ဗီယက်နမ်သည် အာဖရိကသို့ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များတင်ပို့မှုကိုမြှင့်တင်ရန် ရည်ရွယ်

  • Tue, 14 November 2023

ဗီယက်နမ်သည် အာဖရိကသို့ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များတင်ပို့မှုကိုမြှင့်တင်ရန် ရည်ရွယ်


    အာဖရိကသည် ကမ္ဘာတဝှမ်းနှင့် ဗီယက်နမ်တို့ကြား ကုန်သွယ်မှုတွင် ငွေရောင်စည်းမျဉ်း (အခက်အခဲကြားမှအကျိုးအမြတ်များရရှိခဲ့သည့်) အဖြစ် ဆက်လက်တည်ရှိနေကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးHaKi Ngoc က နိုဝင်ဘာ ၁ ရက်က ပြုလုပ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာနဆွေးနွေးပွဲတွင် အတည်ပြု ပြောကြားခဲ့ပါသည်။
    ဗီယက်နမ်နိုင်ငံမှ အာဖရိကသို့ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များတင်ပို့မှုသည် ပြီးခဲ့သည့် နှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၉၅၀ ကျော်လွန်ခဲ့ပြီး ဆန်နှင့် ကော်ဖီတင်ပို့မှုမှ ဒေသတွင်း ပို့ကုန်ရငွေ စုစုပေါင်း၏ ၂၆.၅%  ရရှိခဲ့ပါသည်။
    ယခုနှစ် ပထမ (၉)လတာကာလအတွင်း အာဖရိကနှင့်ဗီယက်နမ် နှစ်နိုင်ငံကြား ကုန်သွယ်မှု သည် ၄ ဒသမ ၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၅ ဘီလီယံအထိ မြင့်တက်လာပြီး ကမ္ဘာတဝှမ်းနှင့် ဗီယက်နမ်နိုင်ငံ တို့အကြား ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၁ ရာခိုင်နှုန်းနီးပါးကျဆင်းသွားကြောင်း တာဝန်ရှိသူများကရှင်းလင်းပြော ကြားခဲ့ပါသည်။
    ဗီယက်နမ်နိုင်ငံသည် အာဖရိကသို့ စိုက်ပျိုးရေးဆိုင်ရာပို့ကုန်များ တင်ပို့မှုကို မြှင့်တင်ရန် အခွင့်အလမ်းကောင်းများစွာရှိကြောင်း၊ ဗီယက်နမ်ပြည်သူ့ပါတီနှင့် ပြည်နယ်ထိပ်သီးခေါင်းဆောင် များသည် ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် စိတ်ပါဝင်စားကြောင်းအလေးပေး ပြောကြားခဲ့ပါသည်။
    လူဦးရေ ၁ ဘီလီယံခန့်ရှိသော Sub-Sahara Africa သည် ဗီယက်နမ် စိုက်ပျိုးရေး ဆိုင်ရာပို့ကုန်များအတွက် အလားအလာရှိနိုင်သော စျေးကွက်တစ်ခုဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းနှင့် အရည်အသွေးယှဉ်ပြိုင်နိုင်စွမ်းအားမြှင့်တင်ခြင်းအပြင် ဗီယက်နမ်မန်နေဂျာများနှင့် ကုမ္ပဏီများအနေဖြင့် စျေးကွက်အတွင်း ထုတ်ကုန်များကို ထိထိရောက်ရောက်မြှင့်တင်ရန်အတွက် သင့်လျော်သော အစီအမံများကိုဆောင်ရွက်ထားကြရန်ပြောကြားခဲ့ပါသည်။
    ဈေးကွက်ပါဝင်သူများသည် Sub-Sahara Africa တွင် ဗီယက်နမ်လယ်ယာထုတ်ကုန်များ အရောင်းမြှင့်တင်ခြင်းဆိုင်ရာ အဟန့်အတားများဖြစ်သည့် ဈေးကွက်၊ မိတ်ဖက်များနှင့် ဥပဒေစည်း မျဉ်းများဆိုင်ရာ သတင်းအချက်အလက်များမရရှိခြင်း၊
လှသော အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် နည်းပညာအတားအဆီးများကို ထောက်ပြပြော ကြားခဲ့ပါသည်။
    အဆိုပါဈေးကွက်ပါဝင်သူများသည် ဒေသတွင်း ကုန်သွယ်မှုမြှင့်တင်ရေး ကိုယ်စားလှယ် အဖွဲ့များ စေလွှတ်ရန်အကြံပြုခဲ့ပြီး အာဖရိကရှိ ဗီယက်နမ် ကိုယ်စားလှယ်ရုံးများတွင် စိုက်ပျိုးရေး ထုတ်ကုန် အရောင်းပြခန်းများ တည်ထောင်ရေး တို့ကို ဆွေးနွေးခဲ့ကြပါသည်။
    ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးဌာနအနေဖြင့် ယခုလနှောင်းပိုင်းတွင် အဖရိက အရှေ့အလယ် ပိုင်းနှင့် မြောက်ပိုင်းတွင် ဗီယက်နမ် စိုက်ပျိုးရေးထုတ်ကုန်များ အရောင်းမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကိုထပ်မံကျင်းပရန် စီစဉ်ထားပါကြောင်းကို (၂-၁၁-၂၀၂၃) ရက်နေ့ထုတ် en. Vietnamplus.vn.com အရသိရှိရပါသည်။

Source    https://en.vietnamplus.vn/vietnam-aims-to-promote-agricultural-exports-to-africa/270581.vnp

တင်ပြသူ     ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်
စစ်ဆေးသူ    ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ