“World of Coffee Dubai 2024” ပါဝင်ဆင်နွှဲရန် မြန်မာ့ကော်ဖီရောင်းချသူများထံဖိတ်ကြား

  • Fri, 1 December 2023

“World of Coffee Dubai 2024”  ပါဝင်ဆင်နွှဲရန် မြန်မာ့ကော်ဖီရောင်းချသူများထံဖိတ်ကြား


ဇန်နဝါရီလ (၂၁-၂၃)ရက်နေ့တွင် ဒူဘိုင်းမြို့၌ကျင်းပမည့် World of Coffee Dubai 2024 အား ပါဝင်ဆင်နွှဲရန်အတွက် နိုင်ငံတကာသို့ဈေးကွက်ချဲ့ထွင်လိုသည့် မြန်မာ့ကော်ဖီ ရောင်းချသူများထံ ဖိတ်ကြားထားကြောင်းကို ဒူဘိုင်းမြို့ရှိ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာသံကိုယ်စားလှယ်က ပြောကြား ခဲ့ပါသည်။

World of Coffee Dubai 2024 သည် ကြီးမားကျယ်ပြန့်လာသည့် ကော်ဖီလုပ်ငန်း နယ်ပယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေလျက်ရှိသော ပြပွဲစီစဉ်သူများနှင့် ဧည့်သည် တော်များအကြား ပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သည့် ကွန်ရက်သဖွယ် ဖြစ်သည်ကို ပြသနိုင်ရန် Dubai World Trade Centre ၏ DXB Live မှ ကြီးမှူးကျင်းပသွားမည် ဖြစ်ပါသည်။

World of Coffee Dubai 2024 ပြပွဲတွင် Roaster Village, Cup Room နှင့် Brew Bar ကဲ့သို့ အမျိုးမျိုးသော အစီအစဉ်များ ပါဝင်မည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး လုပ်ရည်ကိုင်ရည်နှင့် တီထွင်ကြံဆနိုင်စွမ်းကို အသုံးချ နိုင်သော အလေ့အကျင့်ကောင်းများအပေါ် အထူးအလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည့်စုံ ကောင်းမွန်သည့် ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ဆွေးနွေးပွဲအတွင်း နိုင်ငံတကာ ကော်ဖီ အသိုင်းအဝန်း၏ ဆွေးနွေးမှုများ နှင့် ကတိကဝတ်များအရ လုပ်ငန်းခွင်၌ အရေးကြီးသော ရေရှည် တည်တံ့သည့် အလေ့အကျင့်များကို ပေါ်လွင်မြင်သာစေရန် သတ်မှတ်နေရာများ စီမံဆောင်ရွက် သွားမည် ဖြစ်ပါသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲများသည် ဒေသတွင်းဈေးကွက်ချဲ့ထွင်ရန် ကြိုးပမ်းနေသော ထိပ်တန်း အမှတ်တံဆိပ်များ နှင့် လူသိများကျော်ကြားပြီးသော ကော်ဖီအမှတ်တံဆိပ်၏ လက်ခွဲများအဖြစ် ရပ်တည်ရန် စိတ်အားထက်သန်နေသော ရင်းနှီးမြှုပ်နှံသူများထံ Franchise Village ကဲ့သို့သော ကုန် ပစ္စည်းအသစ်များအား ကြော်ငြာမိတ်ဆက်ကာ သိရှိစေနိုင်ပါသည်။

အဆိုပါ ပလက်ဖောင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အခွင့် အလမ်းများ ရှာဖွေရာတွင် အဓိကသော့ချက်တစ်ခုအဖြစ် World of Coffee ၏ အခန်းကဏ္ဍကို ပိုမို ခိုင်မာစေပါသည်။ ပြပွဲအင်္ဂါရပ်များနှင့်အစီအစဉ်များတွင် ဝယ်သူများနားနေခန်း၌ ဝယ်သူများ၊ ကော်ဖီစိုက်တောင်သူများ၊ ကုန်သည်များ၊ ဖြန့်ဖြူးသူများ၊ ကော်ဖီစေ့လှော်သူများ၊ ခရီးသွားလုပ်ငန်း နှင့် ဧည့်သည်ဝန်ဆောင်မှုကဏ္ဍများမှ စားသောက်ဖွယ်ရာ၊ အဖျော်ယမကာ မန်နေဂျာများ တွေ့ဆုံ ဆွေးနွေးနိုင်မည်ဖြစ်သည်။ ၎င်းသည် ကော်ဖီလုပ်ငန်းရှိ သက်ဆိုင်သူများအကြား အပြန် အလှန် ဆက်နွယ်ချိတ်ဆက်မှုကို အားကောင်းစေပြီး အလားအလာရှိသော စီးပွားဖက်များနှင့် ငွေ ပေးချေမှုဆိုင်ရာ ကိစ္စများအတွက် စံနမူနာသဖွယ် ဖြစ်စေပါသည်။

ထို့အပြင် (၂၀၂၄)ပြပွဲ၌ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက် သူများထားရှိရန် ကြီးမားခမ်းနားသော ခန်းမဆောင်(၂)ခု စီစဉ်ထားပေးမည်ဖြစ်သည်။  ခန်းမဆောင် (၁)ခု၌ ကော်ဖီလက်ရွေးစင်အသင်း၏ ဆွေးနွေးပွဲများကျင်းပရန် ရည်ရွယ်ထားပြီး အခြားခန်းမဆောင်၌ လတ်တလော ရေပန်းစားလျက်ရှိသည့် အကြောင်းအရာများ၊ ဆန်းသစ်တီထွင်မှုများ နှင့် ကော်ဖီ ထုတ်ကုန်ဆိုင်ရာများကို ကမ္ဘာတဝှမ်းရှိ ကော်ဖီထုတ်ကုန် ကျွမ်းကျင်ပညာရှင်များနှင့် အထူးပြု လေ့လာသူများပါဝင်ကာ ကဏ္ဍစုံဆွေးနွေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်၍ ဤပြပွဲသည် ပူးပေါင်းပါဝင်သူများအတွက် နိုင်ငံတကာ ကော်ဖီလုပ်ငန်း နှင့် ကွန်ရက်ဖြန့်ကျက်ကာ ပေါင်းကူးချိတ်ဆက်နိုင်စေသည့်အပြင် ၎င်းပြပွဲအခမ်းအနား၏ အစီအစဉ် ပေါင်းများစွာသည် ဈေးကွက်ချဲ့ထွင်ရန်အတွက်နှင့် ကော်ဖီလုပ်ငန်းအတွက် အခွင့်အလမ်းပေါင်း များစွာ ချိတ်ဆက်ရရှိစေနိုင်ရန်အတွက် အခမ်းအနားတစ်ခုသဖွယ်ဖြစ်စေသောကြောင့် စိတ်ပါဝင်စား သူများအနေဖြင့် dubai.worldofcoffee.org သို့ သွားရောက်ကာ ပါဝင်ဆင်နွှဲနိုင်ကြောင်းကို (၂၂.၁၁.၂၀၂၃) ရက်နေ့တွင်ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရ ပါသည်။

Source https://cdn.myanmarseo.com/file/client-cdn/2023/11/22_Nov_23_gnlm.pdf


တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ