVSqIzaMxcd2K-evY4

ဆက်စပ် သတင်းများ