စိုက်ပျိုးရေးထွက်ကုန်များအတွက် ပို့ကုန်နည်းဥပဒေသစ်ကို ယူကရိန်း အစိုးရထုတ်ပြန်

  • Tue, 14 November 2023

စိုက်ပျိုးရေးထွက်ကုန်များအတွက် ပို့ကုန်နည်းဥပဒေသစ်ကို ယူကရိန်း အစိုးရထုတ်ပြန်


    ယူကရိန်းနိုင်ငံသည် အစားအသောက်တင်ပို့ရာတွင် အခွန်ရှောင်ခြင်းကဲ့သို့သော ဥပဒေ များကို အလွဲသုံးစားလုပ်ခြင်းမှ တားဆီးရန် စိုက်ပျိုးရေးပို့ကုန်ကုမ္ပဏီများအတွက် မဖြစ်မနေ မှတ်ပုံတင်ရမည့်ဥပဒေကို စိုက်ပျိုးရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၁)ရက်နေ့တွင် သတင်းထုတ်ပြန် ခဲ့ပါသည်။
    စပါးနှင့် စားသုံးဆီများကဲ့သို့ ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် စိစစ်အသိအမှတ်ပြုပြီး တင်ပို့ သူများစာရင်းတွင် ကုမ္ပဏီများပါဝင်ရန် လျှောက်ထားရမည်ဖြစ်ပါသည်။
    အသိအမှတ်ပြု တင်ပို့ရောင်းချသူများစာရင်းတွင် ပါဝင်ရန်အတွက် လုပ်ငန်းတစ်ခုသည် ပြည်နယ်စိုက်ပျိုးရေး မှတ်ပုံတင်စာရင်းတွင် စာရင်းသွင်းရမည်ဖြစ်ပြီး သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့် ကိုက်ညီရမည်ဖြစ်ပါသည်။
    ကုမ္ပဏီသည် တန်ဖိုးမြှင့်အခွန်ပေးဆောင်သူအဖြစ် မှတ်ပုံတင်ထားရမည်ဖြစ်ပြီး အခွန် ကြွေးကျန်ခြင်းများ (သို့မဟုတ်) နိုင်ငံခြားငွေဖြင့် ပြန်လည်လဲလှယ်ရာတွင် နှောင့်နှေးမှုများမရှိစေရ။ ၎င်းတို့ကို လုပ်ငန်းမစတင်မီကပင် တန်ဖိုးမြှင့် အခွန်ပေးဆောင်သူ အဖြစ်လည်း မှတ်ပုံတင်ထား ရပါမည်။
    လုပ်ငန်းသည် စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်ကြားတွင် အနည်းဆုံး တင်ပို့မှုတစ်ခု အောင်မြင်စွာတင်ပို့နိုင်ခဲ့ကြောင်း အတည်ပြုသည့် ဘဏ်စာရွက်စာတမ်းများ တင်ပြ ပေးရမည် ဖြစ်ပါသည်။
    အဆိုပါ စည်းမျဉ်းများသည် စွန့်ဦးလုပ်ငန်းရှင်များ၏ အခွင့်အရေးများကို အကာအကွယ် ပေးရန်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါသည်။
    သို့သော်လည်း စည်းမျဉ်းများ ပြောင်းလဲမှုသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် နောက်ထပ် နှောင့်နှေးမှုများ ဖြစ်စေနိုင်ကြောင်း Bloomberg က အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။ မြစ်ကြောင်း နှင့် ပင်လယ်ဆိပ်ကမ်းများကို အသုံးပြုသူများသည် ထိပ်ပိုင်း ပိတ်ဆို့မှုများ၊ ရာသီဥတုဆိုးရွားမှု နှင့် ရုရှားတို့၏ တိုက်ခိုက်မှုများကြောင့် ရက်သတ္တပတ်များစွာ နှောင့်နှေးခဲ့ ပါသည်။
    ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား၏ပိတ်ဆို့တားဆီးမှု နှင့် ဒင်ညုမြစ်ပေါ်ရှိ ဆိပ်ကမ်းအဆောက်အအုံများကို တိုက်ခိုက်ခြင်းကြောင့် ပို့ကုန်ပမာဏ သိသိသာသာ လျော့နည်း သွားခဲ့ပါသည်။ လယ်ယာထွက်ကုန်များတင်ပို့မှုမှာတစ်နှစ်ထက်တစ်နှစ်ထက်ဝက်နီးပါး ကျဆင်း ခဲ့ကြောင်း အစိုးရ၏ အချက်အလက်များအရ သိရပါသည်။
    စက်တင်ဘာလတွင် ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန် မက်ထရစ်တန် (၃.၆၄)သန်း သာလျှင် တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလ တန်ချိန် (၆.၈၇)သန်းထက် ကျဆင်းခဲ့ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရပါသည်။
    မကြာသေးမီက အချက်အလက်များအရ လယ်ယာထွက်ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် မက်ထရစ်တန်ချိန် (၄.၂၂)သန်းမှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် မက်ထရစ်တန်ချိန် (၂.၁၅)သန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရပါသည်။ ယူကရိန်းသည် ပင်လယ်နက်ရှိ ယာယီဆိပ်ကမ်းကိုအသုံးပြု၍ စိုက်ပျိုးရေးထွက်ကုန် မက်ထရစ်တန်တစ်သန်း ကျော် တင်ပို့နိုင်ခဲ့ပါသည်။
    အိမ်နီးချင်း ရိုမေးနီးယားနှင့် ပိုလန်တို့သည် ယခုအခါ ယူကရိန်းသီးနှံများအတွက် အရေးပါသော သယ်ယူပို့ဆောင်ရေးနိုင်ငံများအဖြစ် ဆောင်ရွက်နေပြီး ယူကရိန်းသီးနှံတင်ပို့မှု စုစုပေါင်း၏ (၆၀%)နီးပါးသည် ရိုမေးနီးယားမှတစ်ဆင့် ဖြတ်သန်းနေကြောင်း ရိုမေးနီးယားသမ္မတ Klaus Iohannis ၏ ပြောကြားချက်အရ သိရပါသည်။
    ကျူးကျော်ဝင်ရောက်လာချိန်မှစ၍ ယူကရိန်းသီးနှံ မက်ထရစ်တန် (၂၇)သန်းကျော်အား ရိုမေးနီးယားကိုဖြတ်၍ တင်ပို့နိုင်ခဲ့ကြောင်း  (၁.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော kyivinde pendent.com website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
 
Source    https://kyivindependent.com/government-announces-new-export-rules-for-agricultural-products/

တင်ပြသူ    ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ