ရောင်းပန်းလှလျက်ရှိသည့် အီဂျစ်သရက် ရာသီကုန်ကာလ

  • Wed, 15 November 2023

ရောင်းပန်းလှလျက်ရှိသည့် အီဂျစ်သရက် ရာသီကုန်ကာလ


အီဂျစ်သရက်ရာသီကုန်ဆုံးရန် ရက်အနည်းငယ်သာလိုတော့ပြီး အထူးအောင်မြင်သော ရာသီတစ်ခုကို ပြန်ရောက်လာပါကြောင်း Sherouk Land ကုမ္ပဏီ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆိုင်ရာ နည်းပညာဒါရိုက်တာ Mahdi Salem ကပြောကြားခဲ့ပါသည်။

ဈေးကွက်အတွင်းတွင် သရက်သီးအလုံးအရွယ်အစား ၃၅၀ မှ ၉၀၀ ဂရမ် ရှိသော Keitt သရက်မျိုးကွဲများသာရရှိနိုင်သေးသော်လည်း နိုဝင်ဘာလ ၁၅ ရက်နေ့တွင် သရက်လှုပ်ရှားမှုကာလ ပြီးဆုံးသွာမည်ဖြစ်ကြောင်း၊ ပြည်တွင်းစျေးကွက်တွင် ဒီဇင်ဘာလအစောပိုင်းအထိ ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Salem မှ ပြောကြားခဲ့ပါသည်။

ယေဘုယျအားဖြင့် သရက်ရာသီလှုပ်ရှားမှုသည် ပြီးခဲ့သည့်နှစ်ကထက်ပို၍အောင်မြင်ခဲ့ပြီး ပို့ကုန်ပမာဏ နှင့် ဈေးနှုန်းများသည်လည်း ယခင်ကထက် ပိုမိုမြင့်မားစွာ ရရှိသဖြင့် ကျွန်ုပ်တို့ မျှော်မှန်းထားသည့် ပမာဏထက် ကျော်လွန်ခဲ့ပါကြောင်း၊ ရုရှား နှင့် ဥရောပ ဈေးကွက်ပြီးလျှင် အာရပ်နိုင်ငံများမှ အီဂျစ်သရက်ကို ဝယ်လိုအားကောင်းလျက်ရှိကြောင်း သရက်စိုက်ပျိုးထုတ်လုပ်သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။

ယခုနှစ် အီဂျစ်သရက်သီးများအတွက် အဓိကဦးတည်ရာနေရာမှာ ဆော်ဒီအာရေးဗျနိုင်ငံ ဖြစ်ပြီး တန်ချိန် ၃၄ဝဝဝ ကျော်တင်ပိုခဲ့ရာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တင်ပို့မှု ၆၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပါသည်။ အီဂျစ်သရက်သီးများကို ဥရောပဈေးကွက်များ၊ ရုရှား၊ ယူကရိန်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အိုမာ၊ ကာတာနှင့် လက်ဘနွန်နိုင်ငံများသို့တင်ပို့ရောင်းချ လျက်ရှိပါသည်။ ပြီးခဲ့သည့်နှစ်ကအီဂျစ်နိုင်ငံမှ တန်ချိန် ၇၆,၄၇၀ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း သရက်တင်ပို့သည့် ၁၀ နိုင်ငံတွင်ပါဝင်ခဲ့ပါသည်။ လက်ရှိရာသီအတွက် ကိန်းဂဏန်းအချက်အလက် များကိုတရားဝင်ဖော်ပြခြင်းကိုဆိုင်းငံ့ထားပြီး၊ ပို့ကုန်ပမာဏမှာ သံသယဖြစ်ဖွယ်တိုးလာကြောင်း Salem က ထောက်ပြခဲ့ပါသည်။

သို့သော် သရက်လုပ်ငန်းအနေဖြင့် စိန်ခေါ်မှုတိုးလာသော ရာသီဥတုဒဏ်ကို ရင်ဆိုင် နေရကြောင်း၊ ပန်းပွင့်ချိန်အတွင်းအပူချိန် ရုတ်တရက်ပြောင်းလဲမှုများသည် ယခုနှစ်တွင် ကျွန်ုပ်တို့ ၏ကြုံတွေ့နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာခဲ့ပါကြောင်း၊ သစ်သီးဝလံများ အပေါ်ရာသီ ဥတုပြောင်းလဲရိုက်ခတ်မှုဒဏ်မှ ခံနိုင်ရည်ရှိစေရန် ကူညီပေးနိုင်ရေးအတွက် အပင်ပိုးမွား ရောဂါ ကာကွယ် ကုသရေးနှင့် ရေပေးသွင်းခြင်းစသည့် လယ်ယာလုပ်ငန်းစဉ်များကို ပြင်ဆင်ထားပြီး ဖြစ် ကြောင်း Salem ကပြောကြားခဲ့သည်ကို (၈-၁၁-၂၀၂၃)ရက်နေ့ထုတ် freshplaza.com သတင်း ဆောင်းပါး အရသိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9575406/end-of-a-good-season-for-egyptian-mangoes/


တင်ပြသူ ဒေါ်အေးအေးခိုင်၊စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ