မြန်မာနိုင်ငံသည် အစိုးရချင်းသဘောတူညီမှုစာချုပ်(G-to-G )ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ကြက်သွန်နီ တင်ပို့ရောင်းချရန် ကြိုးပမ်းလျက်ရှိ

  • Wed, 6 December 2023

မြန်မာနိုင်ငံသည် အစိုးရချင်းသဘောတူညီမှုစာချုပ်(G-to-G )ဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ကြက်သွန်နီ တင်ပို့ရောင်းချရန် ကြိုးပမ်းလျက်ရှိ


      မြန်မာနိုင်ငံသည် အစိုးရချင်းသဘောတူညီမှုစာချုပ်(G-to-G)အရ ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် ကြက်သွန်နီတင်ပို့ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက် နေကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာ့စီးပွားရေးသံမှူးက ပြောသည်။

G-to-G သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီ၏ အရည်အသွေးကို အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦးဆောင်ရွက်မည်လည်း ဖြစ်ပါသည်။ 

အဆိုပါသဘောတူညီမှုကို အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက် သွန်ဖြူ နှင့် မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့်အတူ တင်ပို့ရောင်းချသူများအသင်း နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့သည် ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်မှုကော်ပိုရေးရှင်း (PITC)၊ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ စက်ရုံနှင့်စက်မှုလုပ်ငန်းဗျူရိုတို့နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဒီဇင်ဘာလတွင် ကြက်သွန်နီ တန်ချိန်(၂၁,၀၀၀) တင်သွင်းဖွယ် ရှိကြောင်းကို စက်ရုံနှင့်စက်မှုလုပ်ငန်းဗျူရိုက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့တွင် အသိပေး ထုတ်ပြန်ခဲ့ပါသည်။

ခရစ္စမတ်ကာလအတွင်း ကြက်သွန်နီပြတ်လပ်မှုကို ရှောင်ရှားရန်နှင့် ဖြစ်ပေါ်လာနိုင်သော ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ကြက်သွန်နီပမာဏကို လုံလောက်စွာ တင်သွင်းမည် ဖြစ်ကြောင်း သိရှိရပါသည်။

ကြက်သွန်နီလက်ကျန်များကို ဈေးကွက်သို့ ဖြန့်ဝေပြီးဖြစ်သော်လည်း ကြက်သွန်နီဈေးသည် တစ်ကီလိုဂရမ်လျှင် ပီဆို(၁၀-၂၀)အထိ တက်ခဲ့ပါသည်။ မကြာမီတွင် ကြက်သွန်နီများကို လုံလောက်စွာ တင်သွင်းမည်ဖြစ်ပါသည်။ ဖိလစ်ပိုင်တွင် ကြက်သွန်နီတစ်ကီလိုဂရမ်လျှင် ပီဆို (၁၄၀-၁၈၀)အထိ ရရှိနေပြီး လာမည့် ရက်သတ္တပတ်များအတွင်း သွင်းကုန်များ ဝင်ရောက်လာမည် ဖြစ်သဖြင့် ဈေးနှုန်း ကျဆင်းဖွယ်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံသည် တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ နယ်သာလန် နှင့် နယူးဇီလန်နိုင်ငံတို့မှ ကြက်သွန်နီများကို တင်သွင်းလျက်ရှိပါသည်။

ယခုလက်ရှိတွင် အစိုးရချင်းသဘောတူညီမှုစာချုပ် (G-to-G)မှတဆင့် ဖိလစ်ပိုင်သို့ ကြက်သွန်နီတင်ပို့ခြင်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို (၂၉.၁၁.၂၀၂၃) ရက်နေ့က  ဖတ်ရှုခဲ့ရသည့်   Global   New   Light   of   Myanmar  ၏  သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ ရပါသည်။

Source https://www.gnlm.com.mm/myanmar-striving-for-onion-exports-to-philippines-through-g-to-g-pact/amp/

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန








ဆက်စပ် သတင်းများ