Rajshahi ရှိ ပညာရှင်များသည် ဟင်းသီးဟင်းရွက်များ အလေအလွင့်မဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိ

  • Tue, 14 November 2023

Rajshahi ရှိ ပညာရှင်များသည် ဟင်းသီးဟင်းရွက်များ အလေအလွင့်မဖြစ်စေရန် ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိ


     ပညာရှင်များက ဒေသတွင်းရှိ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ငွေကြေး ထိခိုက်မှုမှ ကာကွယ်ရန် ဟင်းသီးဟင်းရွက်များကို အလေအလွင့်မဖြစ်စေရန်နှင့် စနစ်တကျ သိုလှောင် ထိန်းသိမ်းထားရန် အလေးပေးပြောကြားခဲ့သည်။
    ဟင်းသီးဟင်းရွက်များကို အအေးခန်းတွင် ထိန်းသိမ်းထားနိုင်မှုကြောင့် နှစ်စဉ်နှစ်တိုင်းတွင် မထင်မှတ်ထားသောဆုံးရှုံးမှု (၂၅%)လျော့နည်းစေကြောင်း၊ သင့်လျော်သည့် သိုလှောင်ထိန်းသိမ်းမှု အဆောက်အအုံများ မရှိခြင်းကြောင့် တောင်သူများ ငွေကြေးအရ ဆုံးရှုံးမှုကြီးမားကြောင်း ၎င်း တို့က ပြောကြားခဲ့ပါသည်။
    Rajshahi သည် နိုင်ငံအတွင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သည့် အကြီးဆုံးဒေသ ဖြစ်ပြီး မြို့တော် ဒါကာနှင့် ဆိပ်ကမ်းမြို့ဖြစ်သော ချက်တိုဂရမ်နှင့် နိုင်ငံ၏ အခြားဒေသများသို့ ဟင်းသီးဟင်းရွက် အများအပြား ပံ့ပိုးပေးလျက်ရှိသည်။
    လက်ရှိတွင် ဟင်းသီးဟင်းရွက်များသည် ဒေသအနှံ့ရှိ လမ်းများ၊ မြေအောက်မြောင်းများနှင့် တံတားများကဲ့သို့သော  ကြီးမားသည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ရောင်းရေးဝယ်တာများ လွယ်ကူလာသဖြင့် တောင်သူများအတွက် ဝင်ငွေရလွယ်သော သီးနှံများ ဖြစ်လာခဲ့သည်။
    စိုက်ပျိုးပညာပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Mozdar Hossain က “လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနသည် Rajshahi ခရိုင်ကို ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံး ဟင်းသီး ဟင်းရွက်ထုတ်လုပ်သည့်ဒေသအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ပြောခဲ့သည်။” စိုက်ပျိုးရေးပညာရှင်  Monzurul  Huda က ဟင်းသီးဟင်းရွက်များကို ရေရှည်ထိန်းသိမ်းရန် အတွက် သဘာဝအအေးခန်းများ ထူထောင်ခြင်းသည် အမှန်တကယ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
    ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ခရိုင်၏ ပထမဆုံးသော သဘာဝအအေးခန်း သိုလှောင် ရုံသည် Paba upazila ဒေသတွင် အောင်မြင်စွာလည်ပတ်ခဲ့ပြီး ဤဒေသအတွက် ညင်သာသော ပြောင်းလဲခြင်းတစ်ခုကို ယူဆောင်လာခဲ့သည်။ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း နှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကဲ့သို့သော အမျိုးအစားများကို အအေးခန်းတွင် တစ်ကီလိုလျှင် (၁၀) တာကာသာ ကျသင့်ပြီး တောင်သူများ သိုလှောင်သိမ်းဆည်းနိုင်ပါသည်။  အအေးခန်းအာဏာပိုင်
အဖွဲ့မှ  တောင်သူများ၏  ကောက်ပဲသီးနှံများအပေါ်  တာဝန်ယူကာ ဆောင်ရွက်ရသည့်အတွက် သိုလှောင်ခဈေးနှုန်း များပြားခြင်းမရှိကြောင်း သတင်း ရရှိသည်။
    ဤနေရာတွင် Upazila ၏ Mougachi အထက်တန်းကျောင်းမှ ဆရာမ Nurul Islam က မှန်ကန်သော သိုလှောင်မှု မရှိခြင်းကြောင့် နှစ်စဉ် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် မျိုးစိတ်များ အများအပြား ပုပ်သိုးပျက်စီးနေရကြောင်း ပြောကြားခဲ့သည်။
    ယခု အသစ်တည်ဆောက်ထားသော အအေးခန်းတွင် တောင်သူများ၏ သီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို အလွယ်တကူ ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်းကို (၂.၁၁.၂၀၂၃) ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.bssnews ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။

Source    https://www.bssnews.net/agriculture-news/156130
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၈) ရက်
တည်းဖြတ်သူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ