Mark Furner သည် ဂျပန်နိုင်ငံအတွင်း၌ ကွင်းစလန်ပြည်နယ်၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေး

  • Fri, 1 December 2023

Mark Furner သည် ဂျပန်နိုင်ငံအတွင်း၌ ကွင်းစလန်ပြည်နယ်၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေး


ကွင်းစလန်ပြည်နယ်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ရေလုပ်ငန်းဝန်ကြီး Mark Furner သည် ဂျပန်နိုင်ငံအတွင်းရှိ  တင်သွင်းသူများ၊ ထုတ်လုပ်သူများ၊ အစိုးရကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးမှု ၄ ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါသည်။

၎င်းတွင် Starzen၊ Salad Club၊ Fast Retailing၊ Hibaya-Inn နှင့် EcoWood အပါအဝင် ဂျပန်အစားအစာနှင့် အမျှင်ထုတ်ကုန်ထုတ်လုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံမှုများ ပါဝင်မည် ဖြစ်သည်။

ကွင်းစလန်ပြည်နယ်နှင့်ဂျပန်အစိုးရ ကတိပြုထားသော ရာသီဥတုကို အဓိကဦးတည် ချမှတ်ထားသည့် ပန်းတိုင်များသည် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ သော စိုက်ပျိုးရေးကဏ္ဍကိုဦးတည်နိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးပွဲတစ်ခုလည်း ဖြစ်ပေါ် လာမည်ဖြစ်ပါသည်။

ကြေငြာချက်တစ်ခုတွင် Furner က ၎င်း၏ရည်မှန်းချက်သည် ကွင်းစလန်ပြည်နယ်၏ ရေရှည်တည်တံ့သော အစားအစာနှင့် အမျှင်ထုတ်ကုန်များ ဂျပန်ဈေးကွက်သို့ရောက်ရှိနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးရန်ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။

"ဂျပန်ဈေးကွက်သည် စားသုံးသူအပေါ်တိုက်ရိုက်သက်ရောက်မှုရှိသောဈေးနှုန်းနှင့်အတူ ဖွံ့ဖြိုးပြီးဈေးကွက်တစ်ခုဖြစ်သော်လည်း ကွင်းစလန်ပြည်နယ် ၏အစားအစာနှင့် အမျှင်ထုတ်ကုန် များသည် အရည်အသွေးဆိုင်ရာ မှတ်ချက်ကောင်းရှိနိုင်သည်" ဟု Furner မှ ပြောကြားခဲ့ပါသည်။

"ကျွန်ုပ်တို့၏ အရည်အသွေးကောင်းအသား၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ ပင်လယ်စာနှင့် အမျှင်ထွက်ကုန်များကို ပိုမိုတင်ပို့ရန် အခွင့်အလမ်းရှိပါကြောင်း၊ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏ စိုက်ပျိုးထုတ်လုပ်မှုရေးကွင်းဆက်များနှင့် ဒေသအဖွဲ့အစည်းများအတွင်း အလုပ်အကိုင်များ ပိုမိုရရှိစေပါကြောင်း" ပြောကြားခဲ့ပါသည်၊၊

၂၀၂၂ - ၂၀၂၃ တွင် ဂျပန်သို့ ကွင်းစလန်ပြည်နယ် ၏ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုဈေးကွက်သည် ပြည်နယ်အတွက် တတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး ဂျပန်နိုင်ငံသို့ အမဲသား တင်ပို့မှုမှာတန်ဘိုးအားဖြင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံရှိပါသည်။

- ၁၆ -

Furner ၏ရည်မှန်းချက်အစီအစဉ်တွင် ကွင်းစလန်ပြည်နယ်၏ အမဲသားတင်ပို့ ရောင်းချသူ များနှင့် ဂျပန်နိုင်ငံမှ တင်သွင်းသူများအတွက် တိုကျိုမြို့တွင် အဓိကချိတ်ဆက်တွေ့ဆုံပွဲတစ်ခုအပြင် အထူးစူပါမားကတ်တစ်ခု၏ စတိုးဆိုင်တွင်း အရောင်းမြှင့်တင်ခြင်းအစီအစဉ် တစ်ခုလည်း ပါဝင် သည်။

ဗုဒ္ဓဟူးနေ့တွင် အဆိုပါအဖွဲ့သည် တိုကျိုမြို့ရှိ Yaoko စတိုးတွင် ကွင်းစလန်ပြည်နယ်မှ ထုတ်ကုန်များ စမ်းသပ်စားသောက်ခြင်း အစီအစဉ် ပါဝင်မည်ဖြစ်သည်။

"တည်မြဲခိုင်မာပြီး ယုံကြည်ရမည့် ရေရှည်ဆက်ဆံရေးကို တည်ဆောက်ခြင်းသည် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အောင်မြင်မှုသော့ချက်ဖြစ်သည်" ဟု လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေလုပ်ငန်းဝန်ကြီးက ပြောကြားခဲ့ပါသည်။

“ဂျပန်နိုင်ငံရှိ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကွင်းစလန်အဖွဲ့သည် ကွင်းစလန်ပြည်နယ်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များကြားချိတ်ဆက်မှုကို ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။ ၎င်းခရီးစဉ်က ကွင်းစလန်ပြည်နယ်အတွက် အရေးကြီးသော ခရီးစဉ် ဖြစ်ပါကြောင်းနှင့်ဂျပန်မိတ်ဆွေများအတွက်အားဖြည့်ပေးမည့်ခရီးစဉ်”ဖြစ်ကြောင်းပြောကြားခဲ့သည်ကို (၂၁ - ၁၁ - ၂၀၂၃ ) ရက်နေ့ထုတ် www.themandarin.com သတင်းအရသိရှိရပါသည်။


Source https://www.themandarin.com.au/235044-mark-furner-talks-up-qlds-trade-opportunities-in-japan/


တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ