တရုတ်နိုင်ငံ၏ ဂျင်းတင်ပို့သည့် လက်ရှိဈေးနှုန်းမှာ ယခင်နှစ်ထက် (၅၀%) ကျဆင်းခဲ့

  • Wed, 15 November 2023

တရုတ်နိုင်ငံ၏ ဂျင်းတင်ပို့သည့် လက်ရှိဈေးနှုန်းမှာ ယခင်နှစ်ထက် (၅၀%) ကျဆင်းခဲ့


(2023)ခုနှစ်တွင် တရုတ်ဂျင်းရိတ်သိမ်းရာသီမှာ အောက်တိုဘာလဆန်းတွင် စတင်ခဲ့ပြီး ယခုအခါ ရိတ်သိမ်းချိန်နီးလာပြီဖြစ်ပါသည်။ ဂျင်းစျေးကွက်အခြေအနေနှင့်ပတ်သက်၍ Freshplaza ကုမ္ပဏီသည် Qingdao Shenpu Fruit & Vegetable မှ Leo Jiang နှင့် သက်ဆိုင်ရာ စျေးကွက်ဖလှယ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ပါသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျင်းအထွက်နှုန်းသည် မိုးခေါင်ခြင်း သို့မဟုတ် ရေကြီးခြင်း ကဲ့သို့ ပြင်းထန်သော ရာသီဥတုဒဏ်များကြောင့် ထိခိုက်မှုမရှိဘဲ ၎င်း၏ အထွက်နှုန်းနှင့် အရည် အသွေးများမှာ ယခင်နှစ်များထက် သိသိသာသာ ကောင်းမွန်ခဲ့ပါသည်။ ထို့အပြင် ယခင်နှစ်က မိုး ရာသီကြောင့် ဂျင်းအထွက်နှုန်းလျော့ကျခဲ့ပြီး ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သော်လည်း ယခုနှစ်တွင် အခြေအနေအပြောင်းအလဲဖြစ်ကာ ဂျင်းဈေးနှုန်း ပုံမှန်ပြန်ဖြစ်လာခဲ့ပါသည်။

ဂျင်းပို့ကုန်ဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ(၁,၇၀၀)ဝန်းကျင်ရှိပြီး မနှစ်က အလားတူ ကာလထက် (၅၀%)လျော့ကျသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။ ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းသည့် ဂျင်းအသစ်များကြောင့် ပြည်ပရှိ ဂျင်းဝယ်ယူသူများမှ ယခင်နှစ် ထွက်ရှိသော ဂျင်းအဟောင်းများကို ဝယ်ယူမှုရပ်တန့်လိုက်ပြီး ရာသီသစ်၏ ဂျင်းအသစ်များ ဈေးကွက်သို့ ရောက် ရှိရန် စောင့်ဆိုင်းလျက်ရှိပါသည်။ ယခုအချိန်တွင် ဂျင်းအသစ်ဝယ်ယူရန် အမှာစာများစွာ လက်ခံ ရရှိထားပြီး စျေးကွက်အလားအလာမှာ ကောင်းမွန်လျက် ရှိပါကြောင်း (၈.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော Fresh Plaza ကွန်ရက် ဆောင်းပါးအရသိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9575230/the-current-export-price-of-chinese-ginger-down-50-on-last-year/


တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ