ရာသီဥတုအပြောင်းအလဲများကြောင့် အီဂျစ်သစ်သီးဝလံထုတ်လုပ်မှုအား ထိခိုက်စေ

  • Tue, 28 November 2023

ရာသီဥတုအပြောင်းအလဲများကြောင့် အီဂျစ်သစ်သီးဝလံထုတ်လုပ်မှုအား ထိခိုက်စေ


အီဂျစ်နိုင်ငံတွင် ယခုနှစ်နွေရာသီ၌ အပူလွန်ကဲမှုကြောင့် နိုင်းမြစ်ဝှမ်းဒေသရှိ ဟက်တာ (၄၀) ကျယ်ဝန်းသော သစ်သီးခြံ၏ မန်နေဂျာများသည် ပူပြင်းသောအပူချိန်ကို ကာကွယ်ရန် သရက်သီး တစ်လုံးချင်းစီအား စက္ကူဖြင့် ထုတ်ပိုးခြင်းနှင့် လိမ္မော်သီးများအား kaolin ရွှံ့စေးများ သုတ်လိမ်းပေးခြင်း ကဲ့သို့သော ထူးခြားသောအစီအမံများကို လုပ်ဆောင်ခဲ့ကြပါသည်။ ယခုနှစ် နွေရာသီသည် နိုဝင်ဘာ လလယ်တွင် (၃၀˚C)အထက် ကျော်လွန်နေပြီး သမိုင်းဝင် စံနှုန်းထက် (၁၀˚C)နီးပါး မြင့်မားနေသဖြင့် ယခုနှစ်၏ စံချိန်တင် အပူဆုံးနွေရာသီ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ရာသီဥတု ပြောင်းလဲလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာခြင်းသည် အီဂျစ် နိုင်ငံ၏ မြေထဲပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် မြေဆီလွှာတိုက်စားမှုများကို ဖြစ်စေရုံသာမက နိုင်ငံ၏ စိုက်ပျိုးရေးအတွက် အရေးပါသောဒေသတစ်ခုဖြစ်သည့် နိုင်းမြစ်ဝှမ်းဒေသရှိ မြေဆီမြေဩဇာ ကောင်းမွန်သော စိုက်ပျိုးမြေများကို ဆားပေါက်မြေများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲစေပါသည်။ တစ်ချိန်တည်းမှာပင် ရှည်လျားပြီး ပူပြင်းသောနွေရာသီများသည် တောင်သူများအတွက် ကုန်ကျ စရိတ်များ မြင့်တက်ကာ သီးနှံအထွက်နှုန်းများ လျော့ကျစေပြီး စီးပွားရေးစိန်ခေါ်မှုများနှင့် ငွေကြေး ဖောင်းပွမှု မြင့်တက်နေသည့်ကြားတွင် ရုန်းကန်နေရသော စားသုံးသူများအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေကြောင်း (၁၅. ၁၁. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်သည့် Fresh Plaza သတင်းဆောင်းပါး အရ သိရှိရပါသည်။

Source https://www.freshplaza.com/oceania/article/9577360/climate-change -is-affecting-egyptian-fruit-production-moving-production-windows/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ