နွေရာသီအပူလွန်ကဲမှုသည် ဂျပန်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိ

  • Tue, 28 November 2023

နွေရာသီအပူလွန်ကဲမှုသည် ဂျပန်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိ


ဂျပန်နိုင်ငံသည် ယခုနွေရာသီ အလွန်အမင်းပူပြင်းမှုနှင့် မိုးရွာသွန်းမှုမလုံလောက်ခြင်းတို့ကို ရင်ဆိုင်နေရပြီး သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များအပါအဝင် သီးနှံများကြီးထွားမှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါသည်။ ယင်းအခြေအနေများကြောင့် တင်ပို့မှုကျဆင်းခြင်းနှင့် ဈေးနှုန်းသိသိသာသာ မြင့်တက်ခြင်းတို့ကို ဖြစ်စေပါသည်။

Tsugaru ပန်းသီးများဟု လူသိများသော Aomori စီရင်စုတွင် ရိတ်သိမ်းမှု၏ (၁၀%)သည် အခွံနှင့်အသီးအတွင်းပိုင်း အရောင်ပြောင်းခြင်းကဲ့သို့သော ပြဿနာများကြောင့် တင်ပို့ခြင်း မပြု နိုင်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။ ၎င်းသည် ဒေသတွင်း ပန်းသီး ထုတ်လုပ်မှုအတွက် သိသိသာသာ ဆုတ်ယုတ်မှုကို ဖြစ်စေပါသည်။

ခရမ်းချဉ်သီး၊ မုန်လာဥနှင့် တရုတ်ဂေါ်ဖီထုပ်များကဲ့သို့သော အခြားသီးနှံများမှာလည်း တင်ပို့မှု ကျဆင်းလာပြီး ဈေးနှုန်းများ မြင့်တက်လာပါသည်။ အထွက်နှုန်းလျော့ခြင်းနှင့် ဝယ်လိုအား တိုးလာခြင်းသည် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များရရှိနိုင်မှုနှင့် ထုတ်လုပ်နိုင်မှုအပေါ် ဖိအား ဖြစ်စေကြောင်း (၁၅.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ သတင်း ဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9577332/extreme-summer-heat-impacts-japanese-fruit-and-veg-production/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ