စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ ပုံမှန်မြင့်တက်မှု နှေးကွေးလျော့ကျလာ

  • Fri, 1 December 2023

စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ ပုံမှန်မြင့်တက်မှု နှေးကွေးလျော့ကျလာ


စိုက်ပျိုးရေးသွင်းအားစု စျေးနှုန်းညွှန်းကိန်းသည် စက်တင်ဘာလတွင် လစဉ်(၂.၆%) မြင့်တက်ခဲ့ပြီး ဩဂုတ်လတွင် စံချိန်တင်မြင့်တက်ခဲ့သော(၆.၉%)မှ လျော့ကျခဲ့ပါသည်။ အကျိုးဆက် အနေဖြင့် သွင်းအားစုစျေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် တိုးလာမှုသည် (၄၁.၃%)မှ (၄၀.၉၇%)သို့ လျော့ကျသွားကြောင်း Turkish Statistical Institute (TÜİK)မှ အချက်အလက်များအရ သိရ ပါသည်။

သွင်းအားစုစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ (၃၃%) မြင့်တက်ခဲ့ပါသည်။ တိရစ္ဆာန်ဆေးကုစရိတ်၏ အညွှန်းကိန်းသည် (၁၀၇%)နီးပါး မြင့်တက်သွားပြီး လယ်ယာလုပ်ငန်း အဆောက်အဦ တည်ဆောက်မှု ကုန်ကျစရိတ် (၆၅%) တိုးလာပါသည်။ တောင်သူများ၏ စွမ်းအင် နှင့် စက်သုံးဆီ ချောဆီ ကုန်ကျစရိတ်များသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနှင့် နှိုင်းယှဉ်ပါက (၄၀%)နီးပါးမြင့်တက်နေချိန်တွင် မျိုးစေ့ဈေးနှုန်းများသည် နှစ်စဉ်(၄၅%)ကျော် မြင့်တက်လာခဲ့ ပါသည်။ တိရစ္ဆာန်အစာစရိတ်သည် တစ်နှစ်ထက်တစ်နှစ် (၂၆%)ကျော် မြင့်တက်ခဲ့ပါသည်။ တောင်သူများသည် လွန်ခဲ့သည့် တစ်နှစ်အတွင်း ပိုးသတ်ဆေးအတွက် (၂၇%)ပိုမိုပေးဆောင်ခဲ့ရပြီး စက်ယန္တရားများ ပြုပြင်ထိန်းသိမ်းမှု စရိတ်သည် (၆၀%)နီးပါး မြင့်တက်လာခဲ့ပါသည်။

နောက်ဆုံးကာလ၏ ငွေကြေးဖောင်းပွမှု အချက်အလက်များအရ စားသောက်ကုန်စျေးနှုန်း များသည် အောက်တိုဘာလတွင် လစဉ် (၃.၂%)မြင့်တက်ခဲ့ပြီး နှစ်စဉ် (၇၂%)အထိ တိုးလာခဲ့ ပါသည်။ ပြုပြင်မွမ်းမံထားခြင်းမရှိသော စားသောက်ကုန်ဈေးနှုန်းများသည် လစဉ် (၄.၁%)မြင့်တက် လာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၉၀%)တိုးလာခဲ့ပါသည်။ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် ဈေးနှုန်းများသည် (၀.၄%)သာ မြင့်တက်ခဲ့ပါသည်။

ပြုပြင်ပြီး စားသောက်ကုန်ဈေးနှုန်းများသည် လစဉ်(၂.၅%)မြင့်တက်ခဲ့ပြီး  နှစ်စဉ်(၅၈.၆%) အသီးသီးမြင့်တက်ခဲ့ကြောင်း (၂၂.၁၁.၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော hurriyetdailynews website သတင်းဆောင်းပါးအရ သိရှိရပါသည်။

 source https://www.hurriyetdailynews.com/pace-of-increase-in-agricultural-input-prices-slows-188027


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန





ဆက်စပ် သတင်းများ