သီရိလင်္ကာနိုင်ငံသည် ပြည်ပတင်ပို့ရန် ရည်ရွယ်၍ စတော်ဘယ်ရီသီးများ စိုက်ပျိုး

  • Tue, 28 November 2023

သီရိလင်္ကာနိုင်ငံသည် ပြည်ပတင်ပို့ရန် ရည်ရွယ်၍ စတော်ဘယ်ရီသီးများ စိုက်ပျိုး


သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးဌာနသည် ပြည်ပသို့သီးနှံတင်ပို့ရောင်းချရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံသူအဖွဲ့တစ်ဖွဲ့မှ တင်ပြလာသည့် စတော်ဘယ်ရီစိုက်ပျိုးရေး စီမံကိန်းအတွက်  ခွင့်ပြုပေးထားပါသည်။

ကမ္ဘာ့စတော်ဘယ်ရီသီးဝယ်လိုအား မြင့်မားနေသော်လည်း   ခေတ်မီစိုက်ပျိုးနည်းစနစ်များ မရှိခြင်းကြောင့် လက်ရှိတွင် ပြည်တွင်း၌ စိုက်ပျိုးထားသည့် စတော်ဘယ်ရီဝယ်လိုအား အနည်းငယ် သာ ရှိနေသည်။ သီရိလင်္ကာနိုင်ငံသည် စတော်ဘယ်ရီ တင်ပို့သည့်နိုင်ငံများတွင် အဆင့်(၅၇) ရှိကာ စတော်ဘယ်ရီဈေးကွက်သည် နှစ်စဉ်အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိပြီး စတော်ဘယ်ရီသည်  အရည်ရွှမ်း နူးညံ့သောသစ်သီးအဖြစ်  လူကြိုက်များလှပါသည်။

အတည်ပြုထားသော စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနပိုင် Nuwara Eliya ရှိ မြေတစ်ဟက်တာကို ကနဦးအဆင့်တွင် ရှေ့ပြေးစီမံကိန်းအဖြစ် ခွဲဝေပေးမည် ဖြစ်သည်။ စီမံကိန်းအောင်မြင်မှုအပေါ်မူတည်၍ စတော်ဘယ်ရီစိုက်ပျိုးရန်အတွက် (၁၀)ဟက်တာ အထိ ဆောင်ရွက်ထောက်ပံ့ပေးမည်လည်းဖြစ်သည်။

စိုက်ပျိုးမှုတွင် နည်းပညာအသစ်များကို အသုံးပြုခြင်းဖြင့် တစ်ဟက်တာလျှင် (၁၁၇,၆၀၀) ဒေါ်လာရရှိနိုင်ပြီး အမြင့်ဆုံးအထွက် (၁၂၀,၀၀၀)ကီလိုဂရမ် ခူးဆွတ်နိုင်မည်ဖြစ်သည်။ စတော်ဘယ်ရီ တစ်ဟက်တာစိုက်ပျိုးရန် ရင်းနှီးမြှုပ်နှံမှုမှာ ရူပီး သန်း(၂၅၀) လိုအပ်ကြောင်း (၁၅.၁၁.၂၀၂၃) နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com ကွန်ယက်၏ သတင်းဆောင်းပါးမှတဆင့် သိရှိခဲ့ရသည်။

Source https://www.freshplaza.com/asia/article/9577314/sri-lanka-to-grow-strawberries-for-export/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ